စာမ်ားကို ျမန္မာ အကၡရာျဖင္႔ရွာေဖြရန္* အမ်ားအက်ိဳးျပဳျခင္းျဖင့္ေပ်ာ္ရႊင္မွုရပါေစ...။ (မည္သူမဆို မွ်ေ၀ယူနိုင္ပါသည္- ေရႊအိမ္စည္)

ပင္မစာမ်က္ႏွာ

ဗဟုသုတ

ဘုရားသမိုင္း

တရားဒါန

ပညာေရး

က်န္းမာေရး

နည္းပညာ

ကဗ်ာမ်ား

စီးပြား/စီမံ

ဘေလာ့ပိုစ္မ်ား

ဟင္းခ်က္နည္း

ထူးျခားဆန္းျပား

mp3 သီခ်င္းမ်ား

ဟာသလြင္ၿပင္


စာမ်ားကို ျမန္မာ အကၡရာျဖင္႔ရွာေဖြရန

Wednesday 19 September 2018

​ေျဖေလ်ာ ့ေခြ......မွတပါး

​ေျဖေလ်ာ ့ေခြ......မွတပါး

ေမ့ပါေတာ့နိုင္ ပဋိကၡယားရယ္
တရံေရာ္...အခါဆိက..
ယံုၾကည္ခ်က္နဲ႕ကမ္းလိုက္တဲ့ အိမ္​စည္​ရဲ ့လက္
ခပ္ၾကမ္းၾကမ္းပုတ္ထုတ္

ဟန္ခ်က္ညီညီ ကတဲ့ညက
ေရာင္စံုမီးမထြန္းညွိပါပဲ
နွမအိမ္စည္...ပိုလွခဲ ့တာ
မွတ္မိပါေသးလား...အ​ေမာင္​ငယ္​..

ထာဝရ တဲ့
ဘာအတြက္လဲ
နားလည္မႈ့ရဲ့ ရွင္သန္ျခင္း
ဟန္ေဆာင္ျခင္း နဲ ့မာယာျကား
ရူးသြပ္သူ နွမ အျဖစ္ကသာ
ေတြေဝျခင္းနဲ႕ေမာကာဟိုက္လို႕
ႏွလံုးသားရိုက္ခ်က္
ကာရံနဲ႕ စည္းခ်က္မညီခဲ့တာ
ေရႊအိမ္စည္​...အသိဆံုးပါ။


အလိုမက်ျခင္းေတြနဲ႕လူျဖစ္ခဲ့ေလလား
အတၱေတြ ငါ မ်က္ႏွာဖံုးစြပ္
မာနကို ေရက်ဳိေသာက္လို႕
လက္ဖဝါး ႏွစ္ဖက္အုပ္ကာမိုးၿပီး
ေရႊအိမ္....ဆုေတာင္းတတ္တယ္။
လက္ႏွစ္ဖက္ တင္းက်ပ္စြာဆုတ္
ေရႊအိမ္...ဝတ္ျပဳတတ္ပါတယ္။

ေျခာက္လွန္႕တတ္တဲ့ အိမ္မက္ေတြၾကား
အိမစည္​္...ႀကီးျပင္းခဲ့
ေႏြးေထြးျခင္းနဲ႕ နားလည္မႈ့
ဘယ္အရာကဘာအျပစ္ရွိခဲ့လဲ

ႏႈတ္မဆက္
တိတ္ဆိတ္ထြက္သြား
ပဋိကၡယားရယ္
ရွင္လည္း....လူထဲကလူပါပဲလား။

ဒဏ္ရာေတြ ရင္ႏွင့္မဆံ့
နွမအတြက္ လိုအပ္ခ်က္စကား သံုးလံုးထဲပါ။

"နားလည္မႈ့"
"သူငယ္ခ်င္း"
"ခံစားခ်က္"

အမႈန္ေပါင္းမ်ားစြာ ငါျဖန့္ႀကဲ
အပူျပင္းဆံုး အၿပံဳးရဲ႕တုန့္ျပန္ခ်က္ေတြ
ဗလာနတၳိ ေမွာင္မိုက္ဆဲဝန္းက်င္ထဲမွာ
စမ္းတဝါးဝါး ဆက္ကာေလွ်ာက္လို႕
ဘယ္အရာက
ဘယ္လိုဆိုတာ
နွမ...နားလည္လွ်က္သားပါ။

ေတာ္ပါေတာ့ ေလာကႀကီးရယ္
ေတာ္ပါေတာ့ကိုရင္ပဋိကၡယားရယ္
နွမလက္ေလ်ာ ့တာမဟုတ္ရပါဘူး...
ဘုရားစူးေစရဲ ့....က်ိန္၀ံ့တဲ ့သူပါ...ရွင္ရယ္...
နွမအတြက္ မငိုနဲ႕
အခ်ိန္မေပးနဲ႕စိတ္ကိုသာေျဖေလ်ာ ့လို ့
ေနရစ္ခဲ ့ပါေလ..။

အားငယ္ျခင္းေတြ ၊နားလည္မွုေတြ နဲ႕သာ
မ်က္စိစံုမွိတ္
အိမ္စည္နွမေလး
အိပ္တတ္ေအာင္ဘဲ.. ျကိဳးစားေတာ့မယ္.....။ ။

Good night ပဋိကၡယားရယ္

ခ်စ္​ျခင္​လြဲတဲ့ေရႊအိမ္စည္


​ဖြေလျော ့ခွေ......မှတပါး

မေ့ပါတော့နိုင် ပဋိက္ခယားရယ်
တရံရော်...အခါဆိက..
ယုံကြည်ချက်နဲ့ကမ်းလိုက်တဲ့ အိမ်​စည်​ရဲ ့လက်
ခပ်ကြမ်းကြမ်းပုတ်ထုတ်

ဟန်ချက်ညီညီ ကတဲ့ညက
ရောင်စုံမီးမထွန်းညှိပါပဲ
နှမအိမ်စည်...ပိုလှခဲ ့တာ
မှတ်မိပါသေးလား...အ​မောင်​ငယ်​..

ထာဝရ တဲ့
ဘာအတွက်လဲ
နားလည်မှု့ရဲ့ ရှင်သန်ခြင်း
ဟန်ဆောင်ခြင်း နဲ ့မာယာကြား
ရူးသွပ်သူ နှမ အဖြစ်ကသာ
တွေဝေခြင်းနဲ့မောကာဟိုက်လို့
နှလုံးသားရိုက်ချက်
ကာရံနဲ့ စည်းချက်မညီခဲ့တာ
ရွှေအိမ်စည်​...အသိဆုံးပါ။


အလိုမကျခြင်းတွေနဲ့လူဖြစ်ခဲ့လေလား
အတ္တတွေ ငါ မျက်နှာဖုံးစွပ်
မာနကို ရေကျိုသောက်လို့
လက်ဖဝါး နှစ်ဖက်အုပ်ကာမိုးပြီး
ရွှေအိမ်....ဆုတောင်းတတ်တယ်။
လက်နှစ်ဖက် တင်းကျပ်စွာဆုတ်
ရွှေအိမ်...ဝတ်ပြုတတ်ပါတယ်။

ခြောက်လှန့်တတ်တဲ့ အိမ်မက်တွေကြား
အိမစည်​်...ကြီးပြင်းခဲ့
နွေးထွေးခြင်းနဲ့ နားလည်မှု့
ဘယ်အရာကဘာအပြစ်ရှိခဲ့လဲ

နှုတ်မဆက်
တိတ်ဆိတ်ထွက်သွား
ပဋိက္ခယားရယ်
ရှင်လည်း....လူထဲကလူပါပဲလား။

ဒဏ်ရာတွေ ရင်နှင့်မဆံ့
နှမအတွက် လိုအပ်ချက်စကား သုံးလုံးထဲပါ။

"နားလည်မှု့"
"သူငယ်ချင်း"
"ခံစားချက်"

အမှုန်ပေါင်းများစွာ ငါဖြန့်ကြဲ
အပူပြင်းဆုံး အပြုံးရဲ့တုန့်ပြန်ချက်တွေ
ဗလာနတၳိ မှောင်မိုက်ဆဲဝန်းကျင်ထဲမှာ
စမ်းတဝါးဝါး ဆက်ကာလျှောက်လို့
ဘယ်အရာက
ဘယ်လိုဆိုတာ
နှမ...နားလည်လျှက်သားပါ။

တော်ပါတော့ လောကကြီးရယ်
တော်ပါတော့ကိုရင်ပဋိက္ခယားရယ်
နှမလက်လျော ့တာမဟုတ်ရပါဘူး...
ဘုရားစူးစေရဲ ့....ကျိန်ဝံ့တဲ ့သူပါ...ရှင်ရယ်...
နှမအတွက် မငိုနဲ့
အချိန်မပေးနဲ့စိတ်ကိုသာဖြေလျော ့လို ့
နေရစ်ခဲ ့ပါလေ..။

အားငယ်ခြင်းတွေ ၊နားလည်မှုတွေ နဲ့သာ
မျက်စိစုံမှိတ်
အိမ်စည်နှမလေး
အိပ်တတ်အောင်ဘဲ.. ကြိုးစားတော့မယ်.....။ ။

Good night ပဋိက္ခယားရယ်

ချစ်​ခြင်​လွဲတဲ့ရွှေအိမ်စည်


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အေၾကာင္းအမ်ိဳးေၾကာင့္ဆက္သြယ္လိုလွ်င္.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform