စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 20 February 2014

အင်တာနက်သုံးသူမှန်သမျှအတွက် အထူးသတိထားကြရန် (ယနေ့အထူး)

အင်တာနက်သုံးသူမှန်သမျှအတွက် အထူးသတိထားကြရန် (ယနေ့အထူး)
==============================
ပက်စ်ဝပ်ခိုးယူသော Firefox-Addon များ ပျံ့နှံ့
ကျွန်တော် PoleStar Minn Minn Aung ဟာမျိုးချစ်မြန်မာ ဟက်ကင်းလေ့လာလူငယ်တွေကို ဒုက္ခပေးခဲ့တဲ့ MMCF က AungLat တို့ အုပ်စု ပြုလုပ်ဖြန့်ဝေသောပက်စ်ဝပ်ခိုးယူသော Firefox-Addon ကို စတင်ဖော်ထုတ်ပေးခဲ့ပါတယ် ...

အဲ့လို ဒုက္ခရောက်အောင် လုပ်နေတဲလင့်တွေက အောက်က လင့်တွေပါ လုံးဝမနှိပ်တာနှင့်

https://www.facebook.com/photo.php?fbid=471432736226433&set=a.2...

ဒီလင့်မှာကြည့်ပါ php ဆိုတဲ့ နေရာကိုတွေ့ပါလိမ့်မယ် အဲ့တာ hack နိုင်တဲ့ Php ပါဝင်နေတယ်ဆိုတာကို ပြတာပါ မသိနားမလည်တဲ့သူအားလုံးခံရပါတယ် .။

အကောင့်တွေကို ခက်ခက်ခဲခဲ ဟက်နေတာထက် ပက်စ်ဝပ်ခိုးယူတဲ့ Firefox Addon (ဥပမာ မိုဇီလာ Firefox ကိုအသုံးပြုရာမှာ ဖြည့်စွက်သော ဆော့ဝဲရ်) အက်အွန်တွေဖြန့်ဝေပေးတာက ပိုပြီးထိရောက်တာကို သတိပြုမိသွားကြတဲ့ မသမာသူတွေဟာ မသိနားလည်သေးတဲ့ အင်တာနက်သုံးစွဲသူတွေနဲ့ ဟက်ကာပေါက်စတွေကို SE နည်းနဲ့ ယုံအောင်ပြောလို့တစ်မျိုး၊ ဘာဘာညာညာ မက်လုံးပေးပြီးတစ်သွယ် Virus ဖြန့်ပေးခဲ့ပါတယ် ။ ဥပမာ အကြောင်းပြချက်က (Antikeylogger လို , သဇင် အပိုင်း(၄) ,အေသင်ချိုဆွေ ဗီဒီယို စသည်ဖြင့် လူစိတ်ဝင်စားအောင် ဖိုင်နိမ်းပေး) စသဖြင့် မသိတဲ့သူတွေကို မက်လုံးပေးပြီး အဆိုလင့်မျိုးများကို ကလစ်ခိုင်းခဲ့ပါတယ် ။

မြန်မာ ဟက်ကင်းလေ့လာလူငယ်တွေရဲ့ အကောင့်တွေအဟက်ခံခဲ့ရပြီးတော့ အချင်းချင်းအထင်လွဲ အမြင်လွဲ ခိုက်ရန်ဖြစ် သွေးကွဲမှုတွေ ဖြစ်ပေါ်လာခဲ့ကြပါတယ်

ထိုပက်စ်ဝပ်ခိုးယူသည့် (Firefox Add On)အက်အွန်ကို ဖော်ထုတ်ချိန်ခဏသာ ငြိမ်သွားပြီး နောက်ပိုင်းမှာ အခြားအမည်တွေနဲ့ဆက်လက်ဖြန့်ဖြူးကြပြီး ယုံအောင်ပြောလို့ သုံးစွဲခိုင်းခဲ့ကြပါတယ် ... ကောင်းမယ်ထင်တာလေးတွေတွေ့ရင် ကိုယ့်ဘလော့ဂ်မှာ ရှယ်တတ်ကြတဲ့ ဘလော့ဂါအချို့ကြောင့်လည်း ပိုမိုပျံ့နှံ့မှုတွေဖြစ်လာခဲ့ပါတယ် ... ဆိုဒ်တစ်ခုမှာဆို

YouTube ဗီဒီယိုတွေကို မထစ်အောင်ပြုလုပ်ပေးသည့်အက်အွန် ပက်စ်ဝပ်သူခိုးကီးလော့ဂျာ ဖြန့်ဝေမှုကိုလည်း သိရှိဖော်ထုတ်ပေးခဲ့ရပြန်ပါတယ် ...

အောက်ပါလင့်ကိုကြည့်ပါ လေ့လာပါ မကလစ်ပါနဲ့ အမည်တွေပြောင်းသွားပေမယ့် php ဆိုတာလေးကတော့ ပါနေတာပါပဲ အောက်မှာကြည့်ပါ

Post Link > https://www.facebook.com/permalink.php?story_fbid=580119112000222&a...

ဒီလို ပက်စ်ဝပ်ခိုးယူတဲ့ ဖိုင်းယားဖောက်စ်အက်အွန်များပို့ပေးတဲ့လင့်တွေ ဒီလိုပျံနှံ့နေပြီး အကောင့်တွေ အဟက်ခံ အပါခံနေကြရပါတယ်

ဒါ့ကြောင့် အင်တာနက် သုံးစွဲသူများအနေနဲ့ဖိုင်းယားဖောက်စ်အက်အွန်တွေကို သတိပြုသုံးစွဲကြပါရန်၊

ယုံကြည်အောင်ပြောပြီး သုံးစွဲရန်ပေးလာတဲ့ အက်အွန်တွေကိုလည်း ဆင်ခြင်သုံးစွဲကြပါရန်၊

မည်သည့်ခင်မင်သောသူငယ်ချင်များပေးသည့်လင့်မဆို php . exe. apk. xpi.စသဖြင့်ပါလာပါက မကလစ်ကြရန် အထူးသတိပေးရပါတယ်

အင်တာနက်ဆိုင်တွင် သုံးစွဲသူများအနေနဲ့ ဖိုင်းယားဖောက်စ်ကိုမသုံးမီ Tools > Add-on သို့သွားပြီး မသင်္ကာသည့် အက်အွန်တွေကို

ဒစ်ဆေဗယ် (diseable) ဖြစ်နိုင်လျှင် Internet Exployer သို့မဟုတ် အခြား ဘရော့စာများသုံးစွဲကြပါရန်အသိပေး တင်ပြလိုက်ရပါတယ်

အခု သိရှိရမိထားတဲ့ ပက်စ်ဝပ်ခိုးယူတဲ့ ဖိုင်းယားဖောက်အက်အွန်ကအမည်ကတော့ ...Good Connection for pc.xpi ဖြစ်ပါတယ် ...(ကွန်နက်ရှင်းမကောင်းတဲ့လူတွေအတွက် ကွန်နက်ရှင်းကောင်းစေမယ့်အက်အွန် ဆိုပဲ)ဒေါင်းလုထ်လင့်ခ်က

https://dl.dropboxusercontent.com/s/u9mjwcixne9dbjh/Good%20Connecti...

အဲ့လိုတွေ မသိတဲ့ လင့်တွေကိုလုံးဝမကလစ်ဖို့ အထူးသတိပေးလိုက်ရပါတယ် ။

ခိုးယူထားတဲ့ ပက်စ်ဝပ်တွေကို သိမ်းထားတဲ့ နေရာက

http://0zawzawaung.0fees.net/addon/testlogger.txt

( z ရှေ့က 0 ကို ဖြုတ်ပါ )ဒါ့ကြောင့် ယခုရက်ပိုင်း အကောင့်အဟက်ခံထားရသူတွေအနေနဲ့ အဲ့ဒီအမည်ပါ အက်အွန်သုံးစွဲထားမိပါက ဖြုတ်ပယ်ထားကြဖို့၊ အကောင့်ပါသွားလို့ ပြန်ဆယ်မယ့်သူများကလည်း အဲ့ဒီအက်အွန်ကို အရင်ဖြုတ်ပယ်ပြီးမှ ပြန်ဆယ်ကြဖို့ အဲ့ဒီအမည်နဲ့ တစ်ယောက်ယောက်က အက်အွန်ပေးလာခဲ့ရင် ဒါမှမဟုတ် ဆိုဒ်တစ်ခု ဘလော့ဂ်တစ်ခုက တွေ့ရှိခဲ့ရင် သုံးစွဲခြင်းမပြုကြဖို့ အသိပေးတင်ပြလိုက်ပါတယ် ...
from Polestar Min Min Aung

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform