စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 13 January 2015

အချစ်ဆိုတာဘာလဲ....???

အချစ်ဆိုတာဘာလဲ....???
▬▬▬▬▬▬▬▬▬▬
အချစ်က....။
---------------
ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးလေးက တိုတိုလေးပါ။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာ၊ ၀ိညာဉ်၊ စိတ်အစဉ်ကို ဖမ်းယူ ညို့ထားနိုင်စွမ်းတာ အချစ်ပဲ ဖြစ်ပါတယ်။ အချစ်ကို လက်နဲ့ မတို့ မထိနိုင်ပေမယ့် အရာရာတိုင်းမှာ စိမ့်ဝင်နေတတ်တဲ့ အချစ်ရဲ့ ချိုမြိန်မှုတွေကိုတော့ လူတိုင်း ခံစားနိုင်မှာပါ။ ချစ်ခြင်းကို ခံစားမိတဲ့ ခဏတာ အချိန်လေးမှာ ကမ္ဘာမြေကြီးဟာ အသွင် ပြောင်းလဲ သွားနိုင်တယ်။ ဆောင်းရာသီဆိုတာ မရှိဘူး၊ ညဆိုတာ မရှိဘူး၊ ၀မ်းနည်းပူဆွေးမှု၊ အလိုမကျမှုနဲ့ တာဝန်ဝတ္တရားတွေကို အကုန် ၀ါးမြို ပစ်နိုင်တဲ့ စွမ်းအင် ရှိတယ်။ အချစ်နဲ့ပတ်သက်လာရင် ကျွန်တော့်အတွက် ထွေထွေထူးထူး ဖော်ကျူးစရာ မရှိပေမယ့် ကျွန်တော် နားလည်မိတဲ့ အချစ်ဆိုတာကတော့ .. ..

အချစ်က မှော်ဆရာတစ်ဦးဖြစ်တယ်
အချစ်က ယစ်မူးစေတယ်
အချစ်က အချိန်ကို စားသုံးတယ်
အချစ်က ရစ်ပတ်နှောင်ဖွဲ့စေတယ်
အချစ်က အထီးကျန်စေတယ်
အချစ်က ခါးသီးမှုတွေကို ချိုမြစေတယ်
အချစ်က နာကျင်မှုဝေဒနာတွေကို သက်သာစေတယ်
အချစ်က အရာရာတိုင်းကို လှပအောင် ဖန်ဆင်းပေးတယ်
အချစ်က ကြေကွဲဝမ်းနည်းမှုထဲကနေ ပျော်ရွှင်စရာကို သယ်ဆောင်လာနိုင်တယ်
အချစ်က ခက်ထန်မာကြောတဲ့ နှလုံးသားအားလုံးကို နူးညံ့ပျော့ပျောင်းစေတယ်
အချစ်ကို နည်းနည်းယုံကြည်သူတွေအတွက် အချစ်နည်းနည်းပဲ ပြန်ရမယ်

ချစ်ခင်လေးစားသော
အာလူးပူတီရွှေအိမ်စည်

Photo: အချစ်ဆိုတာဘာလဲ....???

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform