စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 7 May 2016

ယုံကြည်ချက်ရှိသူတိုင်းမှာ ပန်းတိုင်ရှိတယ်။

· ယုံကြည်ချက်ရှိသူတိုင်းမှာ ပန်းတိုင်ရှိတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ယုံကြည်ချက်ရှိသူတွင် ပန်းတိုင်ရှိပါတယ်
လူကို စိတ်က ဦးဆောင်ပါတယ်။
ထက်သန်တဲ့ စိတ်ရှိရင် ယင်း ထက်သန်တဲ့ စိတ်က မိမိရဲ့ လိုအင်ဆန္ဒကို ပြီးမြောက်ဆောင် ရွက်နိုင်အောင် ဆောင်ကြဉ်း ပေးပါတယ်။
အကယ်၍ သင်ဟာ ယနေ့တိုင် မအောင်မြင်ဘူး။ ကျရှုံးနေတယ်။ လမ်းပျောက်နေတယ်။ စိတ်ဓာတ်ကျနေတယ် အစရှိသဖြင့် ဒုက္ခအခက်အခဲအမျိုးမျိုးနဲ့ ကြုံနေခြင်းဟာ ထက်သန်တဲ့ စိတ်ရဲ့ လှုံ့ဆော်မှု လိုအပ်နေသေးလို့ ဖြစ်ပါတယ်။

မိတ်ဆွေ သူငယ်ချင်းများမှာလည်း ရှိပါတယ်။
အလုပ်ကိစ္စ တစ်ခုခုကိုပဲ လုပ်ရ လုပ်ရ၊ တစ်ခုခုကိုပဲ လိုချင်လိုချင် ဖြစ်ချင် ဖြစ်ချင်၊ သူတို့ဟာ ဖြစ်ချင်တယ် ရချင်တယ် ဆိုတဲ့ နေရာမှာသာ စိတ်က ရပ်သွားပါတယ်။ အဲ့ဒီထက် ရှေ့ဆက် မတိုး ပါဘူး။ ယင်းကြောင့်ပဲ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးပါသေးတယ်။
ဒါကြောင့်မို့ ယင်းရဲ့ ဆန့်ကျင်ဘက် အနေနဲ့ ယုံကြည်ချက် ပြည့်ဝသူဟာ ပန်းတိုင်ကို သိတယ်။
ရည်မှန်းချက် ရှိတယ်။ ကြိုးစားတယ်။ ကြိုးစား သလောက်လည်း နေရာ တစ်ခုကို ရောက်အောင်သွားနိုင်တယ်။
ဒါကြောင့်မို့ သာမန်လူတွေလို ဘဝကို ရပ်တည် မနေပဲ ဘဝမှာ အလုပ်ကောင်း၊ ရည်မှန်းချက်ကောင်းများ ထားလို့ အသက်ရှင် နေထိုင်ကြဖို့ တိုက်တွန်း လိုက်ရ ပါတယ်။
ယုံကြည်ချက်မပျောက်ဖို့ တော့ လိုပါတယ်
ရွှေအိမ်စည်
More Interesting Articles ;
https://web.facebook.com/shweaeimsiyouth/?fref=nf

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform