စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 9 March 2015

မတူညီမှုများ ရှိပေမဲ့ ...တူညီနေတာကောရှိမလား...???

မတူညီမှုများ ရှိပေမဲ့ ...တူညီနေတာကောရှိမလား...???
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မတူညီမှုများ ဆိုတာကို စဉ်းစားမိတယ်။ လောကကြီးမှာ မတူညီမှုတွေက အများကြီးပါပဲ။ တူညီတယ်ဆိုတာ အတော်လေးကို ရှားပါးတယ်လို့ ထင်တယ်။ ရှိရော ရှိလို့လား။
ထားပါတော့ လူသားတွေရဲ့  မတူညီမှုတွေကို စဉ်းစားကြည့်ရအောင်။ ပထမဆုံး မတူညီမှုက ယောက်ျား မိန်းမ။ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်။ ယောက်ျားတွေနဲ့ မိန်းမတွေ ဘာမှကို မဆိုင်လောက်အောင် မတူညီကြဘူး။ ဒါပေမယ့် အဲဒီ မတူညီမှုကနေပဲ အဲဒီနှစ်ဦးက ဘာလို့ အတူနေထိုင်ဖို့ကို စဉ်းစားကြပါသလဲပေါ့။ ဒါဆို လူသားတွေက မတူညီမှုကို ကြိုက်နှစ်သက်ကြပါသလား။
လူသားတွေ မတူညီမှုတွေနဲ့ ဟောဒီလောကကြီးမှာ ရှင်သန်နေကြတယ်။ ရက်လနှစ်တွေကို မတူညီမှုတွေနဲ့ ဖြတ်သန်းကြတယ်။ မတူညီမှုတွေထဲမှာ ရှင်သန်နေတဲ့ ဟောဒီလူသားတွေ မတူညီမှုတွေကိုရော သတိပြုမိကြပါရဲ့ လား။ မတူညီမှုတွေကို အပြစ်တင်နေသေးတဲ့ သနားစရာ လူသားလေးတွေ လည်း ရှိနေသေးပေမယ့် သေချာတာကတော့ မတူညီမှုတွေကို တူညီအောင် လုပ်နိုင်ပါတယ်.........
ကျနော်မတူညီတဲ့ ဘာသာလေးခုကနေတူညီတာက.
ဘာသာ(၁) ထမင်း၂နပ်စားတယ်
ဘာသာ(၂) ထမင်း၂နပ်စားတယ်
ဘာသာ(၃) ထမင်း၂နပ်စားတယ်
ဘာသာ(၄) ထမင်း၂နပ်စားတယ်
ဘာသာ(၁) ပါးစပ်နဲ့စကားပြောတယ်
ဘာသာ(၂) ပါးစပ်နဲ့စကားပြောတယ်
ဘာသာ(၃) ပါးစပ်နဲ့စကားပြောတယ်
ဘာသာ(၄) ပါးစပ်နဲ့စကားပြောတယ်
ဘာသာ(၁) မိသားစုအေးအေးချမ်းချမ်းနေချင်တယ်
ဘာသာ(၂) မိသားစုအေးအေးချမ်းချမ်းနေချင်တယ်
ဘာသာ(၃) မိသားစုအေးအေးချမ်းချမ်းနေချင်တယ်
ဘာသာ(၄) မိသားစုအေးအေးချမ်းချမ်းနေချင်တယ်
ဘာသာ(၁) မိတ်ဆွေကိုတန်ဖိုးထားတတ်တယ်
ဘာသာ(၂) မိတ်ဆွေကိုတန်ဖိုးထားတတ်တယ်
ဘာသာ(၃) မိတ်ဆွေကိုတန်ဖိုးထားတတ်တယ်
ဘာသာ(၄) မိတ်ဆွေကိုတန်ဖိုးထားတတ်တယ်
ဘာသာနံပါတ်စဉ်တွေကိုခွာချကြည့်မယ်
လူတိုင်းလူတိုင်းဒီသဘောတရားလေးပါပဲ
ဘာကိုခွဲခြားနေမှာလဲ အားလုံးအတူတူပဲ
ကွဲပြားခြားနားမှုများ မတူညီမှုများ
ထားပါအယူအဆ မတူညီမှုများ
အသက်ရှုသံမတူဘူး လူသားတိုင်းဟာ လူ ။ ။
မတူညီမှုတွေ သာ မရှိခဲ့ရင် ဒီလောကကြီးက ပျင်းစရာကြီး ဖြစ်နေမှာပါ။ မတူညီတာတွေ ဖယ်ခွာ ကျနော်တို့ တူညီအောင်ညှိကြစို့ ဗျာ
ရွှေအိမ်စည်
 

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform