စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 9 June 2016

Three-word phrases

သုံးလုံးတွဲ စကားလုံးလေးတွေကလည်း ကျနော်တို့ တွေ့နေမြင်နေကျ စကားလုံး လွယ်လွယ်လေးတွေနဲ့ ပေါင်းစပ်ထားကြတာပါ ၊ ဒါပေမယ့် အဓိပ္ပါယ် တွေကတော့ ကျယ်ဝန်းလာပါတယ် ၊ သုံးရတာလည်း အခက်ကြီးတွေတော့ မဟုတ်ပါဘူး ၊ ဘာသာရပ်ဆိုင်ရာ ဆရာတွေကတော့ ဒီစကားလုံးလေးတွေဟာ ပေးတဲ့ အဓိပ္ပါယ်ရဲ့ သဘာဝကို ပိုပြီး ပေါ်လွင်စေတယ်လို့ ပြောကြပါတယ် ..

Three word expressions

1) black and white = အဖြူအမဲ သဲကွဲစွာ ၊ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား ၊ တိတိကျကျ

"He told her in black and white that she couldn't leave the house while he was out."
သူက ၊ သူမရှိတဲ့အခိုက်မှာ အိမ်ကို ပစ်ပြီး အပြင်ကိုထွက်မသွားဖို့ သူမကို ပြတ်ပြတ်သားသား ပြောတယ် ။

2) dos and don'ts = ဆောင်ရန်ရှောင်ရန် စည်းကမ်းချက်တွေ

"There are various do's and don'ts about driving in Korea"
ကိုရီးယားမှာ ကားမောင်းဖို့ရာ ဆောင်ရန်ရှောင်ရန် စည်းကမ်းချက်တွေ အမျိုးမျိုး ရှိတယ် ။

3) haves and have nots = ပိုက်ဆံရှိတဲ့သူတွေနဲ့ မရှိတဲ့သူတွေ

"In Myanmar you can find the haves and have nots of the population."
မြန်မာမှာ ပိုက်ဆံရှိတဲ့သူတွေနဲ့ မရှိတဲ့သူတွေကို တွေ့နိုင်တယ် ။

4) ins and outs = အသေးစိတ် အချက်အလက်များ

"I don't know the ins and outs of the situation, so I can't really advise you."
အဖြစ်အပျက်ရဲ့ အသေးစိတ်အချက်အလက်တွေကို ကျနော်မသိပါဘူး ၊ ဒါကြောင့် ကျနော် အကြံမပေးနိုင်ပါဘူး ။

5) odds and ends = အမျိုးမျိုးသော အတိုအစလေးတွေ

"She made a dish with the odds and ends she found in the fridge."
သူက ရေခဲ့သေတ္တာထဲမှာ တွေ့တဲ့ အတိုအစလေးတွေ နဲ့ ဟင်းလျာတစ်ခွက် လုပ်လိုက်တယ် ။

6) P's and Q's = ယဉ်ကျေးဖွယ်ရာ အပြုအမူလေးတွေ ၊ အပြောအဆိုလေးတွေ

"Mind your P's and Q's when you visit them!"
မင်းသူတို့ဆီကို အလည်သွားတဲ့ အခါ ယဉ်ကျေးဖွယ်ရာ အပြုအမူလေးတွေကို ဂရုစိုက်ပါ (သတိထားပါ ) ။

7) pros and cons = ကောင်းချက်နဲ့ ဆိုးကွက်တွေ ၊ အကျိုးနဲ့ အပြစ်

"There are a few pros and cons that we should consider before buying a new car"
ကောင်းကွက်နဲ့ ဆိုးကွက်တွေ နဲနဲ ရှိတဲ့အတွက်ကြောင့် ကားသစ်တစ်စီး မ၀ယ်ခင် တို့ စဉ်းစားသင့်တယ် ။

8) rights and wrongs = အမှားတွေ အမှန်တွေ ၊

"Regardless of the rights and wrongs of company policy, you need to give a month's notice."
ကုမ္ပဏီရဲ့ ပေါ်လစီ ( မူဝါဒ ) အမှန်တွေ အမှားတွေ ထည့်တွက်မနေပဲနဲ့ တစ်လကြိုတင်ပြီး သတိပေးချက်ထုတ်ဖို့လိုအပ်တယ် ။

9) tried and tested = ကောင်းကောင်း စမ်းထားကြည့်ပြီးတဲ့ ၊ စိတ်ချရတဲ့

"Using salt is a tried and tested way of getting red wine out of a carpet."
ဆားကို သုံးခြင်းဟာ ကော်ဇောမှာစွန်းနေတဲ့ ၀ိုင်အနီတွေကို ချွတ်တဲ့ ကောင်းကောင်း စမ်းသပ်ထားပြီးသား နည်းလမ်းတစ်ခုပါ ။

10)  ups and downs = အတက်အကျတွေ ၊ ဘ၀မှာ ကောင်းတဲ့အချိန်တွေနဲ့ ဆိုးတဲ့အချိန်တွေ

"They have a lot of ups and downs in their relationship."
သူတို့ရဲ့ ဆက်ဆံရေးမှာ အတက်အကျတွေ အများကြီး ရှိခဲ့တယ် ။

Life is full of ups and downs.
ဘ၀ဆိုတာ အတက်တွေ အကျတွေနဲ့ ပြည့်နေတယ် ။

11)  come and go = နေရာတစ်ခုကို လွပ်လွပ်လပ်လပ် သွားဖို့လာဖို့ ခွင့်ပြုတယ်

"Feel free to come and go as you please!"
ခင်ဗျား စိတ်ကျေနပ်သလို လွပ်လွပ် လပ်လပ် လာချင်လာ ၊ သွားချင်သွား လုပ်ပါ  (လုပ်နိုင်ပါတယ်) ။

12)  cat and mouse =  တစ်စုံတစ်ခုကို ကြောင်နဲ့ကြွက် ကစားသလို ကစားတယ် ၊ ထင်သလိုခြယ်လှယ်လုပ်ကိုင်နေတယ် ၊

play (a) cat and mouse ( game ), play a cat and mouse စသည်ဖြင့်သုံးတယ်

"Our football team can play a cat and mouse game with the Korean team"
ကျနော်တို့ ဘောလုံးအသင်းက ကိုရီးယားအသင်းကို ကောင်းကောင်း ခြယ်လှယ် ကစားနိုင်တယ် ( ပညာပြ ကစားနိုင်တယ် )

She is playing a cat and mouth with me .
သူမက ကျနော့်ကို ကြောင်က ကြွက်ကို ကစားသလို လုပ်နေတယ် ။

13)  by and large = ယေဘူယျအားဖြင့်

"By and large, our customers prefer good service to low prices."
ယေဘူယျအားဖြင့်တော့ ကျနော်တို့ ဖေါက်သည်တွေက ဈေးနှုန်းနိမ့်တာထက် ၀န်ဆောင်မှု ပိုကောင်းတာကို နှစ်ခြိုက် ကြတယ် ။

14)  flesh and blood = အသွေးအသား ၊ မိသားစုဝင် ၊ ဆွေမျိုးရင်းချာ
  own flesh and blood လည်းသုံးပါတယ်

"I have to help him if I can – he's my flesh and blood."
ကျနော်ကူညီနိင်ရင် သူ့ကို ကူညီရမယ် ၊ သူက ကျနော့်ရဲ့ ဆွေမျိုးရင်းချာလေ ။

I couldn't send him away - he's my own flesh and blood.
ကျနော်သူ့ကို အဝေး မပို့နိုင်ဘူး ၊ သူက ကျနော်ရဲ့ သွေးသားရင်းချာပါ ။

15)  down and out = ပိုက်ဆံမရှိလို့ လမ်းပေါ်မှာပဲ နေရသူ

"There are too many young down and outs in Yangon."
ပိုက်ဆံမရှိလို့ လမ်းပေါ်မှာပဲ နေကြရတဲ့ လူငယ်လေးတွေ ရန်ကုန်မှာ အများကြီးပဲ ။

16)  Dead and buried = သေဆုံးမြှုပ်နှံလိုက်ပြီ ၊ ပြီးဆုံးသွားလို့ ပြန်မပေါ်လာနိုင်တော့တဲ့ အရာ

My dreams are all dead and buried .
ကျနော့် အိပ်မက်တွေ အားလုံး ပြီးဆုံးပျောက်ကွယ်သွားပါပြီ ။

17)  Spick and span = သိပ်ကို သန့်ရှင်းသပ်ရပ်တယ်

"Her house is spick and span at all times."
သူ့ရဲ့ အိမ်က အချိန်တိုင်းပဲ သန့်ရှင်းသပ်ရပ်နေတယ် ။

18)  To and fro = အသွားအပြန် ၊ သွားလိုက်ပြန်လိုက်
( To and from လည်းသုံးနိုင်သလို ၊ back and forth လည်းသုံးနိုင်ပါတယ် )

"I'm exhausted – I've been going to and fro all week!"
တစ်ပတ်လုံးသွားလိုက်ပြန်လိုက် လုပ်နေရလို့ ကျနော်မောရတယ် ။

Taungyi Airways  fly to and from Korea.
တောင်ကြီးလေကြောင်းလိုင်းက ကိုရီးယားနဲ့ အသွားအပြန် ရှိတယ် (ပျံသန်းတယ်) ။

You can go back and forth as much as you please.
မင်းစိတ်တိုင်းကျ သွားလိုက်ပြန်လိုက် ကြိုက်သလောက် လုပ်နိုင်တယ် ။

19)  Around and about = ဟိုနား ဒီနား ( ဘယ်နေရာဆိုတာ တိတိကျကျ မပြောလိုတဲ့အခါ )

"Where have you been – I've been worried!"
မင်းဘယ်နေရာရောက်နေတာလဲ ၊ ဒီမှာ စိတ်ပူနေတယ်
"Oh, around and about, you know."
အိုး! သိတယ်မဟုတ်လား ၊ ဟိုနားဒီနားလေးပါ ။

20)  Hide and seek = တူတူပုန်းတမ်းကစားတာ ၊ ပစ္စည်းဖွက်တမ်းကစားတာ

" Lets play hide and seek with the TV remote control! "
TV remote ကို ဖွက်တမ်းရှာတမ်း ကစားရအောင် !

If you wanna play hide and seek with love, let me remind you.
မင်းက အချစ်နဲ့ တူတူပုန်တမ်းကစားချင်တယ် ဆိုရင် ငါမင်းကိုသတိပေးပါရစေ ..

21)   Wine and dine = ညစာ ၊ ၀ိုင်အရက်စတဲ့ တန်ဘိုးကြီး အစားအသောက်တွေနဲ့ ဧည့်ခံကျွေးမွေးတာ ( ၀ိုင်မပါလည်း သုံးတာပါပဲ )

"He's well-known for wining and dining his business partners."
သူက စီပွားရေးမိတ်ဆွေတွေကို ကျွေးမွေးဧည့်ခံတတ်တာမှာ လူသိများတယ် ။

22)  Bread and butter = ပင်မအလုပ် ၊ အသက်မွေးဝမ်းကျောင်းအလုပ် ၊ ထမင်းရှင် ၊

Teaching at the college is his bread and butter.
ကောလိပ်မှာ စာသင်ပေးတာက သူ့ရဲ့ ပင်မ အလုပ်ပါ ။

Our customers are our bread and butter, so treat them with respect.
ကျနော်တို့ ဖေါက်သည်တွေက ကျနော်တို့ရဲ့ ထမင်းရှင်တွေပါ ၊ ဒါကြောင့် သူတို့ကို လေးလေးစားစား ဆက်ဆံပါ ။

23)  trial and error = တစ်ခုခု ပြီးမြောက်အောင်မြင်မှုအတွက် စမ်းသပ်လုပ်ဆောင်မှုတွေကို ထပ်ခါထပ်ခါ အမှားခံပြီး ၊ အမှားတွေကနေ အဖြေရှာပြီး လုပ်ဆောင်တာ

I finally found the right key for Windows Vista after lots of trial and error.
အမှားခံပြီး စမ်းသပ်လုပ်ဆောင်မှုတွေ အများကြီးလုပ်ပြီးတဲ့အခါ နောက်ဆုံးမှာ Windows Vista အတွက် key အမှန်ကို တွေ့ခဲ့တယ် ။

Sometimes trial and error is the only way to get something done.
တခါတလေမှာတော့ မှားလည်းမှားပါစေဆိုပြီး စမ်းသပ်လုပ်ဆောင်မှုဟာ တစ်ခုခုကို ပြီးစီးဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပါပဲ ။

24)  Up and running = တက်တက်ကြွကြွ ကောင်းကောင်းမွန်မွန်နဲ့ လုပ်ဆောင်နေတာ ၊ သက်ဝင်လှုပ်ရှားတာ

"The new company is now up and running."
ကုမ္ပဏီ အသစ်က တက်တက်ကြွကြွနဲ့ လုပ်ဆောင်နေတယ်

It took several years to get the law practice up and running.
ဥပဒေနဲ့ကျင့်သားရပြီး  သက်ဝင်လှုပ်ရှားလာဖို့ နှစ်တော်တော်ကြာခဲ့ပါတယ် ။

25)  Done and dusted = အောင်မြင်စွာလုပ်ဆောင်ပြီးဆုံးသွားတာ 

We expect the deal to be done and dusted before the end of next week.
နောက်တစ်ပတ် မကုန်ဆုံးခင်မှာ ဆွေးနွေးညှိနှိုင်းမှု အောင်မြင်စွာပြီးဆုံးသွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ် ။



Posted via Blogaway


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform