စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 7 February 2014

သင်မထင်မှတ်ထားသော သင့်အတွက် ကျန်းမာရေး ကောင်းစေမည့် အရာများ

သင်မထင်မှတ်ထားသော သင့်အတွက် ကျန်းမာရေး ကောင်းစေမည့် အရာများ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
တစ်ခါတစ်ရံ ကောင်းတယ်လို့ ထင်ထား တာတွေက မထင်မှတ်ဘဲ မကောင်းတာ ဖြစ်နေတတ်သလို မကောင်းဘူးလို့ ထင်ထားတဲ့ အောက်ပါ အရာတွေဟာ အမှန်တကယ် သင်ရဲ့ ကိုယ်နဲ့ စိတ်အတွက် ကောင်းစေ နိုင်တယ်လို့ သိရပါတယ်။

(၁) အညိုရင့်ရောင် ချောကလက်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်ပါတယ်

အညိုရင့်ရောင် ချောကလက်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်ရုံ မကပါဘူး။ စိတ်ဓာတ် ကျဆင်းမှု လျော့နည်း စေနိုင်တဲ့ Endorphin နဲ့ Serotonin ကိုလည်း ထုတ်လုပ် ပေးပါတယ်။ အညိုရင့်ရောင် ချောကလက် စားတာကြောင့် အချို စားချင်စိတ်လည်း လျော့သွား နိုင်ပါတယ်။

(၂) အနီရောင် အသား စားတာဟာ အဆိုးကြီးပဲ

အနီရောင်အသား များများ စားတာဟာ အ၀လွန် ရောဂါ၊ ကိုလက်စထရော မြင့်မားတာနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ပေမယ့် အနီရောင်အသား အနည်းငယ် စားတာဟာ သင့်အတွက် အမှန်တကယ် ကောင်းတယ်လို့ ဆိုပါတယ်။ တချို့ အမဲသား အဆီတွေဟာ ခန္ဓာကိုယ်အတွက် ကောင်းတဲ့ အဆီတွေ ဖြစ်ပြီး မကောင်းတဲ့ အဆီကို လျှော့ချနိုင်ကာ မြက်စား နွားတွေမှာ ပြည့်ဝဆီ ပါဝင်မှု နည်းပါးတယ်လို့လည်း သိရပါတယ်။

(၃) တစ်ခါတစ်ရံ နေပူဆာ လှုံဖို့ လိုပါတယ်

နေရောင်ခြည်ဟာ အသားအရေကို ပျက်စီး နိုင်ပေမယ့် ဗီတာမင် ' ဒီ ' ရရှိဖို့ နေရောင်ခြည် ရယူဖို့ လိုအပ်ပါတယ်။ ဗီတာမင် ' ဒီ 'ဟာ ကယ်လ်စီယမ် စုပ်ယူမှု အတွက် လိုအပ်တာမို့ လူတိုင်း နေရောင်ခြည် ရရှိဖို့ လိုအပ်ပါတယ်။

(၄) စိတ်ဖိစီးမှု နည်းနည်းရှိတာ သင့်အတွက် ကောင်းပါတယ်

စိတ်ဖိစီးမှု များပြားတာဟာ ကျန်းမာရေး ပြဿနာ ဖြစ်နိုင်ပေမယ့် စိတ်ဖိစီးမှု အနည်းငယ် ရှိတာကြောင့် သင့်လုပ်ငန်း အတွက် လှုံ့ဆော်မှု ပေးနိုင်ပြီး အယ်ဒရီနာလင်နဲ့ ကော်တီဇုန်း ဟော်မုန်းတွေ ထွက်ရှိ လာတာကြောင့် သင့်စွမ်းဆောင်ရည် အမြင့်မားဆုံး ရောက်ရှိအောင် ကူညီနိုင် ပါတယ်။

(၅) ကော်ဖီ သောက်တာဟာ ကောင်းပါတယ်

ကော်ဖီ သောက်တာကြောင့် ကျောက်ကပ်နဲ့ သည်းခြေ ကျောက်တည် နိုင်ခြေကို လျှော့ချနိုင် ပါတယ်။ ကော်ဖီမှာ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်တာကြောင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ လျှော့ချနိုင်ပြီး စိတ်ကျ ဝေဒနာ မဖြစ်အောင် ကူညီနိုင် ပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ကော်ဖီ သုံးခွက်ထက် ပိုမသောက် သင့်ပါဘူး အစာအိမ်အနာ ဖြစ်စေနိုင်လို့ပါ။

(၆) လုပ်ငန်းမျိုးစုံ လုပ်တာကြောင့် ထုတ်လုပ်မှုအား ပိုကောင်းနိုင်ပါတယ်

လုပ်ငန်းမျိုးစုံ လုပ်တာကြောင့် အလုပ်တွေကို အာရုံ စူးစိုက်မှု နည်းသွား နိုင်ပေမယ့် စွမ်းအင်တွေ ပိုထွက်လာပြီး အလုပ် လုပ်အောင် လှုံ့ဆော်မှု များတာကြောင့် လုပ်ငန်း အောင်မြင်မှု ထိပ်ဆုံးကို ရောက်ရှိနိုင် ပါတယ်။

(၇) ၀ိုင်အရက်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း အပြည့်အ၀ ပါဝင်ပါတယ်

ဝိုင်အရက်မှာ ပါဝင်တဲ့ Resveratrol တွေဟာ ဗီတာမင် အားဆေးမှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းထက် ပိုပြီး အစွမ်းထက် ပါတယ်။ စပျစ်သီးနဲ့ ပြုလုပ်ထားတဲ့ အနီရောင် ၀ိုင်တွေဟာ အသက်ရှည်ပြီး ကျန်းမာရေး ကောင်းဖို့အတွက် အထောက်အကူ အများကြီး ရစေပါတယ်။ နေ့စဉ် ၀ိုင်အရက် တစ်ခွက် သောက်ပါ။

(၈) TV Game ကိုလေ့ကျင့်ခန်းတစ်ခုလို လုပ်နိုင်ပါတယ်

TV မှာ Wii Game အသုံးပြုပြီး Baseball နဲ့ တင်းနစ် ကစားတာ လိုမျိုးကို ဧည့်ခန်းထဲမှာပဲ ပြုလုပ်နိုင်တာမို့ ကိုယ်လက် ကြံ့ခိုင်ရေး အတွက် အသုံးဝင် ပါတယ်။

(၉) ပီကေ ၀ါးတာဟာ ခံတွင်း ကျန်းမာရေး အတွက် ကောင်းပါတယ်

ပီကေ ၀ါးတာကြောင့် ခံတွင်းအတွင်း ဘက်တီးရီးယားတွေ လျော့နည်း သွားနိုင် ပါတယ်။ ပီကေ ၀ါးတာကြောင့် တံတွေး ပိုထွက် လာတာမို့ သွားပိုးပေါက် ဖြစ်ခြင်းမှလည်း ကာကွယ်နိုင် ပါတယ်။

(၁၀) ကလေးငယ်တွေကို အော်ဟစ်တာဟာ ဆိုးရွားတာချည်းပဲ မဟုတ်ပါဘူး

တစ်ခါတလေ ကလေးတွေဟာ သင်စိတ်ဆိုးအောင် ပြုလုပ်တတ်ပါတယ်။ ဒါကြောင့် သင့်စကားကို သူတို့ နားထောင်အောင် ဟောက်သင့်ရင် အော်ဟောက် ရပါမယ်။ ဒါမှသူတို့က သင့်စကားကို ပိုပြီး နားထောင်မှာပါ။ ပြီးမှ စိတ်ဆိုးရတဲ့ အကြောင်းရင်းကို သူတို့ကို ရှင်းပြပါ။

ဒေါက်တာခင်မိုးမိုး

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform