စာမ်ားကို ျမန္မာ အကၡရာျဖင္႔ရွာေဖြရန္* အမ်ားအက်ိဳးျပဳျခင္းျဖင့္ေပ်ာ္ရႊင္မွုရပါေစ...။ (မည္သူမဆို မွ်ေ၀ယူနိုင္ပါသည္- ေရႊအိမ္စည္)

ပင္မစာမ်က္ႏွာ

ဗဟုသုတ

ဘုရားသမိုင္း

တရားဒါန

ပညာေရး

က်န္းမာေရး

နည္းပညာ

ကဗ်ာမ်ား

စီးပြား/စီမံ

ဘေလာ့ပိုစ္မ်ား

ဟင္းခ်က္နည္း

ထူးျခားဆန္းျပား

mp3 သီခ်င္းမ်ား

ဟာသလြင္ၿပင္


စာမ်ားကို ျမန္မာ အကၡရာျဖင္႔ရွာေဖြရန

Friday 14 September 2018

တူမယ္​မထင္​နဲ႔

ျမန္မာႏိုင္ငံရွိ ပုဂၢလိက အေရာင္းဆင္တာတစ္ခုတြင္ျဖစ္သည္...။

လံုျခံဳေရးဝန္ထမ္းတစ္ဦးမွာ စတိုးဆိုင္ပိုင္ရွင္သူေဌးတစ္ဦးႏွင့္အတူ
ဓာတ္ေလွခါးထဲတြင္ မီးပ်က္၍ ပိတ္မိေန၏။  ေနာက္ဆံုး
ျပန္သူမ်ားျဖစ္ေသာေၾကာင့္ အကူအညီေတာင္းရန္မလြယ္ကူေပ။ ေနာက္ရက္မွစ၍
အေရာင္းဆင္တာ တစ္ခုလံုး သီတင္းကြ်တ္ ၅ရက္ ပိတ္မည္ျဖစ္သည္။
အေရးေပၚခလုပ္ကို ႏွိပ္ေသာ္လည္း အလုပ္မလုပ္သျဖင့္ စိတ္ဓာတ္က်သြား၏။
ဤအေျခအေနတြင္ ေအာက္စီဂ်င္အခဲအခက္ေၾကာင့္ ၂ ရက္ ၃ ရက္ေလာက္ၾကာလွ်င္
အသက္ပါေသဆံုးႏိုင္သည္။


၂ ေယာက္စလံုး မထင္မွတ္ဘဲ လတ္တေလာျဖစ္ပြားခဲ့ေသာ
ခ်ီလီႏိုင္ငံမိုင္းတြင္းပိတ္မိေသာ လုပ္သမားမ်ားအျဖစ္အပ်က္ကို ေတြးမိျပီး
မဆီမဆိုင္ေပ်ာ္ရႊင္သြားသည္။



ေနာက္ ၂ ၊ ၃  ရက္အၾကာ ကယ္ဆယ္ေရး၀န္ထမ္းမ်ား သူတို႕ကိုလာကယ္မည္...

သူတို႕လြတ္ေျမာက္လာေသာအခါ လူတကာက ဝိုင္းဝန္း ၾကိဳဆိုဂုဏ္ျပဳၾကမည္...

လူတကာမွေပးေသာ အက်ိဳးခံစားခြင့္မ်ားရမည္...

စသျဖင့္ေတြးရင္း အေရးေပၚကယ္တင္ေရးကို ဆက္သြယ္ႏိုင္လွ်င္ အဆင္ေျပျပီဟု
စဥ္းစားျပီး ဆက္သြယ္ေရးအတြက္ တိုင္ပင္ၾကသည္။


သူေဌးက လက္ထဲရွိ GSM ဖုန္းကိုၾကည့္လိုက္သည္...

Service Signal လံုးဝမမိ။


ဟန္မပ်က္ဘဲ ခါးၾကားတြင္ခ်ိတ္ထားေသာ ၅သိန္းတန္ ဖုန္းကိုထုတ္၍ ၾကည့္လိုက္သည္..

service signal အျပည့္။ လံုျခံဳေရးဝန္ထမ္းကို မခ်ိျပံဳးျပံဳးျပလိုက္ျပီး
မီးသတ္ကို ဖုန္းလွမ္းေခၚသည္

"လူၾကီးမင္း၏ ဖုန္းသည္ သတ္မွတ္ဧရိယာေက်ာ္လြန္ေနသျဖင့္ ေခၚဆို၍ မရႏိုင္ပါရွင္"



စိတ္ဓာတ္မက်ေသးဘဲ ေနာက္ထပ္ ကန္းရိုးတန္းဖုန္းကို ထပ္ထုတ္ျပီးေခၚသည္...

လိုင္း၀င္သည္။ သူေျပာတာ ကိုယ္မၾကား၊ ကိုယ္ေျပာတာလည္း သူၾကားပံုမရ။
"မၾကားရဘူး"ဟုေျပာလိုက္ေသာ အသံတစ္ခုသာ ေကာင္းေကာင္းၾကားလိုက္ရျပီး
ဖုန္းက်သြားသည္။

ထို႕ေနာက္ ဖုန္းလိုင္းလံုးဝမဝင္ေတာ့။ မက္ေဆ့ခ်္ပို႕ဖို႕လည္း မစဥ္းစားမိလိုက္။



ေမွ်ာ္လင့္ခ်က္မရွိသေလာက္ ျဖစ္ေနခ်ိန္တြင္ ေခတ္မီေသာ လံုျခံဳေရးဝန္ထမ္းက
သူေဌးထံမွ iphone ကိုျမင္၍ internetကို wireless ျဖင့္ဝင္ျပီး
ဆက္သြယ္အကူအညီေတာင္းၾကည့္ရန္ အၾကံေပးသည္။

အၾကံေပးသည့္အတိုင္း အိုင္ဖုန္းျဖင့္ အင္တာနက္ခ်ိတ္ၾကည့္ရာ wireless
မိသည္။၂ေယာက္လံုးေပ်ာ္သြားသည္။ နည္းပညာရဲ႕ အက်ိဳးေက်းဇူးေတြပဲ။



ေနာက္ ၃ ရက္အၾကာ...

ကယ္ဆယ္ေရးအဖြဲ႕မ်ား ဓာတ္ေလွခါးကိုဖြင့္ထုတ္ ကယ္ဆယ္ခဲ့ေသာ္လည္း
ႏွစ္ဦးစလံုးအသက္ရွဴၾကပ္ျပီး ေသဆံုးႏွင့္ေလျပီ။

ေသဆံုးသူတို႕ အနီးတဝိုက္တြင္ ဟန္းဆက္ ၄လံုးကိုေတြ႕ရျပီး ၄င္းတို႕အနက္
အိုင္ဖုန္းတြင္ Gmail page ကို loading လုပ္ေနသည္ကိုလည္း ေတြ႕ရွိရေလ၏။



ေသဆံုးႏွစ္ဦးအား ဝမ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္ ေနရာတကာပါဝင္တတ္ေသာ
ပါလရာၾကီး ၄ဦးမွ  ေအာက္ပါအတိုင္း လွဴဒါန္းႏွစ္သိပ္ေပးခဲ့သည္။



   * ဦးေတဇထံမွ က်ပ္၁သိန္းတန္ ကြ်န္းအေခါင္းတစ္လံုးစီ
   * ျမန္မာႏိုင္ငံ ေဘာလံုးဥကၠဌ ဦးေဇာ္ေဇာ္က က်န္ရစ္သူမိသားစုအတြက္
MNLဖလား အခမဲ့ၾကည့္ခြင့္ လက္မွတ္
   * အယ္လ္ပိုင္းမွ ဦးစိုင္းက အသုဘသို႕လာသူမ်ားအတြက္
အခမဲ့ေရေသာက္ႏိုင္ခြင့္ လက္မွတ္မ်ား
   * ႏိုင္ငံေတာ္ သမၼတေလာင္းထံမွ အုတ္ဂူတြင္အလွဆင္ရန္
ဂႏၶမာပန္းတစ္ပြင့္စီေပးကမ္းခဲ့ျပီး

အားေပးစကားေျပာၾကားရင္း မဲဆြယ္စည္းရံုးသြားေလေတာ့သတည္း။




*ရိုးသား ေျဖာင့္မတ္ မွန္ကန္မႈတုိင္းအတြက္
ရလဒ္ေကာင္းေတြအခ်ိန္တုိ္င္းရွိမွာမဟုတ္ေပမဲ့
သင့္အတြက္ေတာ့ အၿမဲစိတ္လံုၿခံဳမႈ ရွိေနပါလိမ့္မယ္။*
----------------------------------
အရာရာကို ပိုင္ဆိုင္ဖို႕ ႀကိဳးစားရင္းနဲ႕ တစ္စံုတစ္ရာကို ဆံုး႐ံႈးေနၾကရတာ မေမ့ပါနဲ႕ ... ။


မြန်မာနိုင်ငံရှိ ပုဂ္ဂလိက အရောင်းဆင်တာတစ်ခုတွင်ဖြစ်သည်...။

လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ စတိုးဆိုင်ပိုင်ရှင်သူဌေးတစ်ဦးနှင့်အတူ
ဓာတ်လှေခါးထဲတွင် မီးပျက်၍ ပိတ်မိနေ၏။  နောက်ဆုံး
ပြန်သူများဖြစ်သောကြောင့် အကူအညီတောင်းရန်မလွယ်ကူပေ။ နောက်ရက်မှစ၍
အရောင်းဆင်တာ တစ်ခုလုံး သီတင်းကျွတ် ၅ရက် ပိတ်မည်ဖြစ်သည်။
အရေးပေါ်ခလုပ်ကို နှိပ်သော်လည်း အလုပ်မလုပ်သဖြင့် စိတ်ဓာတ်ကျသွား၏။
ဤအခြေအနေတွင် အောက်စီဂျင်အခဲအခက်ကြောင့် ၂ ရက် ၃ ရက်လောက်ကြာလျှင်
အသက်ပါသေဆုံးနိုင်သည်။


၂ ယောက်စလုံး မထင်မှတ်ဘဲ လတ်တလောဖြစ်ပွားခဲ့သော
ချီလီနိုင်ငံမိုင်းတွင်းပိတ်မိသော လုပ်သမားများအဖြစ်အပျက်ကို တွေးမိပြီး
မဆီမဆိုင်ပျော်ရွှင်သွားသည်။



နောက် ၂ ၊ ၃  ရက်အကြာ ကယ်ဆယ်ရေး၀န်ထမ်းများ သူတို့ကိုလာကယ်မည်...

သူတို့လွတ်မြောက်လာသောအခါ လူတကာက ဝိုင်းဝန်း ကြိုဆိုဂုဏ်ပြုကြမည်...

လူတကာမှပေးသော အကျိုးခံစားခွင့်များရမည်...

စသဖြင့်တွေးရင်း အရေးပေါ်ကယ်တင်ရေးကို ဆက်သွယ်နိုင်လျှင် အဆင်ပြေပြီဟု
စဉ်းစားပြီး ဆက်သွယ်ရေးအတွက် တိုင်ပင်ကြသည်။


သူဌေးက လက်ထဲရှိ GSM ဖုန်းကိုကြည့်လိုက်သည်...

Service Signal လုံးဝမမိ။


ဟန်မပျက်ဘဲ ခါးကြားတွင်ချိတ်ထားသော ၅သိန်းတန် ဖုန်းကိုထုတ်၍ ကြည့်လိုက်သည်..

service signal အပြည့်။ လုံခြုံရေးဝန်ထမ်းကို မချိပြုံးပြုံးပြလိုက်ပြီး
မီးသတ်ကို ဖုန်းလှမ်းခေါ်သည်

"လူကြီးမင်း၏ ဖုန်းသည် သတ်မှတ်ဧရိယာကျော်လွန်နေသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်"



စိတ်ဓာတ်မကျသေးဘဲ နောက်ထပ် ကန်းရိုးတန်းဖုန်းကို ထပ်ထုတ်ပြီးခေါ်သည်...

လိုင်း၀င်သည်။ သူပြောတာ ကိုယ်မကြား၊ ကိုယ်ပြောတာလည်း သူကြားပုံမရ။
"မကြားရဘူး"ဟုပြောလိုက်သော အသံတစ်ခုသာ ကောင်းကောင်းကြားလိုက်ရပြီး
ဖုန်းကျသွားသည်။

ထို့နောက် ဖုန်းလိုင်းလုံးဝမဝင်တော့။ မက်ဆေ့ချ်ပို့ဖို့လည်း မစဉ်းစားမိလိုက်။



မျှော်လင့်ချက်မရှိသလောက် ဖြစ်နေချိန်တွင် ခေတ်မီသော လုံခြုံရေးဝန်ထမ်းက
သူဌေးထံမှ iphone ကိုမြင်၍ internetကို wireless ဖြင့်ဝင်ပြီး
ဆက်သွယ်အကူအညီတောင်းကြည့်ရန် အကြံပေးသည်။

အကြံပေးသည့်အတိုင်း အိုင်ဖုန်းဖြင့် အင်တာနက်ချိတ်ကြည့်ရာ wireless
မိသည်။၂ယောက်လုံးပျော်သွားသည်။ နည်းပညာရဲ့ အကျိုးကျေးဇူးတွေပဲ။



နောက် ၃ ရက်အကြာ...

ကယ်ဆယ်ရေးအဖွဲ့များ ဓာတ်လှေခါးကိုဖွင့်ထုတ် ကယ်ဆယ်ခဲ့သော်လည်း
နှစ်ဦးစလုံးအသက်ရှူကြပ်ပြီး သေဆုံးနှင့်လေပြီ။

သေဆုံးသူတို့ အနီးတဝိုက်တွင် ဟန်းဆက် ၄လုံးကိုတွေ့ရပြီး ၄င်းတို့အနက်
အိုင်ဖုန်းတွင် Gmail page ကို loading လုပ်နေသည်ကိုလည်း တွေ့ရှိရလေ၏။



သေဆုံးနှစ်ဦးအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နေရာတကာပါဝင်တတ်သော
ပါလရာကြီး ၄ဦးမှ  အောက်ပါအတိုင်း လှူဒါန်းနှစ်သိပ်ပေးခဲ့သည်။



   * ဦးတေဇထံမှ ကျပ်၁သိန်းတန် ကျွန်းအခေါင်းတစ်လုံးစီ
   * မြန်မာနိုင်ငံ ဘောလုံးဥက္ကဌ ဦးဇော်ဇော်က ကျန်ရစ်သူမိသားစုအတွက်
MNLဖလား အခမဲ့ကြည့်ခွင့် လက်မှတ်
   * အယ်လ်ပိုင်းမှ ဦးစိုင်းက အသုဘသို့လာသူများအတွက်
အခမဲ့ရေသောက်နိုင်ခွင့် လက်မှတ်များ
   * နိုင်ငံတော် သမ္မတလောင်းထံမှ အုတ်ဂူတွင်အလှဆင်ရန်
ဂန္ဓမာပန်းတစ်ပွင့်စီပေးကမ်းခဲ့ပြီး

အားပေးစကားပြောကြားရင်း မဲဆွယ်စည်းရုံးသွားလေတော့သတည်း။




*ရိုးသား ဖြောင့်မတ် မှန်ကန်မှုတိုင်းအတွက်
ရလဒ်ကောင်းတွေအချိန်တို်င်းရှိမှာမဟုတ်ပေမဲ့
သင့်အတွက်တော့ အမြဲစိတ်လုံခြုံမှု ရှိနေပါလိမ့်မယ်။*
----------------------------------
အရာရာကို ပိုင်ဆိုင်ဖို့ ကြိုးစားရင်းနဲ့ တစ်စုံတစ်ရာကို ဆုံးရံှုးနေကြရတာ မမေ့ပါနဲ့ ... ။


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အေၾကာင္းအမ်ိဳးေၾကာင့္ဆက္သြယ္လိုလွ်င္.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform