စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 9 June 2016

Adjective တစ်လုံးထက်ပိုတဲ့အခါ

Adjective လေးတွေ တစ်လုံးထက်ပိုသုံးတဲ့အခါ ဒီလိုစဉ်ပါ

ကျနော်တို့ ပြောဆိုရေးသားတဲ့အခါ အရာဝတ္တုတွေ လူပုဂ္ဂိုလ်တွေ အမည်နာမတွေကို ပိုပြီး ရုပ်လုံးပေါ် ပီပြင်လာအောင် ခြယ်သဖေါ်ပြလေ့ရှိပါတယ် ၊ နာမ် ( noun ) တွေကို နာမ၀ိသေသန ( adjective ) တွေနဲ့ ညွှန်းဆိုတဲ့အခါ.. တစ်ခါတရံ adjective တစ်လုံးထက် ပိုသုံးရတာတွေ ရှိလာတတ်ပါတယ် ၊  အဲဒီအခါမှာ ဘယ်သူ့ကို ရှေ့ကထားမယ် ဘယ်သူ့ကို နောက်ကထားမယ် ဆိုတာ ဦးနှောက်စားစရာ တစ်ခုဖြစ်လာနိုင်ပါတယ် ၊ ချောချောမွေ့မွေ့နဲ့  စည်းကမ်းအတိုင်းဖြစ်ဖို့ ဆိုရင်တော့ ဘယ်လို ရှေ့နောက်စဉ်တယ်ဆိုတဲ့ အစီအစဉ်လေးကို သိထားဖို့ လိုပါတယ် ၊ သိသွားပြီဆိုရင် ဘယ်လိုစဉ်မလဲ ဆိုတာ ဦးနှောက်စားဖို့ မလိုတော့ဘူးပေါ့  ၊ အဲဒါကြောင့် ကျနော်ကပဲ ဦးနှောက် အစားခံပြီး တင်ဆက်လိုက်ပါတယ်ခင်ဗျာ..

When you use more than one adjective, you have to put them in the right order, according to type. This page will explain the different types of adjectives and the correct order for them.

Opinion, Appearance, Age, Colour, Origin, Religion, Material, Noun, Purpose လို့ အနှစ်ချုပ် မှတ်သားနိုင်ပါတယ်

အမျိုးအစားခွဲထားပုံတွေကို အစီအစဉ်အတိုင်း ရေးသွားပါမယ်

(၁) Opinion  ထင်မြင်ယူဆချက် ၊ အမြင်

An opinion adjective explains what you think about something (other people may not agree with you).
တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး ပြောသူရဲ့ ထင်မြင်ယူဆချက်ကို ဖေါ်ပြပါတယ် ၊ အခြားသူများနဲ့ တူချင်မှလည်း တူပါလိမ့်မယ်

Example: silly, beautiful, horrible, difficult…

ဥပမာ … Ko Win Naing Oo is a handsome guy. ဆိုပါစို့ ၊ ကြည့်မရတဲ့သူကတော့ handsome ဆိုတဲ့စကားလုံးကို သဘောတူမှာ မဟုတ်ဘူး ugly guy လို့ ထင်ချင်လဲထင်မှာပဲ အမြင် တူချင်မှတူမယ်ဆိုတာ အဲဒါမျိုးကိုပြောတာ ၊ ( တကယ်တော့ ချောမှချော )

(၂) Appearance ( မြင်ရတဲ့ အနေအထား ၊ အသွင် သဏ္ဍာန် )

~ size/measure:  big, small, high, low, large, tiny, little …

~ shape:  round, circular, square , flat,.. (လုံးဝန်းတဲ့ ၊ စက်ဝိုင်းပုံ ၊ လေးထောင့်ပုံ
၊ ပြားတဲ့ ) .. စသည်ဖြင့်

~ condition : broken, cracked (အက်နေတဲ့), rotten,…, ripped, fresh,

(၃) Age  (သက်တမ်း)

An age adjective tells you how young or old something or someone is.
တစ်စုံတစ်ခုရဲ့ သက်တမ်းကို ပြောပြတဲ့ adjective ပေါ့

For example: ancient, new, young, old, …

(၄) Colour ( အရောင် )

A colour adjective, of course, describes the colour of something.
အရောင် ကတော့ အရောင်ပေါ့

For example: blue, pink, reddish, grey, …

(၅) Origin ( မူရင်းဒေသ ၊ ဇစ်မြစ် )

An origin adjective describes where something comes from.
ဘယ်နေရာကနေ လာသလဲ ဖေါ်ပြတယ်..

For example: French, lunar (လ), American, eastern(အရှေ့တိုင်း), Greek…

(၆) Religion ( ဘာသာတရား )

Example: Buddhist, Christian, Moslem(Muslim), Atheist ( Ethic ကျင့်ဝတ်များကို လိုက်နာသူ)

(၇) Material ( ပစ္စည်း ၀တ္ထု )

A material adjective describes what something is made from.
ဘာနဲ့ပြုလုပ်ထားသလဲ ဆိုတာကိုဖေါ်ပြတယ်

For example: wooden, metal, cotton, paper

(၈) Noun used as an adjective ( Adjective ကဲ့သို့သုံးသော Noun )

Example : campus တက္ကသိုလ်နယ်မြေ (as in 'campus activities').
.
(၉) Purpose ( ရည်ရွယ်ချက် )

A purpose adjective describes what something is used for. These adjectives often end with “-ing”.
ဘာအတွက် အသုံးပြုမှာလဲဆိုတာကို ဖေါ်ပြပါတယ် ၊ -ing နဲ့ အဆုံးသတ်လေ့ ရှိပါတယ်..

Example : Fishing net ( ငါးဖမ်းပိုက်ကွန် ) ၊ Baking soda ( မုန့့််ဖုတ်ဆိုဒါမှုန့်) ၊ cooking pot (ဟင်းထမင်း ချက်တဲ့အိုး )…. စသည်တို့ ဖြစ်ပါတယ်

အစီအစဉ်အားလုံးအတွက် နမူနာတွေကတော့
I love that really old, big, green, antique car.
My brother has a beautiful, big, black and white bulldog.
A wonderful, old, Italian clock.
ှုI want to buy a beautiful, new, blue, Japanese car.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အပို မှတ်သားစရာလေးတွေ ကတော့

(၁) When there are two or more adjectives that are from the same group, the word and is placed between the two adjectives:
အုပ်စုတူတဲ့ adjective နှစ်ခုထပ်သုံးရင် and နဲ့ ဆက်ပေးရမယ်

Example :

She was wearing a  blue  and yellow dress.
The library has old and new books.

(၂) Adjectives are never plural. Therefore, when the adjective contains a number and noun, the noun associated with the number is singular.
နာမ၀ိသသေန (Adjective) တွေဟာ အများကိန်းမရှိပါဘူး ။
ကိန်းဂဏန်း (Number) တစ်ခုကို နာမ် (Noun) တစ်ခုနဲ့တွဲပြီး နာမ၀ိသေသန လုပ်ထားတာမျိုး တွေ့ခဲ့ရင် နာမ် ( Noun) ဟာ အနည်းကိန်း (Singular) ဖြစ်ရပါမယ် ..

This is a three-year-old car. CORRECT
This is a three-years-old car. INCORRECT

Three-year-old ဆိုတဲ့ adj အတွဲမှာ ရှေ့က ဂဏန်း three ရှိနေသော်လည်းပဲ နောက်က noun ဖြစ်တဲ့ year မှာ “s” ပေါင်းထည့့််လို့မရဘူး ၊ ဒီ သုံးလုံးက အလယ်မှာ hyphen ခံထားတဲ့အတွက် အားလုံးပေါင်းမှ တစ်လုံးပဲ ဖြစ်တယ် ၊

(၃) Use commas after each adjective except the last one (no comma between the last adjective and the noun).
နောက်ဆုံး adj တစ်ခုကလွဲပြီး ရှေ့က adj တွေကို coma ခြားပြီး ရေးပါ  ( Coma မခြားပဲ ရေးတာတွေလည်း တွေ့မိပါတယ် ၊ coma ခြားတာကတော့ ပိုပြီး formal ဖြစ်ပုံရပါတယ် )

Example : Alice prefers black, Italian, leather furniture.

(၄) If an adjective has 2 words, do not put a comma between the words.
Adj ဟာ နှစ်လုံးတွဲပြီးသား ဖြစ်နေရင် coma မထည့် ပါနဲ့တော့

Example : These are delicious, huge, chocolate chip cookies!

Chocolate chip မှာ coma ထည့်စရာ မလိုတော့ပါဘူး ။

(၅) You may sometimes wish to change the order for emphasis. Consider the following conversations:
အလေးပေးပြောချင်တဲ့အတွက် အစီအစဉ်ကို တမင်တကာ ပြောင်းပစ်လိုက်တာမျိုးတွေလည်း ရှိတတ်ပါတယ်..

Conversation 1

A "I want to buy a round table."
B "Do you want a new round table or an old round table?"
ဒါကအစီအစဉ်  အမှန်အတိုင်းပါပဲ

Conversation 2

A "I want to buy an old table".
B "Do you want a round old table or a square old table?"
Or နဲ့ ဆက်ဖို့ သင့်တော်အောင် အစီအစဉ် ပြောင်းလိုက်တာကို တွေ့နိုင်ပါတယ်

(၆) It is very unusual to have more than three adjectives.
Adjective သုံးလုံး (တချို့က ငါးလုံး) ထက် ပိုသုံးရင် စာကြောင်းမလှတော့ဘူး ၊ စာကြောင်းခွဲလိုက်ပါ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကဲတော်လောက်ပါပြီ ၊ နည်းနည်းများသွားသလိုပါပဲ ခေါင်းတောင်မူးချင်လာပြီ ..ပေါ့ပေါ့ပါးပါးလေးတွေလည်း ရေးပါဦးမယ် ၊ တလှည့့််စီပေါ့နော..

ငြိမ်းအေးသာယာ ရှိကြပါစေ..


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform