စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 9 March 2015

သင်တကယ်စာဖတ်တယ်သူ ဆိုရင်...???

သင်တကယ်စာဖတ်တယ်သူ ဆိုရင်...???
▬▬▬▬▬▬▬▬▬▬▬▬
ပြတင်းပေါက်ကို ဖွင့်ထားပါ .
စာမတတ်သူက ပြတင်းပေါက်မပါတဲ့ အိမ်နဲ့တူတယ်တဲ့။ အလင်းမ၀င်၊ လေကောင်းမရ။ စာတတ်ပြီး စာမဖတ်သူက ပြတင်းပေါက်ပါပြီး ပြင်တင်းပေါက်မဖွင့်ဘဲ ပိတ်ထားတဲ့အိမ်နဲ့ တူတယ်တဲ့။ အလင်းမ၀င် လေကောင်းမရတာ အတူတူပါပဲ။
စာလဲတတ် စာလဲဖတ်သူကတော့ ပြတင်းပေါက်ရှိပြီး ပြတင်းပေါက်ကို ဖွင့်ထားတဲ့အိမ်မှာ အလင်းရောင်နဲ့ လေကောင်းရသလို အသိအမြင်ပညာ လင်းရတယ်။ စာနည်းနည်းဖတ်ရင် အသိအမြင် နည်းနည်းကျယ်တယ်။ စာအများကြီးဖတ်ရင် အသိအမြင် အများကြီးကျယ်တယ်။

အခွင့်သာတိုင်း စာဖတ်ပါ....
▬▬▬▬▬▬▬
တိုးတတ်တဲ့လူတွေက အချိန်ကိုအကျိုးမဲ့ အကုန်မခံဘူး။ ရထားစောင့်ရင်း၊ ကားစောင့်ရင်း စာဖတ်တယ်။ သင်္ဘောစီးရင်း စာဖတ်တယ်။ အစည်းအဝေးမစသေးရင် စာဖတ်တယ်။ သွားလေရာလက်ဆွဲအိတ်ထဲမှာ စာအုပ်၊ စာစောင်ပါတယ်။ အခွင့်သင့်တာနဲ့ စာဖတ်တယ်။ သွားရင်လာရင်း၊ နေရင်းထိုင်ရင်း အသိပညာတိုးနေတယ်။ တော်သူတွေ တော်သည်ထက်တော်အောင် ကြိုးစားနေကြတယ်။
စာဖတ်ခြင်းဖြင့် မြှုင့်တင်ပါ .
▬▬▬▬▬▬▬
ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်နေရာဖြစ်ဖြစ် ရွာသိမ်ရွာငယ်လေးရဲ့ အစွန်အဖျား တဲအိမ်လေးမှာ ဖြစ်ပါစေ စာအများကြီး ဖတ်ရင် နောက်ကျမကျန်ဖူး။ ကမ္ဘာနဲ့အညီ ခေတ်မီတိုးတတ်နေပါလိမ့်မယ်။ စာဖတ်ခြင်းဖြင့် မိမိကိုယ့်ကို မြှင့်တင်ပါ။
စာများများဖတ်ပါ...
▬▬▬▬▬▬▬
စာဖတ်တာကို အကျင့်ပါနေအောင်လုပ်ပါ။ အခွင့်သာတိုင်း စာဖတ်ပါ။ စာအများကြီးဖတ်ပြီး ပညာကြီးမြင့်ပါစေ။ လူတော်လူကောင်းဖြစ်ပြီ ဘ၀အောင်မြင်တိုးတတ်ပါစေ။
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform