စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 14 July 2017

သွေးစစ်ရင်းနဲ့သိနိုင်တဲ့ အံ့သြစရာအချက်တွေ

ကျန်းမာရေး လိုအပ်ချက် အရ သွေးစစ်ဆေးတဲ့ အတွေ့ အကြုံကတော့ လူတိုင်းလိုလိုမှာ ရှိဖူးကြမှာပါ။ မတူညီတဲ့ ရည် ရွယ်ချက်အမျိုးမျိုးနဲ့ သွေးစစ်လေ့ ရှိပြီး သွေးစစ်ရင်းနဲ့သိနိုင်တဲ့ အံ့သြစရာအချက်တွေနဲ့ ပတ် သက်ပြီး သိရှိသူတော့နည်းပါ တယ်။ ဘယ်လိုအချက်တွေက သင့်ကို အံ့အားသင့်စေမလဲဆိုရင် ဇီဝ အသက် ကိုသိနိုင်ခြင်း – မွေး ဖွားတဲ့နေ့ကစပြီး ရေတွက်တဲ့ အသက်မဟုတ်ဘဲ ကိုယ်တွင်း အင်္ဂါတွေနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝ အသက် ကို သိနိုင်ပါတယ်။ မွေး သက္ကရာဇ်အရ (၅၄)နှစ်ရှိပြီဆိုရင် ဇီဝအသက်က (၄၉)နှစ်ခန့်ရှိပြီဆို တာမျိုးပဲ ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေရှိ၊ မရှိသိနိုင်ခြင်း – ဆေးမတိုးတဲ့ ဦးနှောက်ရောဂါတစ်မျိုးဖြစ်တဲ့ အယ်လ်ဇိုင်းမားရောဂါဟာ စိတ် ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးမှုတွေ နဲ့ စိတ်ဖောက်ပြန်မှုတွေကနေ ၇၀ ရာခိုင်နှုန်းလောက် ဖြစ်နိုင်စွမ်းရှိ ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ၁၀ နှစ်တွင်း ဖြစ်နိုင်၊ မဖြစ်နိုင်ကို သွေးကနေတစ်ဆင့် သိနိုင်တယ် လို့ သုတေသနပြုချက်က ဆိုထား ပါတယ်။ ရေဓာတ်ကုန်ခန်းမှု အဆင့်ကို သိနိုင်ခြင်း – ရေအသောက်နည်း တာကြောင့် ခန္ဓာကိုယ် ရေဓာတ် ကုန်ခန်းတာဟာ သက်ကြီးရွယ်အို ၂၀ ရာခိုင်နှုန်းလောက် ကြုံတွေ့ နေရပါတယ်။ သွေးစစ်ရင်းနဲ့ ရေ ဓာတ်ခန်းမှု အနေအထားကိုသိ ပြီး ကြိုတင်ကုသမှုတွေလုပ်နိုင်ပါ တယ်။ စိတ်မရွှင်ပျမှု၊ စိတ်ဖိစီးမှု ကိုသိနိုင် ခြင်း – သွေးထဲမှာပါတဲ့ ကွဲပြား ခြားနားတဲ့ ဓာတုပစ္စည်းတစ်မျိုးက ပျော်ရွှင်မှုဆိုင်ရာ ဟော်မုန်းတွေ လျော့ကျနေတယ်ဆိုတာ ဖော် ထုတ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပ မာဏကိုသိနိုင်ခြင်း – နေထိုင်မကောင်းတဲ့အခါမှာ ခန္ဓာကိုယ် က ထုတ်လွှတ်လိုက်တဲ့ ပဋိ ဇီဝပစ္စည်း တွေဟာ သွေးထဲမှာပါ လာတာမို့ ဗိုင်းရပ်စ်ပမာဏ ဘယ် လောက်ရှိနေတယ်ဆိုတာကို သိ ရှိပြီး ထိရောက်တဲ့ ကုသမှုပေးနိုင် မှာဖြစ်ပါတယ်။ အရက်စွဲမှုရှိ၊ မရှိသိနိုင်ခြင်း – သွေးထဲမှာပါတဲ့ PEth ဆိုတဲ့ ဓာတုပစ္စည်း တစ်မျိုးကြောင့် အရက်စွဲရောဂါ ဘယ်လောက် အခြေအနေအထိ ရောက်နေပြီဆို တာ ဖော်ထုတ်ပေးနိုင်ပါတယ်။ စိတ်ဖိစီး မှုသိနိုင်ခြင်း – စိတ်ဖိစီးမှု များနေချိန်မှာ ခန္ဓာကိုယ် က အထူ ပရိုတိန်းဓာတ်တစ်မျိုး ထုတ်လွှတ် တာမို့ သွေးထဲမှာ အဲဒီဓာတ်ပါနေ ရင် စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်ဖိစီးမှု တွေ ရှိနေတယ်ဆိုတာ သိ နိုင်ပါတယ်။ —Ref: stylecraz Credit : 7Day News Journal

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform