စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 16 May 2016

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၂

အသံထွက်မရသူများအတွက်...အထူးလက်ဆောင်-၂
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဝါကျတွေမှာ stress ကို နေရာပြောင်းတဲ့အခါ
.........................................................
ရေးပြီဆိုမှတော့ တော်တော်လေးရောက်အောင် ရေးလိုက်ချင်တဲ့အတွက် တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ် ၊ အတော်အသင့် လေ့လာသူအဆင့်မှာတော့ မလိုအပ်သေးပါဘူး ။ သိချင်သူများ အတွက်တော့ သိဖို့ကောင်းတဲ့ ဗဟုသုတဆိုတာ ပိုတယ်မရှိပါဘူး ။
.
ဝါကျထဲမှာ ရှိတဲ့ ဖိပြီးရွတ်ဆိုရမယ့် စကားလုံးတွေ (content/lexical words) နဲ့ ဖော့ပြီးရွတ်ဆိုရမယ့် စကားလုံးတွေ (structure/function words) အကြောင်းကို ပြောခဲ့သလို ၊ ဖိသံတစ်ခုနဲ့တစ်ခုကြား အချိန်အတိုင်းအတာ ညီတူဖြစ်သင့်တယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့ပါတယ် ။ ဆက်လက်ပြီး ယေဘူယျ စည်းစနစ်လေးတွေကို ပြောပါရစေ..
...
(1) ၀ါကျထဲက အရေးကြီးတဲ့စကားလုံး .. ကျနော်တို့ အသားပေးပြီး ပြောချင်တဲ့စကားလုံးကို ဖိပြီးရွတ်ဆိုရပါမယ် ။ နောက်တစ်ချက်ကတော့ ၀ါကျတစ်ခုရဲ့ နောက်ဆုံးဖိသံကို အမြင့်ဆုံး အကျယ်ဆုံး ဖိပြီး ရွတ်ဆိုရမှာ ဖြစ်ပါတယ် ။ The most important words in the sentence receive stronger stress. The last stressed word in the sentence receives the strongest stress.
.
နမူနာကြည့်ပါ
.
DOES she LIKE the /BOOK?
( Book ဆိုတဲ့စာလုံးဟာ နောက်ဆုံးဖိသံ ဖြစ်တဲ့အတွက် အမြင့်ဆုံးဖြစ်ရပါမယ် ၊ like မှာရွတ်ဆို တုန်းကထက် အသံပိုမြင့်ရမယ်လို့ ဆိုလိုပါတယ်)
.
WHAT BOOK is she \READing?
(ဒီမှာကတော့ reading ကို အမြင့်ဆုံးရွတ်ဆိုရမှာ ဖြစ်ပေမယ့် မူလ verb ဖြစ်တဲ့ read ကိုသာ မြင့်ရမှာဖြစ်ပြီး ---ing ကိုတော့ မြှင့်ဆိုဖို့ မလိုပါဘူး )
...................................................
(2) ဖိပြီးရွတ်ဆိုသံတွေက အဓိပ္ပါယ်ကို ဘယ်လိုပြောင်းလဲသွားစေသလဲ ကြည့်ပါဦး
Changes in stress can affect the meaning of a sentence. Compare:
..
1. John is leaving Paris NEXT WEEK. (Emphasize the time)
( အချိန်ကို အသားပေးပြီး ပြောတဲ့သဘော)
.
2. John is leaving PARIS next week. (Emphasize the place)
(နေရာကို အသားပေးပြီး ပြောတာ)
.
3. John is LEAVING Paris next week. (Emphasize the action)
(လုပ်ဆောင်မှုကို အသားပေးတာ)
.
4. John IS leaving Paris next week. (Emphasize the truth)
( ဖြစ်ရပ်ကို ပေါ်လွင်စေချင်တာ)
.
5. JOHN is leaving Paris next week. (Emphasize the person)
(JOHN ကို ပေါ်လွင်စေချင်တာ)
..
တစ်ခါ အသားပေးတော့ ဘာထူးသွားလဲ .. ဘယ်လို ဖြစ်သွားလဲဗျာလို့ မရှင်းလျှင် နမူနာထပ်ကြည့်ပါဦး Oxford Practical English Usage စာအုပ်ထဲကပါ ၊ စာကြောင်းကပေးတဲ့ မူလအဓိပ္ပါယ်အပြင် stress က ပေးတဲ့ အဓိပ္ပါယ်တွေလည်း ရှိလာပါတယ် ။
.
1. JANE phoned me yesterday. (Not somebody else.)
(တစ်ခြားသူဆက်တာ မဟုတ်ဘူး Jane ဆက်တာ)
.
2. Jane PHONED me yesterday. (She didn’t come to see me.)
(သူမက ဖုန်းပဲဆက်တာ ၊ လာမတွေ့ဘူး)
.
3. Jane phoned ME yesterday . (She didn't phone you.)
(Jane က ကျနော့်ကို ဖုန်းဆက်ခဲ့တာ ၊ ခင်ဗျားကို မဟုတ်ဘူး)
.
4. Jane phoned me YESTERDAY. (Not today.)
(မနေ့က ဖုန်းဆက်တာဗျ ၊ ဒီနေ့ မဟုတ်းဘူးရယ်)
............
ဒီလောက်ဆို stress ကိုသုံးပြီး emphasis လုပ်တတ်လောက်ပါပြီ

အသံထွက်တွေကို မှန်အောင် မြန်မာလို ရေးပြဖို့က မဖြစ်နိုင်ပါဘူး ၊ မတူတဲ့ သဘောလောက်ကို ပေါ်လွင်စေဖို့ ရေးပြခဲ့ခြင်းသားဖြစ်ပါတယ် ။ မြန်မာလိုရေးတဲ့အသံထွက်တွေဟာ လွှဲချော်မှု ရှိနိုင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် သိစေချင်တာကတော့ ကျနော့်စေတနာသာ ဖြစ်ပါကြောင်း

မေတ္တာဖြင့်
Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
===================
အင်္ဂလိပ်-မြန်မာအဘိဓာန် - ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform