စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 16 May 2016

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၃

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၃
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ပုံမှန်အားဖြင့် ဖိရွတ်ဖို့ မလိုတဲ့ အကူကြိယာ လေးတွေကို ဖိရွတ်လိုက်တဲ့အခါ အဲဒီဝါကျတစ်ခုလုံးကို အသားပေးပြောဆိုရာ ရောက်ပါသတဲ့ ။ ၀ါကျတွေက တစ်ခုထက်ပိုပြီး အများကြီး ရှိတဲ့အခါ .. အဲဒီ အကူကြိယာကို ဖိရွတ်လိုက်တဲ့ ၀ါကျဟာ ကျနော်တို့ အသားပေး ပြောချင်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားပြီပေါ့
When we want to give a sentence positive emphasis in English, we normally put stress on the auxiliary verb (including the normal use of the verb BE).
.
ဥပမာ :
She IS happy.
I WILL finish my homework. I promise.
.
အကူကြိယာကို ဖိရွတ်ရမှာဆိုတော့ သူ့ကို အတိုကောက် ပုံစံနဲ့ သုံးလို့ မရတော့ဘူးနော်
Notice that if we want to stress the auxiliary, we cannot contract it. For example in the first emphatic sentence we see "She is", not "she's".
She's happy. ဆိုလျှင် IS ကို ဖိရွတ်လို့ မရတော့ဘူး ။ ဒါကြောင့် အသားပေးတဲ့ပုံစံမှာ သုံးလို့ မရပါဘူး ။
.
ကဲ..အဲသည်တော့ တကယ်လို့များ ရှီ(စ်)ဟက်ပီ လို့ မထွက်ပဲ ရှီ “အစ်(စ်)” ဟက်ပီ .. လို့များကြားရလျှင် တောကျတာလား ၊ တကယ်သိလို့ အသားပေးပြောချင်တာလားဆိုတာ ခွဲရခက်သွားပါပြီ ။
tongue emoticon

.............................................................
(4) အကူကြိယာ မပါတဲ့ ၀ါကျတွေမှာတော့ အဲဒီ အသားပေးတဲ့ သဘောကို ရဖို့အတွက် V-do ကို ပေါင်းထည့်ရပါတယ် ၊ V-do ကို stress ဖြင့် ရွတ်ဆိုရပါမယ် ။
In emphatic sentences without auxiliary verbs we add do to carry stress.
ဥပမာ ..
DO sit down.
She DOES like you. စသည်ဖြင့် ရှိပါတယ်
.
ကျနော်တို့ သိလိုက်ရတဲ့ အချက်ကတော့ do ထည့်ရခြင်းဟာ stress လုပ်ဖို့အတွက်ဆိုတဲ့ အချက်တစ်ခုပါပဲ ။ do ထည့်တာနဲ့ဘာလို့ emphasis ဖြစ်သွားတာလဲ ဆိုတဲ့အချက်ကိုလည်း ရှင်းပြဖို့ လုံလောက်သွားပါပြီ ။ အခြား အကူကြိယာ တစ်ခုခု ပါပြီးနေလျှင် do ထည့်ဖို့ မလိုတော့ဘူး ဆိုတာလည်း သိနိုင်လောက်ပါပြီနော်
..
ဒီနေရာမှာ တစ်ခုကွဲပြားစေချင်တာက Main verb ကို stress လုပ်တာနဲ့ ၀ါကျ တစ်ခုလုံး အကျုံးဝင်စေတဲ့ Auxiliary verb ကို stress လုပ်တာ မတူပါဘူး ..
ဆိုပါစို့
SIT down. (ထိုင်ပဲထိုင်ပါ ၊ ရပ်မနေပါနဲ့) ..ဆိုတဲ့သဘောမျိုးဖြစ်ပြီး
DO sit down. (ထိုင်ဖြစ်လောက် ထိုင်လိုက်ပါဗျာ ၊ ထိုင်စေချင်လို့ပါ ) ဆိုတဲ့သဘောဖြစ်ပါတယ်

အသံထွက်တွေကို မှန်အောင် မြန်မာလို ရေးပြဖို့က မဖြစ်နိုင်ပါဘူး ၊ မတူတဲ့ သဘောလောက်ကို ပေါ်လွင်စေဖို့ ရေးပြခဲ့ခြင်းသားဖြစ်ပါတယ် ။ မြန်မာလိုရေးတဲ့အသံထွက်တွေဟာ လွှဲချော်မှု ရှိနိုင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် သိစေချင်တာကတော့ ကျနော့်စေတနာသာ ဖြစ်ပါကြောင်း

မေတ္တာဖြင့်
Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
===================
အင်္ဂလိပ်-မြန်မာအဘိဓာန် - ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform