စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 9 March 2015

စတိုင်ရှိမှစတားဖြစ်မယ်( မိန်းကလေးတိုင်းမှာ ရှိသင့်တဲ့ " S "သုံးလုံးဘာလဲ..?)

စတိုင်ရှိမှစတားဖြစ်မယ်( မိန်းကလေးတိုင်းမှာ ရှိသင့်တဲ့ " S "သုံးလုံးဘာလဲ..?)
▬▬▬▬▬▬▬▬▬
ဖက်ရှင်ဆိုတာကလည်း အမြဲတမ်းပြောင်းလဲနေတာပါ။ ခေတ်နဲ့ လိုက်လျောညီထွေ ၀တ်စားဆင်ယင်တတ်ဖို့လည်း လိုအပ်ပေမယ့် ခေတ်ရှေ့ပြေးလွန်းအားကြီးရင်လည်း မကောင်းဘူးလေနော်...
တကယ်တော့ မိန်းကလေးတစ်ယောက်ဟာ ဖက်ရှင်ကျဖို့ဆိုပြီး မလုံ့တလုံတွေ ၀တ်နေစရာ မလိုပါဘူး။ မိန်းကလေးတစ်ယောက်မှာ" S "သုံးလုံး ရှိရင် အဲ့ဒီ့မိန်းကလေးက စတိုင်ကျပြီ ဖက်ရှင်ကျပြီ ခေတ်နဲ့လိုက်လျောညီထွေဖြစ်နေပြီလို့ သတ်မှတ်လို့ရပါပြီ။
အဲ့ဒီ့ "S"သုံးလုံးကတော့.....
1.Sweet
2.Smile
3.Smart တို့ဖြစ်ပါတယ်။
Sweet
▬▬▬
လူတစ်ယောက်မှာ အရေးကြီးဆုံးက ရုပ်ရည်မဟုတ်ပဲနဲ့ စိတ်ဓါတ်ပါ။ အဲ့ဒီ့စိတ်ဓါတ်ကိုသာ အကောင်းဆုံး ဖြစ်အောင် ထားရင် ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ အဲ့ဒီ့မိန်းကလေးက လှနေမှာပါပဲ။ လူတိုင်းကို ချိုသာပြေပြစ်စွာဆက်ဆံရင် လူချစ်လူခင်ပေါလာမှာ အမှန်ပါပဲ။
Smile
▬▬▬
မိန်းကလေးတိုင်း လှချင်ကြတာချည်းပါပဲ...။ မလှချင်ဘူးဆိုတဲ့မိန်းကလေးမရှိပါဘူး...။ နည်းလမ်းကောင်းလေးတစ်ခု..ပေးမယ်နော်...... ပြုံးပါ။ အားရပါးရပြုံးပါ။ ပြုံးနေတဲ့မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးပါစေ လှတာပါပဲ။အပြုံးလေးနဲ့ လူတွေကို ပေါင်းသင်းဆက်ဆံရင် လူတိုင်းသဘောကျကြတာပါတယ်.။ မေတ္တာဆိုတာ အလျားအနံမရှိပေမယ့် အသွားအပြန်တော့ ရှိတယ်လေ....။
Smart
▬▬▬
ဒါကတော့ ဖက်ရှင်ချစ်သူတွေ အကြိုက်ပါပဲ။ လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု(self-confidence)ရှိတယ်ဆိုတာ စမတ်ကျလို့ပါပဲ....။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတဲ့လူတစ်ယောက်ဟာ သူလုပ်သမျှ အရာအားလုံးက ဖြစ်ကိုဖြစ်ရမယ် အောင်ကိုအောင်မြင်မယ်ဆိုတာကို ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် အ၀တ်အစားဆိုတာ ၀တ်တိုင်းစမတ်ကျတာမဟုတ်ပါဘူး...။ Sweet and Smile ပါ ပါမှ တကယ်စမတ်ကျတာပါ..။
သင်တို့လည်း လှတဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်ကြတယ်မဟုတ်လား ???..................။
Sweet
Smile
Smart ကျလွန်းတဲ့ ....ရွှေအိမ်စည်...

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform