စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 9 March 2015

စာဖတ်နည်းဆိုတာဘာလဲ...?

စာဖတ်နည်းဆိုတာဘာလဲ...?
▬▬▬▬ ▬▬▬▬
စာပေဟူသည် ခေတ်တစ်ခေတ်၏ ကြေးမုံဖြစ်၏။ ဒီလို ဆိုကြတယ်။
အဲဒီတော့ စာပေထဲမှာ ခေတ်၏သဘောပါဝင်တယ်လို့ အဓိပ္ပါယ်ရတယ်။
ဒါကြောင့် စာဖတ်နည်းကို ဖော်ပြခြင်းဖြစ်တယ်။
စာဖတ်နည်းကို SIMAC လို့ အတိုကောက် ဆိုကြတယ်။
အဲဒီထဲက
S ဆိုတာကတော့ Situation - ခေတ်၏အခြေအနေလို့ အကြမ်းဖျင်း အနက်ရတယ်။
I ဆိုတာကတော့ Intention - စာရေးသူ၏ရည်ရွယ်ချက်၊ စာရေးသူ၏စေတနာ ဖြစ်တယ်။
M ဆိုတာကတော့ Matter - အကြောင်းအရာဖြစ်တယ်။
A ဆိုတာကတော့ Approach - ချဉ်းကပ်နည်းဖြစ်တယ်။
ယခုခေတ်ကတော့ ဇောင်းပေးခြင်းလို့ ဆိုတယ်။
C ကတော့ Consistency - အကြောင်းအကျိုး (သို့မဟုတ်) ရှေ့နှင့်နောက်ဆီလျှော်ခြင်း (သို့မဟုတ်) ညီညွတ်ခြင်းဖြစ်တယ်။
အဲဒီတော့ စာတစ်ပုဒ်ကို ဖတ်ရင်ဖြစ်စေ၊ ရေးရင်ဖြစ်စေ ဒီအင်္ဂါ ၅ ချက်ကို တွေ့အောင်ရှာရတယ်။
ဒီအင်္ဂါ ၅ ချက်ကလည်း ပေါ်ထင်ကြီးတော့ ရှိမနေရဘူး။
ပေါ်ထင်ကြီး ရှိနေပြန်ရင်လည်းဒေါသသင့်တယ်လို့ဆိုပါတယ်။
ရှိတော့ ရှိရမယ်၊ သွယ်သွယ်ဝိုက်ဝိုက်ရှိရမယ်၊
ဒါမှ ဂုဏ်ရောက်တယ်လို့ဆိုပါတယ်။
အဲဒီ ၅ ချက်ထဲမှာ အရေးကြီးဆုံးကတော့ ချဉ်းကပ်နည်းပဲဖြစ်တယ်။

ဦးရွှေအောင် - ဘ၀အကျဉ်းသားမှကောက်နှုတ်ရေးသားသည်။
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform