စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 20 January 2015

ဘာသာတရား မဆွေးနွေးသင့်သောပုဂ္ဂိုလ်ဆိုတာဘယ်လိုလူမျိုးလဲ.??

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
တရား မဆွေးနွေးသင့်သော ပုဂ္ဂိုလ် ၁၄ မျိုးရှိတယ်လို့ အကြမ်းဖျင်းမှတ်သားဘူးပါတယ်....။

၁။ ပြဿနာကို မေးလိုက်သော အခါ တိုက်ရိုက် မဖြေဆိုသော ပုဂ္ဂိုလ်
၂။ ဝေဖန်ပြီး ဖြေဆိုရမဲ့ ပြဿနာဖြစ်ပါလျှက် ဝေဖန်ပြီး မဖြေဆိုသော ပုဂ္ဂိုလ်
၃။ တစ်ဖန်ပြန်ပြီး မေးရမဲ့ ပြဿနာကိုလည်း တစ်ဖန်ပြန်ပြီး မမေးသော ပုဂ္ဂိုလ်
၎။ မေးလိုက်သော ပြဿနာ ၏ အကြောင်း ဟုတ်၏ မဟုတ်၏ကို မကြည့်သော ပုဂ္ဂိုလ်
၅။ ကြံဆအပ်သော အရာကို မကြံဆသော ပုဂ္ဂိုလ်

၆။ သိရမည့် ဝါဒကို မပြနိုင်သော ပုဂ္ဂိုလ်
၇။ဖြေဆိုသူတို့ တည်ရမဲ့ ကျင့်ဝတ်၌ မတည်သော ပုဂ္ဂိုလ်
၈။ မေးလိုက်သော ပြဿနာကို အခြားစကား တစ်ခုနှင့် စကားလွှဲအောင် ဖုံးကွယ် တပ်သော ပုဂ္ဂိုလ်
၉။ မေးသော ပြဿနာ နှင့် မဆိုင်သော အပြင်စကားများကို ပြောပြီး ပြဿနာကို ပယ်တတ်သော ပုဂ္ဂိုလ်
၁၀။ မေးလိုက်သောအခါ ပြဿနာကို မဖြေဆိုဘဲ စိတ်ဆိုးအမျက်ထွက်ပြီး မနှစ်သက်ဖွယ် အမူရာကို ထင်စွာပြတပ်သော ပုဂ္ဂိုလ်
၁၁။ မေးလိုက်သော ပြဿနာကို ပါဠိပါဠ်သားများကို တသီကြီးရွတ်ပြီး တစ်ဖက်သားကို လွှမ်းမိုးရန် ကြီုးစားသော ပုဂ္ဂိုလ်
၁၂။ တတ်ရောင်ကား ပုံစံဖြင့် မေးသူရဲ့စိတ်မှာ သံသယဖြစ်အောင် ဟားတိုက်ရယ်မောတတ်သော ပုဂ္ဂိုလ်
၁၃။ အကြောင်းအမျိုးမျိုးပြပြီး ဖိနှိပ်တတ်သော ပုဂ္ဂိုလ်
၁၄။ တစ်ဖက်လူ၏ အမှားကို ဖမ်းပြီး ဆွေးနွေးတတ်သော ပုဂ္ဂိုလ်

ဒီလို ပုဂ္ဂိုလ်မျိုးကိုတော့ ဘာသာတရားအကြောင်း ဆွေးနွေးစရာမလိုပါဘူး...

Photo: ဘာသာတရား မဆွေးနွေးသင့်သောပုဂ္ဂိုလ်ဆိုတာဘယ်လိုလူမျိုးလဲ.??

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform