စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 13 January 2015

သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ? ပျော်ရွှင်နေတဲ့အချစ်ရေးကို ဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?

သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ?
ပျော်ရွှင်နေတဲ့အချစ်ရေးကို ဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အချစ်မှာကံကောင်းစေဖို့  မသိလိုက်တဲ့လျို့ ဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ် ။ကဲလေ့လာကြည့်ကြမယ်နော် ။

နားလည်မှုအချစ်
▬▬▬▬▬▬
လူတွေဟာ အချစ်နဲ့ တွေ့ ရင် အရည်ပျော်သွားတတ်ကြသလို ၊စိုးရိမ်ပူပန်မှုတွေလည်းရှိလာ
တတ်ကြတယ် ။အဲ့ဒါက အပြစ်တော့မဟုတ်ပါဘူး ။သဘာဝထဲက သဘာဝတစ်ခုပဲလေ ။

အဲ့ဒီတော့ အထူးသတိထားရမယ့် အချက်က လက်ရှိအချစ်မှာလိုက်လျောညီထြွေ

ဖစ်အောင်နေဖို့ ပါပဲ။case တစ်ခုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဘက် မျှတွေးပေးပါ။

သင့်ရဲ့ စိုးရိမ်ပူပန်မှု ၊ သ၀န်တိုမှုတွေကြောင့် တစ်ဖက်သားအတွက်ကြောက်လန့် စိုးရွံ့စရာတွေ မဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။ပြီးတော့ နောက်တစ်ခုက သင်ကသူ့ ကိုချစ်ပါလျက်နဲ့ အေးစက်စက် အပြုအမူတွေ ၊အပြောအဆိုတွေကြောင့်သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြတယ်ဆိုတဲ့အဖြစ်မျိုးတွေမကြုံရအောင် လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ နားလည်မှု ဆိုတဲ့ အရာလေးပါ တစ်ပါတည်း မွေးဖွားပေးလိုက်မယ်ဆိုရင်တော့ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ်ထင်ပါတယ်နော်။

မျက်မြင်ကိုယ်တွေ့ မှယုံပါ
▬▬▬▬▬▬▬▬▬▬▬
ချစ်သူနှစ်ဦးကြားမှာ ပြသနာတစ်ခုဖြစ်ပြီဆိုရင်ကြားစကားတွေကိုဘယ်တော့မှမယုံမိပါစေနဲ့ ။ကြားစကားတွေနဲ လည်း ချစ်သူကို စကားနာမထိုးမိပါစေနဲ့ နော် ။သင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမိပါစေနဲ့ ။တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာ အမှန်တွေဖြစ်ခဲ့မယ်ဆိုရင် သင့်ထံမကြာမီရောက်လာမှာပါ။သင့်ဘက်ကသာ အစစ်အမှန်တွေပေးခဲ့မယ်ဆိုရင် စစ်မှန်တဲ့ အကြောင်းအရာတွေကိုကံတရားက သင့်အတွက်ချန်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြသနာတွေကိုတွေးပြီင်္းစိတ်ပူမနေပါနဲ့ ။ သင်ဟာနဂိုကတည်းက သံသယ များတတ်တယ်ဆိုရင်တော့ အစကတည်းကသင်သိချင်တဲ့ အကြောင်းအရာတွေကို အားမနာစတမ်းမေးထားပါ ။ သူဘယ်အချိန် ဘယ်နေရာမှာရှိနေမယ်ဆိုတာကို ဇယားချထားပါ ။ နှစ်ဦးနှစ်ဘက်မညာစတမ်းပွင့်ပွင့်လင်းလင်းစကားပြောထားပါ ။ဒါကြောင့် အရေးမကြီး တဲ့စွပ်စွဲချက်တွေကို ရှောင်ရှားဖို့  အစကတည်းကနှစ်ဦးကြားမှာ ပွင့်လင်းမှုတွေနဲ့ ပိတ်ပင်ထားပါ။

တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ
▬▬▬▬▬▬▬▬▬▬▬
အချစ်ကို တွေ့ ရှိပြီးနောက် ကိုယ့်ဆီကထွက်မသွားစေဖို့ ချစ်သက်တမ်းတစ်လျှောက် အံ့သြမှုလေးတွေ ၊တိုက်ဆိုင်မှုလေးတွေ နဲ့ ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ ။

သင့်အတွက် နေ့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ တောင် တိုက်ဆိုင်မှုလေးတွေရှိအောင် ဖန်တီးနိုင်ပါတယ်။ဒီနေ့ သူဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့  သူဝတ်ထားတဲ့အင်္ကျီအရောင်လေးတွေကအစ

စားသောက်မှုလေးတွေ ၊အကြိုက်လေးတွေ အဆုံးနေ့ စဉ်စကားပြောတိုင်း တိုက်ဆိုင်ကြည့်ပါ ။သင်ဟာသူ့ ကိုတကယ်ချစ်ရင် အနေဝေးနေပေမဲ့  အနီးမှာရှိနေသလို ခံစားရပါလိမ့်မယ် ။

ဒါ့အပြင် သင်သိပ်ကြိုက်တဲ့ မင်းသား ၊ မင်းသမီး ၊အစားအစာ ၊ ရုပ်ရှင် ၊အရောင် စသည်ဖြင့် သူ့ ကိုပြောပြထားပါ ။သူ့ရဲ့အကြိုက်လေးတွေကိုလည်း မေးပြီးမှတ်သားထားပါ ။

အံ့သြစေမယ့်အကြောင်းအရာလေးတွေကိုလည်းမှတ်သားထားပါ ။တစ်ခါတစ်ရံ တစ်ဘက်သား မမျှော်လင့်တဲ့  နေရာမျိုးတွေဆီကနေအံ့သြစရာ အဖြစ်အပျက်တွေ နဲ့ စကားအဆန်းလေးတွေကို ကြိုးစားပြီးဖန်တီးပြပါ ။အချစ်ဆိုတဲ့ အရာက မြေပြင်လို ငြိမ်သက်နေတာထက်လှိုင်းကြပ်ခွပ်ေ

လးတွေလို လှုပ်ရှားမှုလေးတွေ ရှိနေမှ ပျော်ရွှင်စရာကောင်းမှာပေါ့ ။

ဟုတ်တယ်ဟုတ်...

အလေ့အကျင့်လေးတွေနဲ့ ရှေ့ ဆက်ပါ
▬▬▬▬▬▬▬▬▬▬▬
သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်သူမှ အသိအမှတ် မပြုပေးရင်တောင်သင်တို့ နှစ်ယောက်ကြားက အချစ်တွေ ဘယ်တော့မှမပြယ်ပါစေနဲ့ ။

မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိဆက်ချစ်နေသေးတဲ့ သင်တို့ နှစ်ယောက်ရဲ့ရဲရင့်မှုတွေကို ဂုဏ်ယူပေးပါ ။ဒီအလေ့အကျင့်လေးတွေကို သင်တစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက်စုံစုံညီညီနဲ့ အချစ်မှတ်တိုင် နေ့ ရက်ကလေးတွေမှာ ကျင်းပပေးပါ ။ဒီလိုအလေ့အကျင့်လေးတွေကို ဖန်တီးတဲ့အခါ ပျော်ပျော်ရွင်ရွင် နက်နက်နဲနဲ ဖန်တီးပြပါ ။ချစ်သက်သေတွေပြပြီးတဲ့ အခါ သင့်ရဲ့ လုပ်ဆောင်မှုအတွက် အပြုံးတစ်ပွင့်နဲ့ ဂုဏ်ပြုတဲ့ အကျင့်ကို အမြဲရယူပါ ။ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာ ရှေ့ ဆက်ရမယ့် ချစ်သက်တမ်းအတွက်

အားအင်အသစ်တွေ နဲ့ နွေးထွေးမှုတွေကို အပြည့်အ၀ပေးနိုင်တဲစိတ်ခွန်အားပေးတဲ့ ဖန်တီးမှုလေးတစ်ခုပါ ။

လက်တွဲဖော်မှန်ပါစေ
▬▬▬▬▬▬▬▬
သင်ရွေးချယ်တဲ့သူဟာ အချိန်တိုင်းသင့်ကို လိုအပ်နေတယ် ။သင့်အတွက်ဘယ်အရာမဆို ပြောင်းလဲပစ်ဖို့ အဆင်သင့်ရှိသူလား ။အချစ်ကံကောင်စေဖို့  ၊ အချစ်မှာပျော်ရွှင်ဖို့ အတွက်

အခြားလိုအပ်မှုပေါင်းများစွာကို ထည့်စဉ်းစားဖို့ တော့လိုအပ်ပါတယ် ။လောကကြီးထဲမှာရှိတဲ့ လူသားတွေရဲ့ ဘ၀မှာ အရာတိုင်းကပြည့်စုံနေတယ်ဆိုတာေ

တာ့မရှိပါဘူး ။

လိုအပ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။ဒါပေမဲ့အချစ်စစ်သမားအတွက်တော့ အရာရာဖြည့်ယူမယ် ၊ နားလည်မှုတွေပေးမယ် ၊ ညှိနှိုင်းကြမယ်

ဆိုတဲ့ ပန်းတိုင်ကိုမျှော်လင့်နိုင်ပါ

တယ် ။ဆင်ခြေတွေကို အမြဲမပေးပါနဲ့  ။လက်ရှိအခြေအနေတွေကို ရိုးသားပါ ။ကိုယ်ကလည်းအစစ်အမှန်ကို ရချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း

အစစ်အမှန်တွေ ပေးမှဖြစ်မှာပေါ့ ။

ဟုတ်တယ်ဟုတ်.........

သင့်စိတ်ထဲမှာ သူမှတစ်ပါး အခြားသူကို ပေးဆပ်ဖို့  ဘယ်တော့မှမစဉ်းစားပါနဲ့ ။ဒါကိုလည်း သူသိအောင်လုပ်ပါ ။သင်တို့ နှစ်ဦင်္းကြားက စစ်မှန်မှုတွေကို ထုတ်ဖော်လေလေ ယုံကြည်မှုတွေ

ခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ် ။

Photo: သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ?

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform