စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 14 July 2017

အမျိုးသားသွေးဌာနအနေနှင့် သွေးမှောင်ခို ရောင်းသူများ ရှာဖွေဖော်ထုတ်ရန် ခက်ခဲဟုဆို

အမျိုးသားသွေးဌာနအနေနှင့် လစဉ် လှူဒါန်းမှုများမှ ရရှိသော သွေးယူနစ် ၈၀ဝ၀ ကျော်ကို အစိုးရဆေးရုံကြီးများဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး (ရန်ကုန်)၊ ခုတင် ၅၀ဝ ဆံ့ အထူးကု ဆေးရုံကြီး၊ ကြည့်မြင်တိုင် အရိုးဆေးရုံကြီး၊ အလုပ်သမား ဆေးရုံကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး၊ ဝေဘာဂီ အထူးကုဆေးရုံကြီး၊ သာကေတ အထူးကုဆေးရုံ၊ မင်္ဂလာဒုံ အထူးကု ဆေးရုံ၊ အောင်ဆန်းတီဘီဆေးရုံနှင့် ဇီဝိတ ဒါနသံဃာ့ဆေးရုံကြီးများသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ အဆိုပါ သွေးမှောင်ခို ဈေးကွက် ပေါ်ပေါက်မှုသည် စီမံအုပ်ချုပ်ခွင့်ရှိသော ဆေးရုံကြီးများရှိ ဆေးရုံအုပ်ကြီးများနှင့်သာ အဓိက သက်ဆိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနထံမှ သိရသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် သွေးနှင့်ပတ်သက်၍ အလှူခံသော သွေးလှူဘဏ်ကို အမျိုးသားသွေးဌာန၏ စီမံအုပ်ချုပ်မှုအောက်တွင် တစ်ခုတည်းသာ ဖွင့်လှစ်ထားခဲ့ပြီး လက်ရှိအချိန်အထိ ပုဂ္ဂလိက ဆေးရုံများအား သွေးလှူဘဏ် တည်ထောင်ခွင့်ကို ခွင့်ပြုထားခြင်းမရှိဘဲ လိုအပ်သော သွေးပမာဏအလိုက် အမျိုးသား သွေးဌာနနှင့် ညှိနှိုင်းရယူနိုင်ရန် စီစဉ်ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနထံမှ သိရသည်။ “လူတစ်ယောက်ရဲ့ အသွေးအသားက ဖြစ်တည်နေတဲ့သွေးကို မှောင်ခိုအသွင်နဲ့ ရောင်းချနေတာမျိုးက လုံးဝ မဖြစ်သင့်ဘူး။ အချိန်မဆွဲဘဲ အစိုးရက စောင့်ကြည့်အရေးယူဖို့ လုပ်စေချင်တယ်”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်ပြောဆိုသည်။ သွေးမှောင်ခိုဈေးကွက်တွင် သွေး အမျိုးအစားအလိုက် ရှားပါးသော AB သွေးမှာ ကျပ်တစ်သိန်းခွဲအထိ ဈေးပေါက် လျက်ရှိပြီး အိုသွေး၊ ဘီသွေးနှင့် အေသွေးများကို ကျပ်တစ်သိန်းနှုန်းခန့်ဖြင့် တရားမဝင် ရောင်းချနေကြောင်း၊ အဆိုပါ မှောင်ခိုရောင်းချနေသောအဖွဲ့မှာ ဆေးရုံများနှင့် အဝင်အထွက်ရှိသည့် ပရဟိတအသင်းအဖွဲ့ သဏ္ဌာန်ရှိပြီး ရောင်းချမည့်သွေးများကို တိုက်ရိုက် မရောင်းဘဲ တစ်ဆင့်ခံဖြင့် သွေးပုလင်းကို အပေးအယူပြုလုပ်ကြောင်း သွေးဝယ်ခဲ့ဖူးသူ အမျိုးသားတစ်ဦးက ပြောကြားထားသည်။ အမျိုးသားသွေးဌာနအနေနှင့် လစဉ် လှူဒါန်းမှုများမှ ရရှိသော သွေးယူနစ် ၈၀ဝ၀ ကျော်ကို အစိုးရဆေးရုံကြီးများဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး (ရန်ကုန်)၊ ခုတင် ၅၀ဝ ဆံ့ အထူးကု ဆေးရုံကြီး၊ ကြည့်မြင်တိုင် အရိုးဆေးရုံကြီး၊ အလုပ်သမား ဆေးရုံကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး၊ ဝေဘာဂီ အထူးကုဆေးရုံကြီး၊ သာကေတ အထူးကုဆေးရုံ၊ မင်္ဂလာဒုံ အထူးကု ဆေးရုံ၊ အောင်ဆန်းတီဘီဆေးရုံနှင့် ဇီဝိတ ဒါနသံဃာ့ဆေးရုံကြီးများသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ အဆိုပါ သွေးမှောင်ခို ဈေးကွက် ပေါ်ပေါက်မှုသည် စီမံအုပ်ချုပ်ခွင့်ရှိသော ဆေးရုံကြီးများရှိ ဆေးရုံအုပ်ကြီးများနှင့်သာ အဓိက သက်ဆိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနထံမှ သိရသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် သွေးနှင့်ပတ်သက်၍ အလှူခံသော သွေးလှူဘဏ်ကို အမျိုးသားသွေးဌာန၏ စီမံအုပ်ချုပ်မှုအောက်တွင် တစ်ခုတည်းသာ ဖွင့်လှစ်ထားခဲ့ပြီး လက်ရှိအချိန်အထိ ပုဂ္ဂလိက ဆေးရုံများအား သွေးလှူဘဏ် တည်ထောင်ခွင့်ကို ခွင့်ပြုထားခြင်းမရှိဘဲ လိုအပ်သော သွေးပမာဏအလိုက် အမျိုးသား သွေးဌာနနှင့် ညှိနှိုင်းရယူနိုင်ရန် စီစဉ်ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနထံမှ သိရသည်။ “လူတစ်ယောက်ရဲ့ အသွေးအသားက ဖြစ်တည်နေတဲ့သွေးကို မှောင်ခိုအသွင်နဲ့ ရောင်းချနေတာမျိုးက လုံးဝ မဖြစ်သင့်ဘူး။ အချိန်မဆွဲဘဲ အစိုးရက စောင့်ကြည့်အရေးယူဖို့ လုပ်စေချင်တယ်”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်ပြောဆိုသည်။ သွေးမှောင်ခိုဈေးကွက်တွင် သွေး အမျိုးအစားအလိုက် ရှားပါးသော AB သွေးမှာ ကျပ်တစ်သိန်းခွဲအထိ ဈေးပေါက် လျက်ရှိပြီး အိုသွေး၊ ဘီသွေးနှင့် အေသွေးများကို ကျပ်တစ်သိန်းနှုန်းခန့်ဖြင့် တရားမဝင် ရောင်းချနေကြောင်း၊ အဆိုပါ မှောင်ခိုရောင်းချနေသောအဖွဲ့မှာ ဆေးရုံများနှင့် အဝင်အထွက်ရှိသည့် ပရဟိတအသင်းအဖွဲ့ သဏ္ဌာန်ရှိပြီး ရောင်းချမည့်သွေးများကို တိုက်ရိုက် မရောင်းဘဲ တစ်ဆင့်ခံဖြင့် သွေးပုလင်းကို အပေးအယူပြုလုပ်ကြောင်း သွေးဝယ်ခဲ့ဖူးသူ အမျိုးသားတစ်ဦးက ပြောကြားထားသည်။ လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် အမျိုးသားသွေးဌာနသို့ လစဉ် တောင်းခံသော သွေးယူနစ်စာရင်းအရ သွေးယူနစ်ပေါင်း ၅၅၆၈ အနက်မှ အမှန်တကယ် သုံးစွဲမှုမှာ သွေးယူနစ် ၄၃၆၄ ခန့်သာရှိခြင်းကြောင့် ကျန်ရှိသော သွေးယူနစ် ၁၂၀၄ ခန့်မှာ အရေးပေါ် လိုအပ်လျှင် သုံးစွဲနိုင်ကြောင်း၊ ထို့အပြင် ဗဟို အမျိုးသမီး ဆေးရုံကြီးကလည်း လစဉ် တောင်းခံသော သွေးယူနစ်ပေါင်း ၁၅၅၀ ပမာဏရှိပြီး အမှန်တကယ် သုံးစွဲမှု စာရင်းအရ သွေးယူနစ်ပေါင်း ၃၆၂ ယူနစ်ခန့်သာ ရှိနေကြောင်း အဆိုပါ ဆေးရုံကြီးများ၏ လူနာများအတွက် သုံးစွဲနေသော သွေးယူနစ်ဆိုင်ရာ အချက်အလက်များအရ သိရသည်။ Credit : The Voice

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform