စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 9 March 2015

နေတတ်ရင် ကျေနပ်စရာ.....တဲ့ လား..???....

နေတတ်ရင် ကျေနပ်စရာ.....တဲ့ လား..???....

လောကမှာ တစ်ခါတစ်ခါကျတော့လဲ ကိုယ်ကသူများကို စွန့်ခွာတယ်၊ တစ်ခါတစ်ခါကျတော့လဲ သူများက ကိုယ့်ကိုစွန့်ခွာတယ်။ ဒါပေမယ့် ဘာမှ မမြဲတတ်ပါဘူး။
စိတ်ချမ်းသာရာ ရဖို့ဆိုတာလဲ ကိုယ့်စိတ်ကို ထားတတ်ဖို့၊ ဖြေသိမ့်တတ်ဖို့ လိုတယ်။ ပြဿနာကို ဆွဲဆန့်နေရင် ဘယ်တော့မှ မပြီးဘူး။ ကိုယ့်စိတ်ကို ပင်ပန်းဆင်းရဲ ထိခိုက်စေမယ့်ဟာတွေကို ဘာတစ်ခုမှ စိတ်ထဲမထားဖို့ တိုက်တွန်းနေတာနော်။
တကယ်တော့ တချို့ကိစ္စတွေမှာ ထင်ရတာရယ်၊ မြင်ရတာရယ်နဲ့ တကယ့်အဖြစ်အပျက်က ခြားနားနေတတ်တယ်နော်။ လူတိုင်းမှာတော့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ဆိုမျိုး တစ်ခုမက ရှိတတ်ကြတာပဲ။ ဒါပေမယ့် တကယ့်အဖြစ်အပျက်တွေဟာ အိပ်မက်လောက်လဲ မလှပတတ်သလို အိပ်မက် မက်နေသလောက်လဲ မလွယ်ကူတတ်ဘူး။
လက်ရှိကာလမှာ နေပါ။ ပျော်ရွှင်ခြင်းဆိုတာ ပစ္စုပ္ပန်အချိန်မှာ တည်ရှိနေပါတယ်။ သင့်ဘ၀ရဲ့ လက်ရှိနေရာ၊ လက်ရှိအချိန်မှာသာ ပျော်ရွှင်မှု ရှိနေပါတယ်။
ဘယ်တော့မှ နောင်တ မရပါနဲ့။ တကယ်လို့ ကိုယ်လုပ်လိုက်တဲ့ဟာက ကောင်းတယ်ဆိုရင် အံ့သြစရာပေါ့၊ ဆိုးတယ်ဆိုရင်တော့ ဒါဟာ အတွေ့အကြုံပေါ့။
မျှော်လင့်ခြင်းဆိုတာ ခံစားမှု မဟုတ်ဘူး။ အဲဒါ မင်းလုပ်တဲ့ အရာ။
စွန့်စားမှု မရှိတဲ့ဘ၀မှာ လှပချိုမြိန်ခြင်း မရှိဘူး။
စိတ်ဆန္ဒ အလိုကိုလိုက်တဲ့ မိန်းမ၊ ယောကျာ်းတွေဟာ ဘယ်လောက် ဂုဏ်သိက္ခာ၊ အဆင့်အတန်းမြင့်မြင့် တန်ဖိုးမရှိဘူး။
ကိစ္စတစ်ခုခုနဲ့ ပတ်သက်လာရင် အဲဒီလောက်ကြီး စိတ်မလှုပ်ရှားပါနဲ့လေ။ စိတ်လှုပ်ရှားတာက တကယ့် အရေးကိစ္စတွေမှာ တပန်းရှုံးတတ်တယ်ကွ။
အရမ်းချစ်တတ်တဲ့ လူတွေအတွက် အကြံပေးချင်တာတော့ အသဲမာမာနဲ့ပဲ ချစ်ပါလို့။ အဲဒါဆို အသဲမကွဲတော့ဘူး။
လူတစ်ယောက်မှာ တဒင်္ဂရူးသွပ်မှုဆိုတာ ရှိတတ်ကြတယ်။ ဒါပေမယ့် အဲဒီရူးသွပ်မှုကို တသက်တာလုံး ဖက်တွယ်ထားမယ်ဆိုရင်တော့ ဒါဟာ မိုက်မဲမှု ဖြစ်သွားပြီနော်.....လောကကြီးက နေတတ်ရင်ကျေနပ်စရာပါဘဲကွယ်.....စိတ်ထားတတ်ဖို့ ဘဲလိုတယ်....
သူငယ်ချင်းတို့ရဲ့ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform