စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 20 January 2015

မှန်ကြည့်ဖူးလား....ဘယ်လိုမှန်ကြည့်တာလဲ???

▬▬▬▬▬▬▬▬▬▬▬▬▬▬
မှန် .... လူတိုင်း ကြည့်ဖူး ကြပါသည် ။
ဘာလို. ကြည့်တာလဲ လို့ ဆိုပါ လျှင် ..
အမှန်အတိုင်း မြင်ချင်လို့ ကြည့်တာ ဟု ဖြေရ ပေမည် ။ ကိုယ့် ကို ကိုယ့် အမှန်အတိုင်းမြင်ချင် ၊ သိချင်သည်မှာ လူတိုင်းပင် ။ သို့ သော် အမှန်ကို ကြည့် ချင်၍ မှန် ကြည့် ပြီး ၊ အမှန်ကို ဖုံးကွယ်ပစ်တတ်သည်မှာလဲ လူ့ သဘာဝ တစ်ခုပဲ ဖြစ်နေပြန်ပါသည် ။။
ကျနော်ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်...တခါက

ခွေးလေးနှစ်ကောင်က အခန်းတစ်ခုထဲကို ရှေ့ ဆင့်နောက်ဆင့်
ဝင်သွားတယ်။
အတန်ကြာမှာ ခွေးတစ်ကောင်အမြီးလေးနှံ့ ပြီး အခန်းထဲမှ ပြန်ထွက်
လာပါတယ်။နောက်ခွေးလေးတစ်ကောင်ကတော့ ဒေါသတကြီးမာန်ဖီပြီး
ပြန်ထွက်လာတယ်။

ဒီလို တစ်ကောင်ပျော်ရွှင်၊ ကျန်တစ်ကောင် ဒေါသထွက်နေသော
ခွေးနှစ်ကောင်ရဲ့  အဖြစ်အပျက်ကို လူတစ်ယောက်က
တွေ့ မြင်သွားတော့ ဒီအခန်းက ဘာကြောင့်လဲဆိုပြီး
စူးစမ်းချင်စိတ်ဖြစ်လာတယ်။

အဲ့ ဒိလူလည်း အခန်းထဲ ဝင်ကြည့်တဲ့အခါမှာ
သူ အံသြသွားပါတော့တယ်။အကြောင်းက ခွေးနှစ်ကောင်ဝင်ခဲ့တဲ့ အခန်းထဲမှာ နေရာမလပ်မှန်ချပ်များစွာ အပြည့်ရှိနေလို့ ပါပဲ။

အမြီးလေးနှံ့ ပြီးပျော်ရွင်နေတဲ့ခွေးလေးက ပျော်ရွင်နေတဲ့ခွေး
ပေါင်းများစွာကို မှန်တွေပေါ်မှာ တွေ့ မြင်ပါမယ်...။

ဒေါမာန်ဖီလို့ ဟောင်သံမြည်တဲ့ခွေးကလည်း ထပ်ရင်းတူမျှ
မာန်စွယ်ထနေတဲ့ ခွေးများစွာကို တွေ့ မြင်ရမှာပါပဲ...။

ကျနော်တို့  လောကကြီးကို ရှု့ မြင်သလို လောကကြီးကလည်း
ရောင်ပြန်ဟပ်မှာပါဘဲ...။

လောကကြီးကို ဘယ်လိုကြည့်ဖို့  စဉ်းစားမိပါသလဲ မိတ်ဆွေ.......
ကိုယ်ကပြုံးကြည့်ရင်ပြုံးနေတာဘဲပေါ်မှာ..
ကိုယ်က အမှားတွေ ဒေါ်သတွေနဲ့ ကြည့်ရင်အမှားတွေ ဒေါ်သတွေဘဲတွေ့ မယ်.....

သနားစရာကောင်းတာက လောကကြီးမှာဘယ်သူ မှ ကိုယ့်ပုံရိပ်စစ်ကိုမတွေ့ ဘူးကြဘူး..ပုံရိပ်ယောင်တွေဘဲတွေ့ ရတယ်နော်.....

ပုံထဲမှာတော့ အမှန်ကိုအမှန်တိုင်းမမြင်ဘဲ.... ကိုယ်ထင်တာကိုယ်ရေးထားတဲ့ ပုံလေးပါ...

မိတ်ဆွေကော...မှန်ကြည့်ပြီးပြီလား....???

သူငယ်ချင်းလည်း..မှန်ကြည့်တတ်ပါစေဗျာ....

ချစ်ခင်သော...ရွှေအိမ်စည်

Photo: မှန်ကြည့်ဖူးလား....ဘယ်လိုမှန်ကြည့်တာလဲ???

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform