စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 14 July 2017

အမျိုးသမီး တိုင်း လျစ်လျူမရှုသင့်တဲ့ ကင်ဆာလက္ခဏာရပ်တွေ

အမျိုးသမီး တွေဟာ ကင်ဆာ နဲ့ ပတ်သတ်လို့ ပုံမှန်စစ်ဆေးပေးသင့်ပါဘူး။ အမျိုးသမီး တွေမှမဟုတ်ပါဘူး လူတိုင်းလည်း ကင်ဆာ နဲ့ပတ်သတ်လို့ သတိရှိ နားလည်နေသင့်ပါဘူး။ ပုံမှန် စစ်ဆေးမှု လုပ်တာက ပိုပြီးကောင်းမွန်ပါတယ်။ ကျွန်မတို့ ခန္တာကိုယ်မှာ အခုအောက်မှာ ဖော်ပြတဲ့ လက္ခဏာရပ်တွေကို မျှဝေပေးချင်ပါတယ်။ ခါးနာခြင်း မကြာခဏဆိုသလို ပုံမှန်ဟုတ် အကြောင်းပြချက်မရှိဘဲ ခါးနာ တာဟာ အသည်းကင်ဆာနဲ့ ဆက်စပ်နေတတ်ပါတယ်။ အသည်းကင်ဆာဖြစ်နေတဲ့ လူနာ တွေဟာ ခါးနာတတ်ပါတယ်။ ဒါပေမယ့် အသည်းကင်ဆာဟာ ခါးနာတာတစ်ခုတည်းနဲ့ ဆက်စပ်နေတာတော့မဟုတ်ပါဘူး။ ရင်သားကင်ဆာကလည်း တခါတလေ ခါးနာ တာနဲ့ ဆက်စပ်နေပါတယ်။ လက်သည်း အရောင် ပြောင်းလာခြင်း လက်သည်း တွေ အရောင် ပြောင်းလာပြီဆိုရင် မပေါ့သင့်ပါဘူး။ အရောင် အရမ်းဖျော့တာ အရမ်းဖြူတာမျိုးဆိုရင် အသည်းကင်ဆာနဲ့ ဆက်စပ်နေပြီး အညိုရောင် အမည်းရောင်ဖြစ်ရင်တော့ အရေပြားကင်ဆာ နဲ့ ဆက်စပ်နေနိုင်ပါတယ်။ လက်သည်းမှိုတက်တာ ကောက်ကောက်ကြီးဖြစ်လာတာမျိုးဆိုရင်တော့ အဆုတ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ မျက်နှာရောင်ခြင်း အဆုတ်ကင်ဆာ လူနာ တော်တော်များများက မျက်နှာရောင်တာ မျက်နှာနီတာမျိုးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဆုတ်ကင်ဆာအကျိတ်ဟာ ရင်ဘတ်နားက သွေးကြောတွေကို ပိတ်ထားပြီး မျက်နှာအတွင်း သွေးစီးဆင်းမှုကို ကန့်သတ်ထားလို့ဖြစ်ပါတယ်။ အသားအရေ မှာ အနာဖုပေါက်ခြင်း အသားအရေ မှာ အနာဖု တွေပေါက်တယ်ဆိုရင် အရေပြားကင်ဆာ နဲ့ ဆက်စပ်နေပါတယ်။ နို့သီးခေါင်း အရောင်ပြောင်းလာခြင်း အရည်ကြည်ထွက်ခြင်း နို့သီးခေါင်း အရောင်ပြောင်းလာတာ အရည်ကြည်ထွက်တာမျိုးဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ချေရှိပါတယ်။ ရင်သားနီခြင်း ရောင်ခြင်း နာခြင်း အကြိတ်စမ်းမိခြင်း အဲဒီလိုလက္ခဏာမျိုးဆိုရင်လည်း ရင်သားကင်ဆာ နဲ့ ဆက်စပ်နေပါတယ်။ အသက်ရှုကျပ်ခြင်း အသက်ရှုကျပ်တာက အဆုတ်ကင်ဆာနဲ့ ဆက်စပ်ပါတယ်။ နာတာရှည်ချောင်းဆိုးခြင်းနဲ့ ရင်ဘတ်နာခြင်း နာတာရှည်ချောင်းဆိုရင်တော့ ကျူမာ နဲ့ သွေးကင်ဆာတို့နဲ့ ကင်ဆာနေပါတယ်။ ရင်ဘတ်နာတယ်ဆိုရင်လည်း အဆုတ်ကင်ဆာနဲ့ ဆက်စပ်ပါတယ်။ မကြာခဏဖျားခြင်း မကြာခဏဆိုသလို ဖျားတာမျိုးဆိုရင် သွေးကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ သွေးဆဲလ်တွေမှာ ရောဂါကူးစက်ခံရရင် ခန္တာကိုယ်ထဲက စွမ်းအင်တွေကို ဖယ်ထုတ်ပစ်လိုက်လို့ပါ။ ဆရာဝန်ဆီအရင်သွားသင့်ပါတယ်။ မျိုချဖို့ခက်ခဲခြင်း ချောင်းဆိုနေတာက ပြဿနာမဟုတ်ပေမယ့် တစ်ခုခုကို မျိုချဖို့ခက်ခဲတယ်။ တံထွေးတို့ကိုတောင် မျိုချလို့မရဘူးဖြစ်နေရင်တော့ လည်ပင်ကင်ဆာ (သို့) အဆုတ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ ပုံမှန်ဟုတ်တဲ့ အညိုအမည်းစွဲခြင်း သွေးထွက်တာမရပ်ခြင်း သွေးကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ သွေးကင်ဆာဆဲလ်တွေဟာ သွေးနီဆဲလ်တွေထက် ပိုပြီးများနေတဲ့အခါ ဖြစ်နိုင်ပါတယ်။ သားအိမ်ကင်ဆာ အမျိုးသမီး တွေအဖြစ်များတဲ့ ရောဂါတစ်ခုပါ။ နုံးချည့်ညောင်းညာခြင်း၊ တင်ပဆုံနာကျင်ကိုက်ခဲခြင်း၊ ၀မ်းဗိုက်ဖောင်းခြင်း၊ ခါးအောက်ပိုင်းကြာရှည်ကိုက်ခဲခြင်း၊ ပုံမမှန်သွေးဆင်းခြင်း၊ မိန်းမကိုယ်မှာ အနာဖြစ်ခြင်း၊အရည်ကြည်ဖြစ်ခြင်း၊ ပုံမမှန်အရည်တွေဆင်းခြင်း စတဲ့လက္ခဏာရပ်တွေဆိုရင် Ultrasound ရိုက်သင့်ပါတယ်။ သားအိမ်ကင်ဆာ ဖြစ်နိုင်ချေရှိပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်း ဘာမှမလုပ်ဘဲ ရုပ်တရက်ဆိုသလို ပင်ပန်းနွမ်းနယ်နေတာမျိုး မကြာခဏဖြစ်တတ်ရင် ကင်ဆာနဲ့ဆက်စပ်နေပါတယ်။ ကိုယ်အလေးချိန် မူမမှန်ခြင်း ရုတ်တရက် ကိုယ်အလေးချိန် အများကြီးကျဆင်းတာက ကောင်းတဲ့ လက္ခဏာ တစ်ခုမဟုတ်ပါဘူး။ အစာချေလမ်းကြောင်းဆိုင်ရာ ကင်ဆာ ဖြစ်နိုင်ပါတယ်။ sources: guardianofhealth.com Credit: Myfoodmyanmar

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform