စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 9 June 2016

4001 Business Letter

4001 Business, Sales & Personal Letters_ Program

ဒီတစ်ကြိမ်မှာတော့ 4001 Business, Sales & Personal Letters ဆိုတဲ့ Business Letter program လေးကို တင်ပေးလိုက်ပါတယ် ၊ အကြောင်းအရာအလိုက် အုပ်စုလေးတွေခွဲထားပြီး ကိုယ်သွားချင်တဲ့ နမူနာပုံစံကို click လုပ်ပြီး အမြန်ရှာဖွေ နိုင်ပါတယ် ၊ Letters, Sentences, Phrases စသည်ဖြင့် အမျိုးမျိုး လေ့လာနိုင်ပါတယ် ၊ ခေါင်းစဉ်တိုင်းကို နမူနာ Paragraph အမျိုးမျိုးနဲ့ ရေးပြထားပါတယ် ၊  Power word တွေဖြစ်လို့ ဆောင်ထားသင့်ပါတယ် ၊ ကိုယ်ပိုင်ကွန်ပြူတာဖြစ်စေ ရုံးကကွန်ပြူတာမှာ ဖြစ်စေ Install လုပ်ပြီး သုံးနိုင်ပါတယ် ၊ ရှာဖွေရတာ Ebook ထက်ပိုကောင်းပါတယ် ၊ ပိုမြန်ပါတယ် ။

Program file ကို RaR နဲ့ archive (စုဖွဲ့ထုပ်ပိုး) လုပ်ပြီး တင်ပေးထားပါတယ် ၊ rar ဖိုင်ကို ဖြည်ပြီး install လုပ်ပါ ၊ Desktop icon မပေါ်ခဲ့ရင် Start menu မှာရှာလိုက်ပါ WriteExpress နာမည်နဲ့ Folder တစ်ခုတွေ့ရပါမယ် ၊ အဲဒီအောက်မှာ WriteExpress 4001 Business, Sales & Personal Letters , WriteExpress Phonetic Finder, WriteExpress Rhymer စတဲ့ program သုံးခုကို ခေါ်သုံးနိုင်ပါပြီ ၊ Desktop icon ထုတ်ချင်တယ်ဆိုရင် Right click > Send to > Desktop ( create shortcut) ကို click လုပ်လိုက်ရင်ရပါပြီ ..


Adjective တစ်လုံးထက်ပိုတဲ့အခါ

Adjective လေးတွေ တစ်လုံးထက်ပိုသုံးတဲ့အခါ ဒီလိုစဉ်ပါ

ကျနော်တို့ ပြောဆိုရေးသားတဲ့အခါ အရာဝတ္တုတွေ လူပုဂ္ဂိုလ်တွေ အမည်နာမတွေကို ပိုပြီး ရုပ်လုံးပေါ် ပီပြင်လာအောင် ခြယ်သဖေါ်ပြလေ့ရှိပါတယ် ၊ နာမ် ( noun ) တွေကို နာမ၀ိသေသန ( adjective ) တွေနဲ့ ညွှန်းဆိုတဲ့အခါ.. တစ်ခါတရံ adjective တစ်လုံးထက် ပိုသုံးရတာတွေ ရှိလာတတ်ပါတယ် ၊  အဲဒီအခါမှာ ဘယ်သူ့ကို ရှေ့ကထားမယ် ဘယ်သူ့ကို နောက်ကထားမယ် ဆိုတာ ဦးနှောက်စားစရာ တစ်ခုဖြစ်လာနိုင်ပါတယ် ၊ ချောချောမွေ့မွေ့နဲ့  စည်းကမ်းအတိုင်းဖြစ်ဖို့ ဆိုရင်တော့ ဘယ်လို ရှေ့နောက်စဉ်တယ်ဆိုတဲ့ အစီအစဉ်လေးကို သိထားဖို့ လိုပါတယ် ၊ သိသွားပြီဆိုရင် ဘယ်လိုစဉ်မလဲ ဆိုတာ ဦးနှောက်စားဖို့ မလိုတော့ဘူးပေါ့  ၊ အဲဒါကြောင့် ကျနော်ကပဲ ဦးနှောက် အစားခံပြီး တင်ဆက်လိုက်ပါတယ်ခင်ဗျာ..

When you use more than one adjective, you have to put them in the right order, according to type. This page will explain the different types of adjectives and the correct order for them.

Opinion, Appearance, Age, Colour, Origin, Religion, Material, Noun, Purpose လို့ အနှစ်ချုပ် မှတ်သားနိုင်ပါတယ်

အမျိုးအစားခွဲထားပုံတွေကို အစီအစဉ်အတိုင်း ရေးသွားပါမယ်

(၁) Opinion  ထင်မြင်ယူဆချက် ၊ အမြင်

An opinion adjective explains what you think about something (other people may not agree with you).
တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး ပြောသူရဲ့ ထင်မြင်ယူဆချက်ကို ဖေါ်ပြပါတယ် ၊ အခြားသူများနဲ့ တူချင်မှလည်း တူပါလိမ့်မယ်

Example: silly, beautiful, horrible, difficult…

ဥပမာ … Ko Win Naing Oo is a handsome guy. ဆိုပါစို့ ၊ ကြည့်မရတဲ့သူကတော့ handsome ဆိုတဲ့စကားလုံးကို သဘောတူမှာ မဟုတ်ဘူး ugly guy လို့ ထင်ချင်လဲထင်မှာပဲ အမြင် တူချင်မှတူမယ်ဆိုတာ အဲဒါမျိုးကိုပြောတာ ၊ ( တကယ်တော့ ချောမှချော )

(၂) Appearance ( မြင်ရတဲ့ အနေအထား ၊ အသွင် သဏ္ဍာန် )

~ size/measure:  big, small, high, low, large, tiny, little …

~ shape:  round, circular, square , flat,.. (လုံးဝန်းတဲ့ ၊ စက်ဝိုင်းပုံ ၊ လေးထောင့်ပုံ
၊ ပြားတဲ့ ) .. စသည်ဖြင့်

~ condition : broken, cracked (အက်နေတဲ့), rotten,…, ripped, fresh,

(၃) Age  (သက်တမ်း)

An age adjective tells you how young or old something or someone is.
တစ်စုံတစ်ခုရဲ့ သက်တမ်းကို ပြောပြတဲ့ adjective ပေါ့

For example: ancient, new, young, old, …

(၄) Colour ( အရောင် )

A colour adjective, of course, describes the colour of something.
အရောင် ကတော့ အရောင်ပေါ့

For example: blue, pink, reddish, grey, …

(၅) Origin ( မူရင်းဒေသ ၊ ဇစ်မြစ် )

An origin adjective describes where something comes from.
ဘယ်နေရာကနေ လာသလဲ ဖေါ်ပြတယ်..

For example: French, lunar (လ), American, eastern(အရှေ့တိုင်း), Greek…

(၆) Religion ( ဘာသာတရား )

Example: Buddhist, Christian, Moslem(Muslim), Atheist ( Ethic ကျင့်ဝတ်များကို လိုက်နာသူ)

(၇) Material ( ပစ္စည်း ၀တ္ထု )

A material adjective describes what something is made from.
ဘာနဲ့ပြုလုပ်ထားသလဲ ဆိုတာကိုဖေါ်ပြတယ်

For example: wooden, metal, cotton, paper

(၈) Noun used as an adjective ( Adjective ကဲ့သို့သုံးသော Noun )

Example : campus တက္ကသိုလ်နယ်မြေ (as in 'campus activities').
.
(၉) Purpose ( ရည်ရွယ်ချက် )

A purpose adjective describes what something is used for. These adjectives often end with “-ing”.
ဘာအတွက် အသုံးပြုမှာလဲဆိုတာကို ဖေါ်ပြပါတယ် ၊ -ing နဲ့ အဆုံးသတ်လေ့ ရှိပါတယ်..

Example : Fishing net ( ငါးဖမ်းပိုက်ကွန် ) ၊ Baking soda ( မုန့့််ဖုတ်ဆိုဒါမှုန့်) ၊ cooking pot (ဟင်းထမင်း ချက်တဲ့အိုး )…. စသည်တို့ ဖြစ်ပါတယ်

အစီအစဉ်အားလုံးအတွက် နမူနာတွေကတော့
I love that really old, big, green, antique car.
My brother has a beautiful, big, black and white bulldog.
A wonderful, old, Italian clock.
ှုI want to buy a beautiful, new, blue, Japanese car.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အပို မှတ်သားစရာလေးတွေ ကတော့

(၁) When there are two or more adjectives that are from the same group, the word and is placed between the two adjectives:
အုပ်စုတူတဲ့ adjective နှစ်ခုထပ်သုံးရင် and နဲ့ ဆက်ပေးရမယ်

Example :

She was wearing a  blue  and yellow dress.
The library has old and new books.

(၂) Adjectives are never plural. Therefore, when the adjective contains a number and noun, the noun associated with the number is singular.
နာမ၀ိသသေန (Adjective) တွေဟာ အများကိန်းမရှိပါဘူး ။
ကိန်းဂဏန်း (Number) တစ်ခုကို နာမ် (Noun) တစ်ခုနဲ့တွဲပြီး နာမ၀ိသေသန လုပ်ထားတာမျိုး တွေ့ခဲ့ရင် နာမ် ( Noun) ဟာ အနည်းကိန်း (Singular) ဖြစ်ရပါမယ် ..

This is a three-year-old car. CORRECT
This is a three-years-old car. INCORRECT

Three-year-old ဆိုတဲ့ adj အတွဲမှာ ရှေ့က ဂဏန်း three ရှိနေသော်လည်းပဲ နောက်က noun ဖြစ်တဲ့ year မှာ “s” ပေါင်းထည့့််လို့မရဘူး ၊ ဒီ သုံးလုံးက အလယ်မှာ hyphen ခံထားတဲ့အတွက် အားလုံးပေါင်းမှ တစ်လုံးပဲ ဖြစ်တယ် ၊

(၃) Use commas after each adjective except the last one (no comma between the last adjective and the noun).
နောက်ဆုံး adj တစ်ခုကလွဲပြီး ရှေ့က adj တွေကို coma ခြားပြီး ရေးပါ  ( Coma မခြားပဲ ရေးတာတွေလည်း တွေ့မိပါတယ် ၊ coma ခြားတာကတော့ ပိုပြီး formal ဖြစ်ပုံရပါတယ် )

Example : Alice prefers black, Italian, leather furniture.

(၄) If an adjective has 2 words, do not put a comma between the words.
Adj ဟာ နှစ်လုံးတွဲပြီးသား ဖြစ်နေရင် coma မထည့် ပါနဲ့တော့

Example : These are delicious, huge, chocolate chip cookies!

Chocolate chip မှာ coma ထည့်စရာ မလိုတော့ပါဘူး ။

(၅) You may sometimes wish to change the order for emphasis. Consider the following conversations:
အလေးပေးပြောချင်တဲ့အတွက် အစီအစဉ်ကို တမင်တကာ ပြောင်းပစ်လိုက်တာမျိုးတွေလည်း ရှိတတ်ပါတယ်..

Conversation 1

A "I want to buy a round table."
B "Do you want a new round table or an old round table?"
ဒါကအစီအစဉ်  အမှန်အတိုင်းပါပဲ

Conversation 2

A "I want to buy an old table".
B "Do you want a round old table or a square old table?"
Or နဲ့ ဆက်ဖို့ သင့်တော်အောင် အစီအစဉ် ပြောင်းလိုက်တာကို တွေ့နိုင်ပါတယ်

(၆) It is very unusual to have more than three adjectives.
Adjective သုံးလုံး (တချို့က ငါးလုံး) ထက် ပိုသုံးရင် စာကြောင်းမလှတော့ဘူး ၊ စာကြောင်းခွဲလိုက်ပါ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကဲတော်လောက်ပါပြီ ၊ နည်းနည်းများသွားသလိုပါပဲ ခေါင်းတောင်မူးချင်လာပြီ ..ပေါ့ပေါ့ပါးပါးလေးတွေလည်း ရေးပါဦးမယ် ၊ တလှည့့််စီပေါ့နော..

ငြိမ်းအေးသာယာ ရှိကြပါစေ..


အချစ် ၁

အချစ်ဆိုတဲ့ အသံကြားရင် လူတိုင်း ရင်ခုန်သွားတတ်ကြပါတယ် ၊ အသက်အရွယ်ကြောင့် အနှေး အမြန် ကွာချင်လည်း ကွာမယ်ပေါ့ ၊ အချစ်ကြောင့် ကမ္ဘာကြီးဟာ လည်ပတ်နေတယ်လို့ တင်စားသူတွေ ရှိသလို အချစ်ဟာ ပေါင်မုန့်ကို ဖန်တီးမပေးဘူးလို့ ဆိုသူတွေလည်းရှိပါတယ် ၊ သူတို့ ဘယ်လိုပဲ ဆိုကြပါစေ ဟောဒီနေရာကို လာရောက် ဖတ်ရှုသူတွေကတော့ ရင်ခုန်သံလေးတွေ ဖလတ်ဖလတ်ထနေကြတဲ့ လူငယ်လေးတွေ များတာကြောင့် အချစ်နဲ့ ပတ်သက်ရင် ဖတ်ချင်နေကြတာပါပဲ ၊ အဲဒါကြောင့်မို့ အချစ်နဲ့ပတ်သက်တဲ့ ရည်ညွှန်းစကားလေးတွေကို ထပ်မံရှာဖွေပြီး မြန်မာမှုပြုကာ တင်ဆက်လိုက်ပါတယ်ဗျာ..

^_^ ^_^ အဝေးရောက်ချစ်သူများအတွက် ရည်ညွှန်းစကားလေးက

(1) Distance is just a test to see how far love can travel.
အကွာအဝေးဆိုတာ အချစ်ဟာ ဘယ်လောက်ဝေးဝေး ခရီးသွားနိုင်သလဲ သိဖို့ စမ်းသပ်ချက်တစ်ခုပါပဲ

^_^ ^_^  သူငယ်ချင်းကနေ ချစ်သူဖြစ်သွားသူတွေ အတွက်

(2) Meeting you was fate, becoming your friend was a choice, but falling in love with you was beyond my control.
မင်းကိုတွေ့ရတာ ကံကြမ္မာကြောင့်ပါ ၊ မင်းရဲ့ သူငယ်ချင်းဖြစ်ရတာ ရွေးချယ်မှု တစ်ခုပါ ၊ မင်းနဲ့ချစ်ခဲ့ရတာကတော့ ကိုယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းကို ကျော်လွန်သွားတဲ့ အရာပါ ။

^_^  သူ့အကြောင်းပဲ တွေးနေတတ်သူတွေ အတွက်

(3) Today I caught myself smiling for no reason… then I realized I was thinking about you.
ဒီနေ့ အကြောင်းမရှိပဲနဲ့  ပြုံးနေမိတာ ကိုယ်ဖာသာ သိလိုက်တယ် ၊ နောက်တော့ မင်းအကြောင်း တွေးနေမိလို့ ဆိုတာကို ကိုယ်သဘောပေါက်သွားတယ် ။

≧◔◡◔≦  အချစ်သမားများအတွက်..

(4) The best use of life is love. The best expression of love is time. The best time to love is now. ( Rick warren)
ဘ၀ကို အကောင်းဆုံး အသုံးချတာက အချစ်ပါ ၊ အချစ်ကို အကောင်းဆုံး ဖေါ်ပြတာက အချိန်ပါ ၊ ချစ်ဖို့ အကောင်းဆုံး အချိန်ကတော့ အခုပါပဲ ။

(5) If you live to be a hundred, I want to live to be a hundred minus one day so I never have to live without you. (A. A. Milne)
မင်းက အသက်တစ်ရာနေရင် ကိုယ်က အသက်တစ်ရာကို တစ်ရက်လျှော့ပြီးနေချင်တယ် ၊ ဒါဆို မင်းမရှိပဲ ကိုယ်မနေရတော့ဘူးပေါ့ ။

〷◠‿◠〷 ဒီလိုလဲ ပြောသေးတယ်

(6) Love is like the wind, you can't see it but you can feel it.
အချစ်ဆိုတာ လေလိုပါပဲ ၊ အဲဒါကို သင်မမြင်နိုင်ပါ ဒါပေမယ့် ခံစားလို့ ရပါတယ်

(7) True love is like ghosts, which everyone talks about and few have seen.
( Francois de La Rochefoucauld)
မှန်ကန်တဲ့ အချစ်ဆိုတာ တစ္ဆေတွေလိုပါပဲ ၊ လူတိုင်းကတော့ သူ့အကြောင်း ပြောနေကြတာပါပဲ ဒါပေမယ့် လူတချို့ပဲ မြင်တွေ့ဖူးကြပါတယ်

(Ɔ ˘⌣˘)♥ သူပြောတာလည်း ဟုတ်သလိုပဲ

(8) Life without love is like a tree without blossoms or fruit. (Khalil Gibran )
အချစ်မရှိတဲ့ဘ၀ဟာ အပွင့်မဝေဆာ အသီးမသီးတဲ့ သစ်ပင်လိုပါပဲ ။

(9) Love is a serious mental disease. ( Plato)
အချစ်ဆိုတာ စိုးရိမ်ရတဲ့ စိတ်ရောဂါ တစ်ခုပါ

(♥‿♥) လုံလောက်အောင်ပေးကြပါစို့

(10) The one thing we can never get enough of is love. And the one thing we never give enough is love. (Henry Miller)
ကျနော်တို့ ဘယ်တော့မှ လုံလောက်အောင် မရတဲ့အရာဟာ အချစ်ဖြစ်ပါတယ် ပြီးတော့ ဘယ်တော့မှ လုံလောက်အောင် မပေးတဲ့ အရာဟာလည်း အချစ်ပါပဲ

(>‿◠)✌ ပေးဆပ်ခြင်းဆိုတာ အချစ်တဲ့လား, ခွင့်လွှတ်မှုကရော ဘာလဲ

(11)The degree of loving is measured by the degree of giving.(Edwin Louis Cole )
အချစ်ရဲ့ဒီဂရီကို ပေးဆပ်ခြင်းနဲ့ တိုင်းတာပါတယ်

(12) Forgiveness is the final form of love. (Reinhold Niebuhr)
ခွင့်လွှတ်မှုဆိုတာ အချစ်ရဲ့ အဆုံးသတ် ပုံစံတစ်ခုပါ

( ⌣́,⌣̀)\(^◡^ ) ဒါကတော့ တစ်မျိုးပဲ

(13) The quarrels of lovers are the renewal of love. (Jean Racine)
ချစ်သူများရဲ့ အငြင်းအခုန်ဖြစ်ခြင်းတွေဟာ အချစ်ကို ပြန်လည်သစ်လွင်စေခြင်း ဖြစ်တယ်

(^◡^ ) ဒီလို မြူးမြူးကြွကြွလေးပဲ ကောင်းပါတယ်

(14) Life is a song - sing it. Life is a game - play it. Life is a challenge - meet it. Life is a dream - realize it. Life is a sacrifice - offer it. Life is love - enjoy it. (Sai Baba)
ဘ၀ဟာ သီချင်းတစ်ပုဒ် - သီဆိုလိုက်ပါ ၊ ဘ၀ဟာ ကစားပွဲတစ်ခု - ဆင်နွဲလိုက်ပါ ၊ ဘ၀ဟာစိန်ခေါ်မှုတစ်ခု - ရင်ဆိုင်လိုက်ပါ ၊ ဘ၀ဟာ အိမ်မက်တစ်ခု - နားလည်လိုက်ပါ ၊ ဘ၀ဟာစွန့်လွှတ်မှုတစ်ခု - ပေးဆပ်လိုက်ပါ ၊ ဘ၀ဟာ အချစ်တစ်ခု - ပျော်ရွှင်ကျေနပ်လိုက်ပါ ။

(>‿♥)  ဒီလိုပဲ ဖြစ်သင့်ပါတယ်

(15) When you fish for love, bait with your heart, not your brain.(Mark Twain)
အချစ်ကို မျှားတဲ့အခါ နှလုံးသားကိုပဲ ငါးစာလိုသုံးပါ ဦးနှောက်ကို မသုံးပါနဲ့

(°◡°♡) အချစ်ဆိုတာ ချိုလိမ့်မယ်

(16) Life is the flower for which love is the honey.( Victor Hugo )
ဘ၀ဆိုတာ ပန်းတစ်ပွင့်ပါ အဲဒီအတွက်ကြောင့် အချစ်ဆိုတာ ပျားရည်ဖြစ်လာရတယ်

...……………………………………………………………………………………………………
အထက်က စာကြောင်းမှာ for which နဲ့ဆက်ထားတာကို တွေ့လိုက်တော့ ရှင်းလင်းနားလည်အောင် ရှာဖွေလေ့လာမိတဲ့အခါ သုံးစွဲပုံကို တွေ့ရပါတယ် ၊ မှတ်သားသင့်တယ်လို့ ယူဆတဲ့အတွက် ပူးတွဲဖေါ်ပြလိုက်ပါတယ် ..

~~"For which" refers to an object or event that occurs for the advantage or benefit of another. 
For which ကို .. အရာဝတ္ထုတစ်ခု အဖြစ်အပျက်တစ်ခုဟာ အခြားတစ်ခုရဲ့ အကျိုးအမြတ် အဖြစ် ရရှိလာတဲ့အခါမှာ သုံးပါတယ် ။
(အရင်းခံ အကြောင်းတရားတစ်ခု နဲ့ အကျိုးဆက်တစ်ခု ဆက်စပ်ဖေါ်ပြတဲ့ အခါမျိုးမှာသုံးပါတယ် ၊ ဘ၀ဆိုတာ မရှိရင် အချစ်ဆိုတာလည်း မရှိတော့ဘူးပေါ့ ၊ ဘ၀ဖြစ်လာတဲ့အတွက် အချစ်ဟာ အကျိုးဆက်အဖြစ် ဖြစ်လာရတယ် ဆိုတာမျိုး )

Example: You need to do the laundry, for which I've brought the detergent.
မင်းလျှော်ဖွတ်တာတွေ လုပ်ဖို့လိုအပ်တယ် ၊ အဲဒီအတွက် ငါဆပ်ပြာမှုန့် ၀ယ်ခဲ့ပြီ
(လျှော်ဖွတ်ဖို့လိုတဲ့အတွက် ဆပ်ပြာမှုန့်ဝယ်တာ )

~~ "In which" means that one object or event occurs within another.
In which ကတော့ တစ်ခုခုဟာ အခြားတစ်ခုခုထဲမှာ ပါဝင်နေတာ ဖြစ်တည်နေတာကို ဆိုလိုပါတယ်

Example: This is the book in which I found the famous quote.
နာမည်ကျော်ကြားရည်ညွှန်းစကားတွေ ငါတွေ့ခဲ့တာ ဒီစာအုပ်မှာပဲ

~~ "Of which" indicates an object or event of particular reference.
Of which ကတော့ အရာဝတ္ထုတစ်ခု အဖြစ်အပျက်တစ်ခုကို တိတိကျကျ ဖေါ်ပြချင်တဲ့ အခါ သုံးပါတယ်

Example: I have seven tennis balls, of which three are green and four are yellow.
ငါ့မှာ တင်းနစ်ဘောလုံး ခုနှစ်လုံးရှိပါတယ် ၊ အဲဒီအထဲကမှ သုံးလုံးက အစိမ်းရောင်ဖြစ်ပြီး လေးလုံးက အ၀ါရောင်တွေပါ ။

အားလုံးပျော်ရွှင်ကြပါစေ....


Subject နဲ့ Verb ညီမျှအောင် တွဲဖက်ဖို့ သတိထားဖွယ်ရာလေးတွေ

Subject နဲ့ Verb ညီမျှအောင် တွဲဖက်ဖို့ သတိထားဖွယ်ရာလေးတွေ

(၁) Match singular subjects with singular verbs, plural subjects with plural verbs
ဒါကတော့ သိပြီးသားပေါ့ အနည်း အနည်းချင်း ၊ အများ အများချင်းတွဲရမယ်တဲ့

She runs, They run စသည်ဖြင့် သုံးပြီး
I နဲ့  You ကတော့ အများကိန်း နဲ့ပဲ တွဲပါတယ်
I run, You run..

(၂) Amounts of time and money are usually singular
အချိန်နဲ့ ငွေရဲ့ ပမာဏများကို Singular verb နဲ့ အမြဲ တွဲပါတယ်

Two hours of exercise is good for health.
Ten dollars equals to 7.5 Euros.

(၃) Either/or and neither/nor: Match the verb to the closest subject
အနီးဆုံး Subject နဲ့ လိုက်ဖက်အောင်တွဲရပါမယ် ..

Neither the boys nor the girl is here.
the girl က အနည်းဖြစ်လို့ is ကိုသုံးပါတယ်
Neither the girl nor the boys are happy.
the boys က အများဖြစ်လို့ are ကိုသုံးပါတယ်

(၄) Either and neither, without their partners or and nor, always take a singular verb
or နဲ့ nor မပါပဲ either နဲ့ neither ပဲ သုံးမယ်ဆိုရင် အမြဲပဲ Singular verb နဲ့ တွဲပါတယ်

Either of the apples is..

(၅) When two or more singular nouns or pronouns are connected by or or nor, use a singular verb.
Singular noun တွေကို or (သို့) nor နဲ့ ဆက်ထားရင် Singular verb ကိုပဲ သုံးပါ

The book or the pen is in the drawer.

(၆) All subjects preceded by each and every take a singular verb
Each တို့ ၊ Every တို့ ရှေ့ကနေ ဦးဆောင်လာတဲ့ Subject ကို Singular verb နဲ့ပဲ တွဲပါတယ်

Each CD is mine, every one of the citizens has the same right..

ဒီမှာ everyone နဲ့ every one မတူတာကို သတိထားစေချင်ပါတယ်..
Everyone ဆိုတာက လူတိုင်း လူတိုင်း လူအားလုံးကို ပြောတာ ဖြစ်ပြီး အုပ်စု တစ်ခုလုံးကို ရည်ညွှန်းပါတယ်

Everyone in my family likes spaghetti .

every one ကတော့ လူအားလုံးထဲကမှ တစ်ဦးချင်းစီကို ပြောတာပါ
We wish each and every one of you a Merry Christmas.

(၇) Both, few, several, and many are always plural
Both, few, several နဲ့ many တို့ကို plural verb နဲ့ တွဲသုံးပါတယ်

both/many are qualified, few want the job,  several were hired

(၈)  When the subject of a sentence is composed of two or more nouns or pronouns connected by and, use a plural verb.
ဝါကျ တစ်ခုရဲ့ Subject ဟာ နှစ်ခု သို့မဟုတ် အဲဒီထက်ပိုတဲ့ Noun တွေဖြစ်စေ Pronoun တွေဖြစ်စေ ကို and နဲ့ ဆက်ထားရင် plural verb ကိုသုံးပါ

She and her friends are at the fair.

(၉) Do not be misled by a phrase that comes between the subject and the verb. The verb agrees with the subject, not with a noun or pronoun in the phrase.
Subject နဲ့ verb ရဲ့ ကြားမှာ phrase (စကားစု) ၀င်လာတဲ့ အတွက်ကြောင့် စဉ်းစားတာ မမှားပါစေနဲ့ ၊ အဓိက subject နဲ့ verb ဟာ ဘာလဲဆိုတာ ကြည့်ပြီးညီအောင် ညှိပါ ..

One of the boxes is open
The people who listen to that music are few.
The team captain, as well as his players, is anxious.
The book, including all the chapters in the first section, is boring.
The woman with all the dogs walks down my street.

(၁၀) The words each, each one, either, neither, everyone, everybody, anybody, anyone, nobody, somebody, someone, and no one are singular and require a singular verb.
each, each one, either, neither, everyone, everybody, anybody, anyone, nobody, somebody, someone,  no one တွေက singular ဖြစ်လို့ singular verb နဲ့တွဲပါ ..

Each of these hot dogs is juicy.
Everybody knows Mr. Jones.
Either is correct.

(၁၁) Nouns such as civics, mathematics, dollars, measles, and news require singular verbs.
ဒါတွေက စကားလုံးမှာ ‘s’ ပါနေသော်လည်းပဲ singular verb နဲ့တွဲပါတယ်

The news is on at six.

~ Note: the word dollars is a special case. When talking about an amount of money, it requires a singular verb,
ငွေပမာဏကို ပြောချင်ရင် singular နဲ့တွဲပါတယ် ( အထက်မှာလည်း ပြောခဲ့ပြီးပါပြီ )

Five dollars is a lot of money.

~ but when referring to the dollars themselves, a plural verb is required.
ဒေါ်လာငွေကြေးကို ညွှန်းလိုတဲ့အခါမှာတော့ plural verb လိုပါတယ်..

Dollars are often used instead of rubles in Russia.

(၁၂) Nouns such as scissors, tweezers (ဇာကနာ) , spectacles, eye glasses and trousers require plural verbs. (There are two parts to these things.)
အစိတ်အပိုင်း နှစ်ခုပေါင်းပြီး တစ်ခုဖြစ်လာတာမျိုးတွေကို plural verb နဲ့ တွဲသုံးပါတယ်

These scissors are dull.
Those trousers are made of wool.

(၁၃) In sentences beginning with there is or there are, the subject follows the verb. Since there is not the subject, the verb agrees with what follows.
There is နဲ့ There are ကတော့ နောက်ကလိုက်လာတာကို ကြည့်ပြီး သုံးပါ

There are many questions.
many questions ဖြစ်လို့ three are နဲ့ စလိုက်တယ်
There is a question.
a question ဖြစ်လို့ There is နဲ့ စလိုက်တယ်

(၁၄) Collective nouns are words that imply more than one person but that are considered singular and take a singular verb, such as group, team, committee, class, and family.
Collective noun လို့ခေါ်တဲ့ အစုအဖွဲ့တွေကျတော့ တစ်ဦးထက်ပိုပြီး ပါဝင်နေသ်ာလည်းပဲ အစုအဖွဲ့ တစ်ခုလုံးကို ညွှန်းလိုတဲ့အတွက် Singular verb နဲ့ပဲ တွဲပါ

The team runs during practice.
The committee decides how to proceed.
The family has a long history.
My family has never been able to agree.

(၁၅) Expressions such as with, together with, including, accompanied by, in addition to, or as well do not change the number of the subject. If the subject is singular, the verb is too.
with, together with, including, accompanied by, in addition to,  as well တွေနဲ့ ၀ါကျကို ဆက်ထားသော်လည်းပဲ မူလ Subject နဲ့ပဲ verb ကိုညီအောင်တွဲပါ ..

The President, accompanied by his wife, is traveling to India.
All of the books, including yours, are in that box.

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
အတွဲလေးတွေ မှန်ဖို့က အရေးကြီးတယ်နော်..
ဘ၀မှာလည်း အတွဲလေးတွေ မှန်အောင် ရွေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်.. 8)


ခေတ်သုံးအင်္ဂလိပ်

ခေတ်သုံး အင်္ဂလိပ် စာလုံးတွဲလေးများ

ခေါင်းစဉ်ကို ကြည့်ပြီး အခုခေတ်မှာ သုံးနေတဲ့ စာလုံးတွဲလေးတွေကို ဖတ်မထား သိမထားရင် ခေတ်နောက်ကျ ကျန်ခဲ့မယ်လို့ အတွေးပေါက်နိုင်ပါတယ် ၊ ဖတ်သူကို ဆွဲဆောင်လိုတဲ့ အတွက် ဒီခေါင်းစဉ်လေး တပ်လိုက်ပါတယ် ၊ တကယ်တန်းမှာလည်း ဟိုး..ရှေးခေတ်တုန်းက မရှိခဲ့တဲ့ facebook တို့ Google တို့ နဲ့ ဆက်စပ်နေတဲ့ စာလုံးတွေလည်း ပါနေတော့ လိုက်ဖက်ပါတယ်လို့လည်း ယူဆနိုင်ပါတယ် ။ ဘာသာစကားတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ဖို့ လေ့လာတဲ့အခါ four skills လို့ ပြောကြတဲ့ listening, speaking, reading, writing တွေကို လေ့ကျင့် ၊ လေ့လာကြရတယ် ၊ ပိုပြီး ချဲ့ထွင်ချင်တဲ့ သူတွေကျတော့ ဘာသာစကားတစ်ခုဟာ စောင့်ကြည့်ဖို့ (watching) လည်းလိုတယ်လို့ ဆိုပြန်ပါတယ် ၊ စကားလုံး အသစ်တွေ ၊ သုံးစွဲပုံတွေ ၊ ရေးဟန်တွေက စလို့ ဘာသာစကားရဲ့ ပြောင်းလဲမှုတွေကိုပေါ့ ၊ အဲလိုဆိုတော့ five skills ဖြစ်သွားပြီပဲ ၊ ကျနော်ဖြင့် four skills မှာတောင် မရလို့ ချာလပတ်ရမ်းနေတာ five skills ဆိုတော့ ပိုဝေးသွားပြီလို့ ဆိုရမှာပါ ၊ ဒါပေမယ့်လည်း ကျနော်တို့နဲ့ ထိစပ်ပတ်သက်ရာ ပတ်ဝန်းကျင်ကနေ မကြာမကြာ ခလုတ်တိုက်မိတဲ့ စကားလုံးလေးတွေကိုတော့ ကောက်ယူ လှန်လှော မိတတ်ပါတယ် ၊ အဲသလို လှန်လှောမိတဲ့ အရာလေးတွေကို ပြန်ပြောကြည့်တဲ့ ၀ါသနာ ကျနော်မှာ ပါတာကြောင့် အလျဉ်မပျက်ရအောင် တင်ဆက်လိုက်ပါတယ်ခင်ဗျာ..

(1) love at first profile picture

Definition : When love at first sight blossoms for people who met on facebook.
Facebook ထဲမှာ စပြီးတွေ့တွေ့ချင်း ( profile picture လေးကို မြင်ပြီး ပြီးချင်းမှာ) ချစ်သွားတာ

example : She met him after sending a friend request. It was love at first profile picture for her.
သူငယ်ချင်းဖြစ်ခွင့် မေတ္တာရပ်ခံချက် လေးတစ်ခု ပို့ပြီးနောက်ပိုင်းမှာ သူမဟာ သူ့ကိုတွေ့ခဲ့ပါတယ် ၊ အဲဒါဟာ သူမအတွက် ကိုယ်ရေးအချက်အလက် မှတ်တမ်းပေါ်က ဓါတ်ပုံလေးကို မြင်ပြီး ပြီးချင်းမှာ ချစ်တဲ့အချစ် တစ်ခု ဖြစ်သွားခဲ့ပါတယ် ။ ( အကုန်မြန်မာမှု ပြုလိုက်ရတာ ရှည်ထှာဗျာ)

အထက်က စကားလုံးလေးဟာ love at first sight ( မြင်မြင်ချင်း ချစ်မိသွားတယ်) ကနေ ပွားယူလိုက်တာပါ ၊

Exp: Is love at first sight possible ?
မြင်မြင်ချင်းချစ်တယ်ဆိုတာ ဖြစ်နိုင်ပါရဲ့လား ။

အဲသလိုပဲ friend at first sight ( မြင်မြင်ချင်းပဲ သူငယ်ချင်းဖြစ်သွားတယ် ) ဆိုတာလည်း ရပါသေးတယ်

Exp : I knew as soon as we shook hands, it was friend at first sight.
လက်ဆွဲနှုတ်ဆက်ကြလို့ ပြီးပြီးချင်းမှာ ကျနော်သိလိုက်တယ် ၊ တွေ့တွေ့ချင်းပဲ သူငယ်ချင်း ဖြစ်သွားတယ်လို့ ။

(2) Facebook Coma

Def : Someone who is always on Facebook and neglects their job or family.
Facebook ထဲမှာမေ့မျောနေတာ

Exp : "Kim is constantly on Facebook at work and refuses to do his job. We need to get him out of his Facebook coma."
အလုပ်ထဲမှာဆို Kim က facebook မှာ အသေပဲ (ပုံသေပဲ) သူ့အလုပ်ကိုသူ လုပ်ဖို့လည်း ငြင်းတယ် ၊ ကျနော်တို့က သူ့ကို facebook ထဲမှာ မေ့မျောနေရာကနေ ဆွဲထုတ်ဖို့ လိုအပ်တယ် ။

(3) Friending spree..

Def : Randomly adding anyone who come across on a social network, including complete strangers.
Facebook လိုမျိုး Social network တွေမှာ တွေ့သမျှလူတွေကို add နေတာ

Exp: Hey, Paul's on a friending spree, he's got a 1000 friends already on his facebook.
ဟေး .. Paul ကတော့ တွေ့သမျှလူ အကုန်လိုက်ပြီး add နေတယ်ဟေ့ ၊ သူ့ facebook မှာ သူငယ်ချင်း အယောက် ၁၀၀၀ ရပြီးနေပြီ ။

အဲဒီမှာ spree ကအသစ်ဖြစ်နေတော့ ဘာလဲဆိုပြီး ရှာကြည့်တဲ့အခါ with no limits or boundaries လို့ တွေ့ပါတယ်..အဲဒီတော့ Friending spree ဆိုတာ ကန့်သတ်ချက် ဘောင်တွေမထားပဲ တွေ့သမျှလူကို friend အဖြစ် add နေတယ်လို့ အဓိပ္ပါယ်ပြည့်စုံသွားပါတယ်..

(4) Ghost post..

Def: A comment on a Facebook item (e.g. status, note, etc) that was removed by the author due to A) misspelling, B) stupid remark, C) awkward input, or D) other.

တစ္ဆေတင်တဲ့ post ၊  မမြင်လိုက်ရတဲ့ comment  ၊ တင်ပြီးမှ မကြိုက်လို့ comment ကို ပြန်ဖျက်လိုက်တဲ့အခါ မူလ post တင်သူထံ notification ရောက်သွားသော်လည်း လာပြန်ဖတ်တဲ့အခါ ဘာမှမရှိဖြစ်နေတာ..

Exp:
Facebook: XYZ commented on your note.
XYZ ဟာ သင့်ရဲ့ မှတ်စုပေါ်မှာ မှတ်ချက်ရေးခဲ့ပါတယ်..

Me: ...where's the comment? Jeez, way to ghost post, XYZ..
မှတ်ချက်က ဘယ်မှာလဲ ၊ မတွေ့ပါလား ၊ တင်ပြီးမှ ပြန်ဖျက်လိုက်တဲ့ မှတ်ချက်ပဲ ဖြစ်မယ်..

(5) Facebook Philosopher

Def : An individual whose Facebook statuses are often with wise quotes.
These give the impression that said Facebook user is wise, when in fact they are merely putting on airs.
ပညာရှိတွေရဲ့ ရည်ညွှန်းစကား ၊ ဆုံးမစကားတွေကို မကြာမကြာ သုံးပြီး status တင်လေ့ရှိသူ ၊ အဲဒါတွေက facebook သုံးစွဲသူကို ပညာရှိလို့ အထင်ရောက်စေလိုပြီး ၊ တကယ်တန်းမှာတော့ သူများထက်သာတယ်လို့ ပြချင်တဲ့ ဟိတ်ဟန်ထုတ်မှုတွေသာ ဖြစ်တယ် ..

Exp:
A: "Wow, Jeff is pretty deep!"
အိုး.. Jeff က သိပ်ကို နက်နဲတာပဲ !
B: "Nah, he's just a Facebook Philosopher"
မဟုတ်ပါဘူး ၊ သူက Facebook Philosopher မျှသာပါ ။

အဲဒီမှာ put on airs ဆိုတဲ့ စကားလုံးလေးက အသုံးဆန်း idiom လေးဖြစ်ပါတယ် definition က
to act better than one really is; to pretend to be good or to be superior. တဲ့ ၊ အထင်ကြီးအောင် အပိုတွေ လုပ်ပြနေတယ်လို့ ဆိုလိုတာပါ ။

Exp:
Pay no attention to her. She is just putting on airs.
သူ့ကို အာရုံစိုက်မနေနဲ့ ၊ သူက အထင်ကြီးအောင် အပိုတွေ လုပ်ပြနေတာ..

(6) Google smart

Def : When someone has to google a topic, then post the information, as if they came up with it all .
တစုံတစ်ယောက်က အကြောင်းအရာ တစ်ခုကို google ကနေရှာပြီးတော့မှ သူ့ကိုယ်ပိုင်လို လုပ်ပြီး post တင်တဲ့သူ

Exp:

Dude 1: Wolfgang Amadeus Mozart, baptismal name Johannes Chrysostomus Wolfgangus Theophilus Mozart, was a prolific and influential composer of the Classical era. Mozart showed prodigious ability from his earliest childhood.
(ပထမကောင်လေးက ဂီတပညာရှင်ကြီး မိုဇက် အကြောင်းကို ငယ်ဘ၀ကနေစပြီး သေသေချာချာ အသေးစိတ်ပြောပြနေတာ)

Dude 2: Wow, you're Google smart, dude!
အိုး ..မင်းက Google ကနေ ရှာတာ သိပ်တော်ပါလား Google smart ပဲ ကောင်လေး  (နှိပ်ထည့်လိုက်ပြီ)

ကျနော်လည်း မြန်မာလို ရေးတာတွေကလွဲလို့ ကျန်တာတွေအားလုံးက google smart ပါပဲခင်ဗျာ.. စာလုံးရေကနည်းပေမယ့် ရှင်းလင်းရတာတွေက များနေလို့ ဒီမှာပဲ နားလိုက်ပါဦးမယ် ၊ ဆက်တိုက် ဆိုသလို ရေးနေပါဦးမယ် ၊ ဖတ်မပေးရင်တော့ ထပ်မရေးတော့ဘူးနော် ..

I wish a wish for You. Its a wish I wish for few.
The wish I wish for You is that all your wishes come true.
So keep wishing as my best wishes are always with You.
GOOD LUCK.


Three-word phrases

သုံးလုံးတွဲ စကားလုံးလေးတွေကလည်း ကျနော်တို့ တွေ့နေမြင်နေကျ စကားလုံး လွယ်လွယ်လေးတွေနဲ့ ပေါင်းစပ်ထားကြတာပါ ၊ ဒါပေမယ့် အဓိပ္ပါယ် တွေကတော့ ကျယ်ဝန်းလာပါတယ် ၊ သုံးရတာလည်း အခက်ကြီးတွေတော့ မဟုတ်ပါဘူး ၊ ဘာသာရပ်ဆိုင်ရာ ဆရာတွေကတော့ ဒီစကားလုံးလေးတွေဟာ ပေးတဲ့ အဓိပ္ပါယ်ရဲ့ သဘာဝကို ပိုပြီး ပေါ်လွင်စေတယ်လို့ ပြောကြပါတယ် ..

Three word expressions

1) black and white = အဖြူအမဲ သဲကွဲစွာ ၊ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား ၊ တိတိကျကျ

"He told her in black and white that she couldn't leave the house while he was out."
သူက ၊ သူမရှိတဲ့အခိုက်မှာ အိမ်ကို ပစ်ပြီး အပြင်ကိုထွက်မသွားဖို့ သူမကို ပြတ်ပြတ်သားသား ပြောတယ် ။

2) dos and don'ts = ဆောင်ရန်ရှောင်ရန် စည်းကမ်းချက်တွေ

"There are various do's and don'ts about driving in Korea"
ကိုရီးယားမှာ ကားမောင်းဖို့ရာ ဆောင်ရန်ရှောင်ရန် စည်းကမ်းချက်တွေ အမျိုးမျိုး ရှိတယ် ။

3) haves and have nots = ပိုက်ဆံရှိတဲ့သူတွေနဲ့ မရှိတဲ့သူတွေ

"In Myanmar you can find the haves and have nots of the population."
မြန်မာမှာ ပိုက်ဆံရှိတဲ့သူတွေနဲ့ မရှိတဲ့သူတွေကို တွေ့နိုင်တယ် ။

4) ins and outs = အသေးစိတ် အချက်အလက်များ

"I don't know the ins and outs of the situation, so I can't really advise you."
အဖြစ်အပျက်ရဲ့ အသေးစိတ်အချက်အလက်တွေကို ကျနော်မသိပါဘူး ၊ ဒါကြောင့် ကျနော် အကြံမပေးနိုင်ပါဘူး ။

5) odds and ends = အမျိုးမျိုးသော အတိုအစလေးတွေ

"She made a dish with the odds and ends she found in the fridge."
သူက ရေခဲ့သေတ္တာထဲမှာ တွေ့တဲ့ အတိုအစလေးတွေ နဲ့ ဟင်းလျာတစ်ခွက် လုပ်လိုက်တယ် ။

6) P's and Q's = ယဉ်ကျေးဖွယ်ရာ အပြုအမူလေးတွေ ၊ အပြောအဆိုလေးတွေ

"Mind your P's and Q's when you visit them!"
မင်းသူတို့ဆီကို အလည်သွားတဲ့ အခါ ယဉ်ကျေးဖွယ်ရာ အပြုအမူလေးတွေကို ဂရုစိုက်ပါ (သတိထားပါ ) ။

7) pros and cons = ကောင်းချက်နဲ့ ဆိုးကွက်တွေ ၊ အကျိုးနဲ့ အပြစ်

"There are a few pros and cons that we should consider before buying a new car"
ကောင်းကွက်နဲ့ ဆိုးကွက်တွေ နဲနဲ ရှိတဲ့အတွက်ကြောင့် ကားသစ်တစ်စီး မ၀ယ်ခင် တို့ စဉ်းစားသင့်တယ် ။

8) rights and wrongs = အမှားတွေ အမှန်တွေ ၊

"Regardless of the rights and wrongs of company policy, you need to give a month's notice."
ကုမ္ပဏီရဲ့ ပေါ်လစီ ( မူဝါဒ ) အမှန်တွေ အမှားတွေ ထည့်တွက်မနေပဲနဲ့ တစ်လကြိုတင်ပြီး သတိပေးချက်ထုတ်ဖို့လိုအပ်တယ် ။

9) tried and tested = ကောင်းကောင်း စမ်းထားကြည့်ပြီးတဲ့ ၊ စိတ်ချရတဲ့

"Using salt is a tried and tested way of getting red wine out of a carpet."
ဆားကို သုံးခြင်းဟာ ကော်ဇောမှာစွန်းနေတဲ့ ၀ိုင်အနီတွေကို ချွတ်တဲ့ ကောင်းကောင်း စမ်းသပ်ထားပြီးသား နည်းလမ်းတစ်ခုပါ ။

10)  ups and downs = အတက်အကျတွေ ၊ ဘ၀မှာ ကောင်းတဲ့အချိန်တွေနဲ့ ဆိုးတဲ့အချိန်တွေ

"They have a lot of ups and downs in their relationship."
သူတို့ရဲ့ ဆက်ဆံရေးမှာ အတက်အကျတွေ အများကြီး ရှိခဲ့တယ် ။

Life is full of ups and downs.
ဘ၀ဆိုတာ အတက်တွေ အကျတွေနဲ့ ပြည့်နေတယ် ။

11)  come and go = နေရာတစ်ခုကို လွပ်လွပ်လပ်လပ် သွားဖို့လာဖို့ ခွင့်ပြုတယ်

"Feel free to come and go as you please!"
ခင်ဗျား စိတ်ကျေနပ်သလို လွပ်လွပ် လပ်လပ် လာချင်လာ ၊ သွားချင်သွား လုပ်ပါ  (လုပ်နိုင်ပါတယ်) ။

12)  cat and mouse =  တစ်စုံတစ်ခုကို ကြောင်နဲ့ကြွက် ကစားသလို ကစားတယ် ၊ ထင်သလိုခြယ်လှယ်လုပ်ကိုင်နေတယ် ၊

play (a) cat and mouse ( game ), play a cat and mouse စသည်ဖြင့်သုံးတယ်

"Our football team can play a cat and mouse game with the Korean team"
ကျနော်တို့ ဘောလုံးအသင်းက ကိုရီးယားအသင်းကို ကောင်းကောင်း ခြယ်လှယ် ကစားနိုင်တယ် ( ပညာပြ ကစားနိုင်တယ် )

She is playing a cat and mouth with me .
သူမက ကျနော့်ကို ကြောင်က ကြွက်ကို ကစားသလို လုပ်နေတယ် ။

13)  by and large = ယေဘူယျအားဖြင့်

"By and large, our customers prefer good service to low prices."
ယေဘူယျအားဖြင့်တော့ ကျနော်တို့ ဖေါက်သည်တွေက ဈေးနှုန်းနိမ့်တာထက် ၀န်ဆောင်မှု ပိုကောင်းတာကို နှစ်ခြိုက် ကြတယ် ။

14)  flesh and blood = အသွေးအသား ၊ မိသားစုဝင် ၊ ဆွေမျိုးရင်းချာ
  own flesh and blood လည်းသုံးပါတယ်

"I have to help him if I can – he's my flesh and blood."
ကျနော်ကူညီနိင်ရင် သူ့ကို ကူညီရမယ် ၊ သူက ကျနော့်ရဲ့ ဆွေမျိုးရင်းချာလေ ။

I couldn't send him away - he's my own flesh and blood.
ကျနော်သူ့ကို အဝေး မပို့နိုင်ဘူး ၊ သူက ကျနော်ရဲ့ သွေးသားရင်းချာပါ ။

15)  down and out = ပိုက်ဆံမရှိလို့ လမ်းပေါ်မှာပဲ နေရသူ

"There are too many young down and outs in Yangon."
ပိုက်ဆံမရှိလို့ လမ်းပေါ်မှာပဲ နေကြရတဲ့ လူငယ်လေးတွေ ရန်ကုန်မှာ အများကြီးပဲ ။

16)  Dead and buried = သေဆုံးမြှုပ်နှံလိုက်ပြီ ၊ ပြီးဆုံးသွားလို့ ပြန်မပေါ်လာနိုင်တော့တဲ့ အရာ

My dreams are all dead and buried .
ကျနော့် အိပ်မက်တွေ အားလုံး ပြီးဆုံးပျောက်ကွယ်သွားပါပြီ ။

17)  Spick and span = သိပ်ကို သန့်ရှင်းသပ်ရပ်တယ်

"Her house is spick and span at all times."
သူ့ရဲ့ အိမ်က အချိန်တိုင်းပဲ သန့်ရှင်းသပ်ရပ်နေတယ် ။

18)  To and fro = အသွားအပြန် ၊ သွားလိုက်ပြန်လိုက်
( To and from လည်းသုံးနိုင်သလို ၊ back and forth လည်းသုံးနိုင်ပါတယ် )

"I'm exhausted – I've been going to and fro all week!"
တစ်ပတ်လုံးသွားလိုက်ပြန်လိုက် လုပ်နေရလို့ ကျနော်မောရတယ် ။

Taungyi Airways  fly to and from Korea.
တောင်ကြီးလေကြောင်းလိုင်းက ကိုရီးယားနဲ့ အသွားအပြန် ရှိတယ် (ပျံသန်းတယ်) ။

You can go back and forth as much as you please.
မင်းစိတ်တိုင်းကျ သွားလိုက်ပြန်လိုက် ကြိုက်သလောက် လုပ်နိုင်တယ် ။

19)  Around and about = ဟိုနား ဒီနား ( ဘယ်နေရာဆိုတာ တိတိကျကျ မပြောလိုတဲ့အခါ )

"Where have you been – I've been worried!"
မင်းဘယ်နေရာရောက်နေတာလဲ ၊ ဒီမှာ စိတ်ပူနေတယ်
"Oh, around and about, you know."
အိုး! သိတယ်မဟုတ်လား ၊ ဟိုနားဒီနားလေးပါ ။

20)  Hide and seek = တူတူပုန်းတမ်းကစားတာ ၊ ပစ္စည်းဖွက်တမ်းကစားတာ

" Lets play hide and seek with the TV remote control! "
TV remote ကို ဖွက်တမ်းရှာတမ်း ကစားရအောင် !

If you wanna play hide and seek with love, let me remind you.
မင်းက အချစ်နဲ့ တူတူပုန်တမ်းကစားချင်တယ် ဆိုရင် ငါမင်းကိုသတိပေးပါရစေ ..

21)   Wine and dine = ညစာ ၊ ၀ိုင်အရက်စတဲ့ တန်ဘိုးကြီး အစားအသောက်တွေနဲ့ ဧည့်ခံကျွေးမွေးတာ ( ၀ိုင်မပါလည်း သုံးတာပါပဲ )

"He's well-known for wining and dining his business partners."
သူက စီပွားရေးမိတ်ဆွေတွေကို ကျွေးမွေးဧည့်ခံတတ်တာမှာ လူသိများတယ် ။

22)  Bread and butter = ပင်မအလုပ် ၊ အသက်မွေးဝမ်းကျောင်းအလုပ် ၊ ထမင်းရှင် ၊

Teaching at the college is his bread and butter.
ကောလိပ်မှာ စာသင်ပေးတာက သူ့ရဲ့ ပင်မ အလုပ်ပါ ။

Our customers are our bread and butter, so treat them with respect.
ကျနော်တို့ ဖေါက်သည်တွေက ကျနော်တို့ရဲ့ ထမင်းရှင်တွေပါ ၊ ဒါကြောင့် သူတို့ကို လေးလေးစားစား ဆက်ဆံပါ ။

23)  trial and error = တစ်ခုခု ပြီးမြောက်အောင်မြင်မှုအတွက် စမ်းသပ်လုပ်ဆောင်မှုတွေကို ထပ်ခါထပ်ခါ အမှားခံပြီး ၊ အမှားတွေကနေ အဖြေရှာပြီး လုပ်ဆောင်တာ

I finally found the right key for Windows Vista after lots of trial and error.
အမှားခံပြီး စမ်းသပ်လုပ်ဆောင်မှုတွေ အများကြီးလုပ်ပြီးတဲ့အခါ နောက်ဆုံးမှာ Windows Vista အတွက် key အမှန်ကို တွေ့ခဲ့တယ် ။

Sometimes trial and error is the only way to get something done.
တခါတလေမှာတော့ မှားလည်းမှားပါစေဆိုပြီး စမ်းသပ်လုပ်ဆောင်မှုဟာ တစ်ခုခုကို ပြီးစီးဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပါပဲ ။

24)  Up and running = တက်တက်ကြွကြွ ကောင်းကောင်းမွန်မွန်နဲ့ လုပ်ဆောင်နေတာ ၊ သက်ဝင်လှုပ်ရှားတာ

"The new company is now up and running."
ကုမ္ပဏီ အသစ်က တက်တက်ကြွကြွနဲ့ လုပ်ဆောင်နေတယ်

It took several years to get the law practice up and running.
ဥပဒေနဲ့ကျင့်သားရပြီး  သက်ဝင်လှုပ်ရှားလာဖို့ နှစ်တော်တော်ကြာခဲ့ပါတယ် ။

25)  Done and dusted = အောင်မြင်စွာလုပ်ဆောင်ပြီးဆုံးသွားတာ 

We expect the deal to be done and dusted before the end of next week.
နောက်တစ်ပတ် မကုန်ဆုံးခင်မှာ ဆွေးနွေးညှိနှိုင်းမှု အောင်မြင်စွာပြီးဆုံးသွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ် ။



Posted via Blogaway


.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform