စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 9 June 2016

အချစ် ၁

အချစ်ဆိုတဲ့ အသံကြားရင် လူတိုင်း ရင်ခုန်သွားတတ်ကြပါတယ် ၊ အသက်အရွယ်ကြောင့် အနှေး အမြန် ကွာချင်လည်း ကွာမယ်ပေါ့ ၊ အချစ်ကြောင့် ကမ္ဘာကြီးဟာ လည်ပတ်နေတယ်လို့ တင်စားသူတွေ ရှိသလို အချစ်ဟာ ပေါင်မုန့်ကို ဖန်တီးမပေးဘူးလို့ ဆိုသူတွေလည်းရှိပါတယ် ၊ သူတို့ ဘယ်လိုပဲ ဆိုကြပါစေ ဟောဒီနေရာကို လာရောက် ဖတ်ရှုသူတွေကတော့ ရင်ခုန်သံလေးတွေ ဖလတ်ဖလတ်ထနေကြတဲ့ လူငယ်လေးတွေ များတာကြောင့် အချစ်နဲ့ ပတ်သက်ရင် ဖတ်ချင်နေကြတာပါပဲ ၊ အဲဒါကြောင့်မို့ အချစ်နဲ့ပတ်သက်တဲ့ ရည်ညွှန်းစကားလေးတွေကို ထပ်မံရှာဖွေပြီး မြန်မာမှုပြုကာ တင်ဆက်လိုက်ပါတယ်ဗျာ..

^_^ ^_^ အဝေးရောက်ချစ်သူများအတွက် ရည်ညွှန်းစကားလေးက

(1) Distance is just a test to see how far love can travel.
အကွာအဝေးဆိုတာ အချစ်ဟာ ဘယ်လောက်ဝေးဝေး ခရီးသွားနိုင်သလဲ သိဖို့ စမ်းသပ်ချက်တစ်ခုပါပဲ

^_^ ^_^  သူငယ်ချင်းကနေ ချစ်သူဖြစ်သွားသူတွေ အတွက်

(2) Meeting you was fate, becoming your friend was a choice, but falling in love with you was beyond my control.
မင်းကိုတွေ့ရတာ ကံကြမ္မာကြောင့်ပါ ၊ မင်းရဲ့ သူငယ်ချင်းဖြစ်ရတာ ရွေးချယ်မှု တစ်ခုပါ ၊ မင်းနဲ့ချစ်ခဲ့ရတာကတော့ ကိုယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းကို ကျော်လွန်သွားတဲ့ အရာပါ ။

^_^  သူ့အကြောင်းပဲ တွေးနေတတ်သူတွေ အတွက်

(3) Today I caught myself smiling for no reason… then I realized I was thinking about you.
ဒီနေ့ အကြောင်းမရှိပဲနဲ့  ပြုံးနေမိတာ ကိုယ်ဖာသာ သိလိုက်တယ် ၊ နောက်တော့ မင်းအကြောင်း တွေးနေမိလို့ ဆိုတာကို ကိုယ်သဘောပေါက်သွားတယ် ။

≧◔◡◔≦  အချစ်သမားများအတွက်..

(4) The best use of life is love. The best expression of love is time. The best time to love is now. ( Rick warren)
ဘ၀ကို အကောင်းဆုံး အသုံးချတာက အချစ်ပါ ၊ အချစ်ကို အကောင်းဆုံး ဖေါ်ပြတာက အချိန်ပါ ၊ ချစ်ဖို့ အကောင်းဆုံး အချိန်ကတော့ အခုပါပဲ ။

(5) If you live to be a hundred, I want to live to be a hundred minus one day so I never have to live without you. (A. A. Milne)
မင်းက အသက်တစ်ရာနေရင် ကိုယ်က အသက်တစ်ရာကို တစ်ရက်လျှော့ပြီးနေချင်တယ် ၊ ဒါဆို မင်းမရှိပဲ ကိုယ်မနေရတော့ဘူးပေါ့ ။

〷◠‿◠〷 ဒီလိုလဲ ပြောသေးတယ်

(6) Love is like the wind, you can't see it but you can feel it.
အချစ်ဆိုတာ လေလိုပါပဲ ၊ အဲဒါကို သင်မမြင်နိုင်ပါ ဒါပေမယ့် ခံစားလို့ ရပါတယ်

(7) True love is like ghosts, which everyone talks about and few have seen.
( Francois de La Rochefoucauld)
မှန်ကန်တဲ့ အချစ်ဆိုတာ တစ္ဆေတွေလိုပါပဲ ၊ လူတိုင်းကတော့ သူ့အကြောင်း ပြောနေကြတာပါပဲ ဒါပေမယ့် လူတချို့ပဲ မြင်တွေ့ဖူးကြပါတယ်

(Ɔ ˘⌣˘)♥ သူပြောတာလည်း ဟုတ်သလိုပဲ

(8) Life without love is like a tree without blossoms or fruit. (Khalil Gibran )
အချစ်မရှိတဲ့ဘ၀ဟာ အပွင့်မဝေဆာ အသီးမသီးတဲ့ သစ်ပင်လိုပါပဲ ။

(9) Love is a serious mental disease. ( Plato)
အချစ်ဆိုတာ စိုးရိမ်ရတဲ့ စိတ်ရောဂါ တစ်ခုပါ

(♥‿♥) လုံလောက်အောင်ပေးကြပါစို့

(10) The one thing we can never get enough of is love. And the one thing we never give enough is love. (Henry Miller)
ကျနော်တို့ ဘယ်တော့မှ လုံလောက်အောင် မရတဲ့အရာဟာ အချစ်ဖြစ်ပါတယ် ပြီးတော့ ဘယ်တော့မှ လုံလောက်အောင် မပေးတဲ့ အရာဟာလည်း အချစ်ပါပဲ

(>‿◠)✌ ပေးဆပ်ခြင်းဆိုတာ အချစ်တဲ့လား, ခွင့်လွှတ်မှုကရော ဘာလဲ

(11)The degree of loving is measured by the degree of giving.(Edwin Louis Cole )
အချစ်ရဲ့ဒီဂရီကို ပေးဆပ်ခြင်းနဲ့ တိုင်းတာပါတယ်

(12) Forgiveness is the final form of love. (Reinhold Niebuhr)
ခွင့်လွှတ်မှုဆိုတာ အချစ်ရဲ့ အဆုံးသတ် ပုံစံတစ်ခုပါ

( ⌣́,⌣̀)\(^◡^ ) ဒါကတော့ တစ်မျိုးပဲ

(13) The quarrels of lovers are the renewal of love. (Jean Racine)
ချစ်သူများရဲ့ အငြင်းအခုန်ဖြစ်ခြင်းတွေဟာ အချစ်ကို ပြန်လည်သစ်လွင်စေခြင်း ဖြစ်တယ်

(^◡^ ) ဒီလို မြူးမြူးကြွကြွလေးပဲ ကောင်းပါတယ်

(14) Life is a song - sing it. Life is a game - play it. Life is a challenge - meet it. Life is a dream - realize it. Life is a sacrifice - offer it. Life is love - enjoy it. (Sai Baba)
ဘ၀ဟာ သီချင်းတစ်ပုဒ် - သီဆိုလိုက်ပါ ၊ ဘ၀ဟာ ကစားပွဲတစ်ခု - ဆင်နွဲလိုက်ပါ ၊ ဘ၀ဟာစိန်ခေါ်မှုတစ်ခု - ရင်ဆိုင်လိုက်ပါ ၊ ဘ၀ဟာ အိမ်မက်တစ်ခု - နားလည်လိုက်ပါ ၊ ဘ၀ဟာစွန့်လွှတ်မှုတစ်ခု - ပေးဆပ်လိုက်ပါ ၊ ဘ၀ဟာ အချစ်တစ်ခု - ပျော်ရွှင်ကျေနပ်လိုက်ပါ ။

(>‿♥)  ဒီလိုပဲ ဖြစ်သင့်ပါတယ်

(15) When you fish for love, bait with your heart, not your brain.(Mark Twain)
အချစ်ကို မျှားတဲ့အခါ နှလုံးသားကိုပဲ ငါးစာလိုသုံးပါ ဦးနှောက်ကို မသုံးပါနဲ့

(°◡°♡) အချစ်ဆိုတာ ချိုလိမ့်မယ်

(16) Life is the flower for which love is the honey.( Victor Hugo )
ဘ၀ဆိုတာ ပန်းတစ်ပွင့်ပါ အဲဒီအတွက်ကြောင့် အချစ်ဆိုတာ ပျားရည်ဖြစ်လာရတယ်

...……………………………………………………………………………………………………
အထက်က စာကြောင်းမှာ for which နဲ့ဆက်ထားတာကို တွေ့လိုက်တော့ ရှင်းလင်းနားလည်အောင် ရှာဖွေလေ့လာမိတဲ့အခါ သုံးစွဲပုံကို တွေ့ရပါတယ် ၊ မှတ်သားသင့်တယ်လို့ ယူဆတဲ့အတွက် ပူးတွဲဖေါ်ပြလိုက်ပါတယ် ..

~~"For which" refers to an object or event that occurs for the advantage or benefit of another. 
For which ကို .. အရာဝတ္ထုတစ်ခု အဖြစ်အပျက်တစ်ခုဟာ အခြားတစ်ခုရဲ့ အကျိုးအမြတ် အဖြစ် ရရှိလာတဲ့အခါမှာ သုံးပါတယ် ။
(အရင်းခံ အကြောင်းတရားတစ်ခု နဲ့ အကျိုးဆက်တစ်ခု ဆက်စပ်ဖေါ်ပြတဲ့ အခါမျိုးမှာသုံးပါတယ် ၊ ဘ၀ဆိုတာ မရှိရင် အချစ်ဆိုတာလည်း မရှိတော့ဘူးပေါ့ ၊ ဘ၀ဖြစ်လာတဲ့အတွက် အချစ်ဟာ အကျိုးဆက်အဖြစ် ဖြစ်လာရတယ် ဆိုတာမျိုး )

Example: You need to do the laundry, for which I've brought the detergent.
မင်းလျှော်ဖွတ်တာတွေ လုပ်ဖို့လိုအပ်တယ် ၊ အဲဒီအတွက် ငါဆပ်ပြာမှုန့် ၀ယ်ခဲ့ပြီ
(လျှော်ဖွတ်ဖို့လိုတဲ့အတွက် ဆပ်ပြာမှုန့်ဝယ်တာ )

~~ "In which" means that one object or event occurs within another.
In which ကတော့ တစ်ခုခုဟာ အခြားတစ်ခုခုထဲမှာ ပါဝင်နေတာ ဖြစ်တည်နေတာကို ဆိုလိုပါတယ်

Example: This is the book in which I found the famous quote.
နာမည်ကျော်ကြားရည်ညွှန်းစကားတွေ ငါတွေ့ခဲ့တာ ဒီစာအုပ်မှာပဲ

~~ "Of which" indicates an object or event of particular reference.
Of which ကတော့ အရာဝတ္ထုတစ်ခု အဖြစ်အပျက်တစ်ခုကို တိတိကျကျ ဖေါ်ပြချင်တဲ့ အခါ သုံးပါတယ်

Example: I have seven tennis balls, of which three are green and four are yellow.
ငါ့မှာ တင်းနစ်ဘောလုံး ခုနှစ်လုံးရှိပါတယ် ၊ အဲဒီအထဲကမှ သုံးလုံးက အစိမ်းရောင်ဖြစ်ပြီး လေးလုံးက အ၀ါရောင်တွေပါ ။

အားလုံးပျော်ရွှင်ကြပါစေ....


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform