စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 9 March 2015

ရိုးသားခြင်း ဆိုတာဘာလဲ...???

ရိုးသားခြင်း ဆိုတာဘာလဲ...???
▬▬▬▬▬▬▬▬▬▬▬▬
ရိုးသားခြင်းကို လူကောင်းသူကောင်း၊ သူတော်စင်များကသာ ကြိုက်နှစ်သက်ကြသည် မဟုတ်။ လူလိမ် လူကောက် သူခိုးဓားပြများကလည်း သူတို့ကိုယ်တိုင်က မရိုးဖြောင့် စေကာမူ ရိုးသားခြင်းကို နှစ်သက်ကြသည်။ သူခိုးဓားပြများသည်ပင်လျှင် သူတို့အချင်း ချင်း ရိုးသားသူကို အပေါင်းအဖော် ပြုကြမြဲ ဖြစ်သည်။
ရိုးသားဖြောင့်မတ်ခြင်း ဆိုသည်မှာ နုံခြင်း၊ အခြင်း မဟုတ်ချေ။ ပညာမဲ့ခြင်း မဟုတ်ချေ။ ရိုးသားခြင်းဆိုသည်မှာ မိမိမရထိုက်သော ပစ္စည်း၊ မိမိမရထိုက်သော အခွင့်အရေးတို့ကို မမက်မောခြင်းပင် ဖြစ်သည်။
ရိုးသားဖြောင့်မတ်ခြင်းဟူသော ဂုဏ်ကို ရယူနိုင်ရန် လွယ်ကူလှသည် မဟုတ်ချေ။ ရိုးသားဖြောင့်မတ်မှုကြောင့် မိမိ ဒုက္ခမရောက်ရအောင် ရှောင်တိမ်း ကာကွယ်တတ်သော ပါးနပ်မှုရှိရန် လိုအပ်သည်။
ထို့အတူ ရိုးသားမှုကြောင့် ဆိုက်ရောက်လာတတ်သည့် အန္တရာယ်များကို ရင်ဆိုင်နိုင်သော သတ္တိလည်း ရှိရန် လိုအပ်သည်။ ထို့ကြောင့် သတ္တိမရှိပဲ ရိုးသားလို့ မရနိုင်ချေ။
(အောင်သင်း)
(အတွေးစကလေးများ စာစီစာကုံးမှကောက်နှုတ်ရေးသားသည်။)
ရွှေအိမ်စည်
 

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform