စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 22 February 2014

ဝမ်းဗိုက်အဆီများ လျော့ကျစေရန် လွယ်ကူ ရိုးရှင်းသော နေထိုင်စားသောက်မှုများ …


ဝမ်းဗိုက်အဆီများ လျော့ကျစေရန် လွယ်ကူ ရိုးရှင်းသော နေထိုင်စားသောက်မှုများ …
=====================
နေထိုင်စားသောက်မှုများကို အနည်းငယ်ပြင်ဆင်ရုံဖြင့် ၀မ်းဗိုက် အဆီများလျော့ကျစေနိုင်ပါတယ်။ ဒါပေမယ့် အစပိုင်းမှာတော့ အများကြီး မျှော်လင့်လို့  မရနိုင်ပါဘူး။ ဖြည်းဖြည်းခြင်း ပြုပြင်ယူရမှာဖြစ်လို့ အစပိုင်းမှာ သိသိသာသာ လျော့ကျမသွားရင်စိတ်ပျက်မသွားပါနဲ့ ။

သင်လိုက်နာရမယ့် အချက်တွေကတော့ ..

၁။ မနက်စာကို အ၀စားပါ။ ( ပိန်ချင်တယ်ဆိုပြီး မနက်စာကို ရှောင်လို့ မဖြစ်ပါဘူး)

၂။ အသားဓာတ် (Protein) များများပါတဲ့အစားအသောက်များကိုစားပေးပါ။ (၀မ်းဗိုက်မှ အဆီများလျော့နည်းပြီး အသားပြည့်လာဖို့  အသားဓာတ်တွေများများလိုအပ်ပါတယ်)။

၃။ ကစီဓာတ် (Carbohydrate) တွေလျှော့စားပါ။

၎။ အမျှင်ဓာတ် (fiber) ပါတဲ့အစားအသောက်တွေကလွဲရင် ကျန်တဲ့အစားအသောက်တွေကို သင့်စိတ်ကြိုက်မစားပါနဲ့ ။ အမျှင်ဓာတ်ပါတဲ့အစားအသောက်များက သင့်ကျန်းမာရေးကို အထောက်အကူပြုစေရုံသာမက ဗိုက်ပြည့်နေသလို ခံစားမှုများကို ဖြစ်ပေါ်တဲ့အတွက် သင်အစားအများကြီး စားမိခြင်းကို လည်းတားဆီးပေးရာရောက်ပါတယ်။

(အသားဓာတ် နဲ့ အမျှင်ဓာတ်တွေများများရပြီး ကဆီဓာတ်နဲ့ အဆီတွေရှောင်ဖို့ အတွက် ထမင်းလျှော့စားပြီး ငါး၊ အဆီနည်းတဲ့ အသား၊ အသီး အနှံ နဲ့ ဟင်းသီးဟင်းရွက်တွေများများစားပေးရမှာပါ။)

၅။ တစ်ချိန်တည်းမှာ အစားအများကြီးစားခြင်း မပြုပဲ အစားနည်းနည်းစီနဲ့ မကြာခဏစားပေးပါ။( အချိန်အကြာကြီး အစာမစားပဲနေခြင်း အားဖြင့် ဗိုက်ဆာလာတဲ့အခါ အစားတွေအများကြီး စားမိစေနိုင်ပါတယ် )

၆။ ဆားလျှော့စားပါ။ (ဆားများများစားခြင်းက အ၀လွန်းခြင်းနှင့်သွေးတိုးရောဂါများကိုဖြစ်စေနိုင်ပါတယ်။)

၇။ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။ (ကိုယ်လက်လှုပ်ရှားမှုများများလုပ်နိုင်လေ အဆီများလောင်ကျွမ်းမှုများလေပါပဲ)

၈။ ရေများများသောက်ပါ။

၉။ အိပ်ရေး၀၀အိပ်ပါ။ အဆီများလျှင်မြန်စွာလောင်ကျွမ်းပြီး ချပ်ရပ်တဲ့ဗိုက်သားများရဖို့ အတွက်ဆိုရင်တော့ တစ်ရက် ၈နာရီ အနှောင့်အယှက်ကင်းကင်း အိပ်နိုင်ဖို့ လိုအပ်ပါတယ်။

၁၀။ အဆီကျဆေးများသောက်ခြင်းဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် အဆီကျဆေးများသောက်သုံးခြင်းကိုတော့ရှောင်ပါ။

လွယ်ကူ ရိုးရှင်းတဲ့နည်းလမ်းတွေ ဖြစ်ပေမယ့် သင်သာ အမှန်တစ်ကယ်လိုက်နာမယ်ဆိုရင် တစ်ကယ်ထိရောက်ပါတယ်။ ဒါကြောင့် သင့်ဗိုက်မှ အဆီပို များလျော့ကျ ပြီး ချပ်ရပ်လှပတဲ့ ဗိုက်သားကလေးများကို ပိုင်ဆိုင်နိုင်စေဖို့ အထက်ပါ နည်းလမ်းများကို စိတ်ရှည်ရှည်နဲ့ လိုက်နာဖို့ လိုအပ်ပါတယ်။

မေသူ - သံတွဲ

( ဆေးဝါးတက္ကသိုလ်)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform