စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 16 May 2016

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၎

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၎
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အကူကြိယာတွေကို Stress လုပ်မယ်ဆိုလျှင် စကားလုံး အစီအစဉ်ကိုလည်း ပြောင်းနိုင်ပါတယ်
With stressed auxiliary verbs, word order can change .
..
Compare:
You have certainly grown.
(ဒါက certainly ဟာ grown ကို အထူးပြုထားတာ ဖြစ်တယ်)
.
You certainly HAVE grown!
(ဒီမှာတော့ certainly က have ကို အထူးပြုထားတာဖြစ်တယ် ၊ ဒါကြောင့် ဒီပုံစံက အကူကြိယာ have ကို stress လုပ်ဖို့ကောင်းတဲ့ ပုံစံ ဖြစ်ပါတယ် ၊ ၀ါကျတစ်ခုလုံးကို stress နဲ့ အထူးပြုချင်လျှင် ဒီပုံစံ ဖြစ်ရပါမယ်)
....................................................
(6) Weak and strong forms
တချို့သော အင်္ဂလိပ်စာလုံးများကတော့ stress လုပ်တဲ့အခါနဲ့ မလုပ်တဲ့အခါ အသံထွက် နှစ်မျိုး ရှိကြတယ်
Some English words - for example at, for, have, and, us - have two
pronunciations: one is used when they are not stressed, and the other when
they are. Compare:
.
I'm looking at / ət / you. (အာ့ထ်..ဆိုတဲ့သံနဲ့ နီးပါတယ်)
What are you looking AT / æt /? (အက်ထ် ဖက်ကို ပိုနီးပါတယ်)
at က ၀ါကျနောက်ဆုံးမှာ ဖြစ်လို့ ဖိရွတ်ရမယ် ။ အသံထွက်လည်း မတူပါဘူး ။
.
I was /waz/ late. (၀ါ့စ်..လိုမျိုး)
Yes, it was / wɒz /. (ဝေါ့ဇ်...လိုမျိုး)
was က ၀ါကျနောက်ဆုံး ရောက်သွားတဲ့အခါ ဖိသံ အသံပြင်း ဖြစ်သွားပါတယ်
...........................................................
(7) အကူကြိယာ အဖြစ်သုံးတဲ့အခါ နဲ့ အဓိက ကြိယာ အဖြစ်သုံးတဲ့အခါ မှာ အသံထွက်လည်း မတူတာကိုလည်း သတိထားပါ ။
Where have /av/ you been? (ဟာ့ဖ် အသံမျိုး)
What did you have /hæv/ for breakfast? (ဟက်ဖ် အသံမျိုး)
ဒီမှာက စားသည်ဆိုတဲ့ အဓိက ကြိယာအဖြစ်သုံးလို့ အကူကြိယာ အဖြစ်သုံးတဲ့ အသံထွက်နဲ့ မတူတာ ဖြစ်ပါတယ် ..
.....

အသံထွက်တွေကို မှန်အောင် မြန်မာလို ရေးပြဖို့က မဖြစ်နိုင်ပါဘူး ၊ မတူတဲ့ သဘောလောက်ကို ပေါ်လွင်စေဖို့ ရေးပြခဲ့ခြင်းသားဖြစ်ပါတယ် ။ မြန်မာလိုရေးတဲ့အသံထွက်တွေဟာ လွှဲချော်မှု ရှိနိုင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် သိစေချင်တာကတော့ ကျနော့်စေတနာသာ ဖြစ်ပါကြောင်း

မေတ္တာဖြင့်
Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
===================
အင်္ဂလိပ်-မြန်မာအဘိဓာန် - ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform