စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)
ပင်မစာမျက်နှာ
ဗဟုသုတ
ဘုရားသမိုင်း
တရားဒါန
ပညာရေး
ကျန်းမာရေး
နည်းပညာ
ကဗျာများ
စီးပွား/စီမံ
ဘလော့ပိုစ်များ
ဟင်းချက်နည်း
ထူးခြားဆန်းပြား
mp3 သီချင်းများ
ဟာသလွင်ပြင်
စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန
Tuesday 18 September 2018
ကြက်​တူ​ရွေး
http://moziru.com/images/parrot-clipart-animated-gif-7.gif
ကြက်တူရွေး အရောင်းဆိုင်တစ်ဆိုင်ကို လူတစ်ယောက် ၀င်လာတယ်။ ဆိုင်မှာ အထူးခြားဆုံးက လူစကားပြောတတ်တဲ့ ကြက်တူရွေး တစ်ကောင်ရှိတယ် လို့သူကြားထားတယ် ။ ဆိုင်ရှင်ကလည်း ဒီထူးခြားတဲ့ ကြက်တူရွေးကို တခြားအကောင်တွေနဲ့တောင်မထားပဲ သီးသန့်ထားထားတယ်။ လှောင်အိမ်နဲ့မထားဘဲ လွတ်လပ်ခွင့် ပေးထားတယ် ။ အဲ…........နောက်တစ်ခု ထူးးဆန်းတာက သူကပျံမသွားဘူး ။ ၀င်၀င်လာချင်းမှာပဲ သူကအစွမ်းပြတယ် ။ “ ဧည့်သည်လာတယ် ” ( သတိ !! ကြက်တူရွေးအသံဖြင့် ဖတ်ရန် )အဲ့ဒီလူ တော်တော် ဖြုံသွားတယ် ။ ဒါနဲ့သ ူစိတ်၀င်စားလာပြီး ဆိုင်ရှင်ကို မေးကြည့်တော့ ဆိုင်ရှင်က “ သူ့ရဲ့ ဘယ်ခြေထောက်ကို ဆွဲရင် “ မင်္ဂလာပါ ” ညာခြေထောက်ကိုဆွဲရင် “ ကျေးဇူးအများကြီးတင်ပါတယ် ” လု့ိ ပြောတတ်သေးတယ် လည်းပြောရော အဲလူက ဘယ်ခြေကိုဆွဲကြည့်တယ် “ မင်္ဂလာပါ ” အဲ…….မဆိုးဘူးပဲ။ ညာခြေကိုဆွဲကြည့်တယ် “ ကျေးဇူးအများကြီးတင်ပါတယ် ” ဟ!! အဲလိုနဲ့ ဆော့ကောင်းကောင်းနဲ့ ရှေ့ပေါက်က၀င်လိုက် ဘယ်ခြေလေးကိုဆွဲလိုက် နောက်ပေါက်က၀င်လိုက် ညာခြေလေးကို ဆွဲကြည့်လိုက် လုပ်ရင်းက တအားကိုသိချင်တာ တစ်ခုရှိလာတယ် ။ ဘယ်ခြေနဲ့ညာခြေကို ဆွဲတာတော့့ ဟုတ်ပါပြီပေါ့ ၊ တကယ်လို့များ ခြေထောက်နှစ်ချောင်းလုံးကို တစ်ပြိုင်တည်းဆွဲ ကြည့်ရင်ရောဘယ်လိုနေမလဲ ဆိုတာသိချင်လာတယ်။ ဒါနဲ့ပဲ ဆိုင်ရှင်အလစ်မှာ ခြေထောက်နှစ်ချောင်းလုံးကို စုံဆွဲလိုက်တယ် ။ ကြက်တူရွေးက စိတ်ဆိုးမာန်ဆိုးနဲ့ အော်တာက “ ခင်ဗျား ကျုပ်ကို သေကြောင်းကြံနေတာလားဗျ ”တဲ့ ………………................................................ပြီးပါပြီ။
ရွှေအိမ်စည်
0 comments:
Post a Comment
.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙
foxyform