စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 20 January 2015

စိတ်ကျဘူးပါသလား...? စိတ်ဘာကြောင့်ကျရပါသလဲ..?

စိတ်ကျဘူးပါသလား...?
စိတ်ဘာကြောင့်ကျရပါသလဲ..?
စိတ်ကျနေရင်ဘယ်လိုဖြေရှင်းသင့်ပါသလဲ...?
▬▬▬▬▬▬▬▬▬▬▬▬▬
ပတ်ဝန်းကျင်မှာ စိတ်ဓာတ် ကျတယ် ကျတယ် ဆိုပြီးတော့ ပြောနေတဲ့ မိတ်ဆွေ များစွာ ရှိပါတယ်။ ယင်း မိတ်ဆွေ အားလုံး အတွက် စိတ်ဓာတ်ဘာကြောင့် ကျတယ်လူ မကျန်းမာရင် ဖြစ်တဲ့ ဝေဒနာကိုတော့ ဖျားနာသူများ သိပါလိမ့်မယ်။ ကိုယ်တွင်း ဖောက်ပြန်တဲ့ ဝေဒနာ များကြောင့် ဆင်းရဲရခြင်း ဒေါသ အဖြစ်ကနေ စိတ်ဓာတ်ကျတဲ့ ဘက်ကို ဦးတည်သွားစေ ပါတယ်။ စိတ် အနေနဲ့ ကလည်း အတူတူပါပဲ။ အချစ်ဆုံး ဆွေမျိုး၊ မိဘ၊ မိတ်ဆွေ၊ ချစ်သူ သေဆုံးခြင်း၊ အဝေးထွက်သွားခြင်း၊ လမ်းခွဲ ရခြင်း၊ အစရှိသဖြင့် ပြဿနာ အမျိုးမျိုးကြောင့် အလွမ်း၊ အဆွေး ခေါင်းစဉ် တပ်လို့ နောက်ဆုံးတော့ စိတ်ဓာတ်ကျတဲ့ ဘက်ကို ဦးတည်သွား ပါတယ်။

စိတ်ဓာတ် မကျအောင် ဖြေရှင်းရန် နည်း

လောကဓံ အဆိုး တွေကြောင့်တင် မကပဲ တစ်ခါတစ်လေ ကျရင် လောကဓံ အကောင်း အားကောင်းတဲ့ အခါ ကျရင်လည်း စိတ်ဓာတ် ကျတတ် ပါတယ်။ စိတ်ဓာတ် ကျတယ် ဆိုတာ အဓိက ဒေါသ ပါပဲ။ ဒေါသ ဆိုတာ ရုပ်ပိုင်း ဆိုင်ရာ အမူအရာပိုင်း ဆိုင်ရာ ခက်ထန် ကြမ်းတမ်း မှ ဒေါသ မဟုတ် ပါဘူး။ ပူဆွေးသောက၊ ပရိဒေသ ဖြစ်မှု၊ ငိုကြွေးမှု၊ စိတ်ဓာတ် ကျမှု တို့ကလည်း ဒေါသ တစ်မျိုး ဖြစ်ပါတယ်။ သူကျတော့ ဒေါသ အနုစား ဖြစ်ပါတယ်။

ဖြစ်ပုံ ဖြစ်နည်းကို သိပြီးတော့ ဖြေရှင်းနည်းကို သိဖို့ လိုအပ် ပါသေးတယ်။
အကောင်းတွေ ကြုံတဲ့ အချိန် စိတ်လွတ် ကိုယ်လွတ် ဖြစ်စရာ မလိုသလို၊ အဆိုးတွေ ကြုံတဲ့ အချိန်လည်း စိတ်လွတ်ကိုယ်လွတ် ဖြစ်စရာ မလို ပါဘူး။ လောဘ၊ ဒေါသ များ ကို သိလျှင် သိခြင်း ချုပ်ထိန်းလို့ မောဟ မဖြစ်အောင် ဥာဏ်ယှဉ်သွားအောင် ကျင့်ကြံ အားထုတ်ဖို့ လိုအပ် ပါသေးတယ်။ ကျင့်ကြံ အားထုတ်တယ် ဆိုတာ တရားကြီး ထိုင်မှတ် နေမှ မဟုတ် ပါဘူး။ အမြဲတမ်း စိတ်ထဲမှာ နှလုံးသွင်းပြီး သတိ အမြဲတမ်း ယှဉ်နေဖို့ လိုအပ် ပါတယ်။ ရရှိ အောင်မြင် ခဲ့တဲ့ ရလဒ် များကို ပြန်တွေးလို့ ပီတီ၊ သုခ စေတသိတ် ဝင်ရန် လိုအပ် ပါတယ်။

တစ်ခုခု ကျရှုံးလို့ စိတ်ညစ်တဲ့ အခါ အကောင်းဆုံး လုပ်ခဲ့တာတွေ ကို တွေးပြီးတော့ မိမိကိုယ်ကိုယ်ကို Self appraising လုပ်ရန် လိုအပ် ပါတယ်။
စိတ်ကျခြင်းမှကင်းဝေပါစေ...

သူငယ်ချင်းတို့ တွေးထားတာလည်းဝေမျှဆွေးနွေးပါအုံး

Photo: စိတ်ကျဘူးပါသလား...?

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform