စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 10 February 2014

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Worry/ Afraid/ Bad/ Too Bad/ Bet)

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Worry/ Afraid/ Bad/ Too Bad/ Bet)

Not to worry (ကိစ္စမရှိပါဘူး)

You say not to worry to someone to tell them that something is not important and does not matter:

ကိစ္စမ၇ှိပါဘူး(not to worry)ကိုတစ်စုံတစ်ဦးအား အကြောင်းအရာတစ်ခုခုသည် အရေးမကြီးကြောင်း ပြောကြားလိုသည့်အခါအသုံးပြုသည်။

I'm sorry I'm late.'
နောက်ကျတဲ့အတွက် တောင်းပန်ပါတယ်။
'Not to worry! The meeting hasn't started yet.'
ကိစ္စမရှိပါဘူး။ အစည်းအဝေးက မစသေးပါဘူး။

''I broke one of your cups, I'm afraid.'
ခင်ဗျားရဲ့ခွက်တစ်ခွက်ကို ကျွန်တော်ခွဲလိုက်မိတယ်။ စိတ်မကောင်းပါဘူး။
'Not to worry. They're just cheap ones.'
ကိစ္စမရှိပါဘူး။ အဲ့ဒါတွေက ဈေးပေါတဲ့ဟာတွေပါ။

Language Help, (ဘာသာစကားအကူအညီ)

You can also use don't worry in the same way.

စိတ်မပူပါနဲ့ (don't worry)ကိုလည်း အလားတူသုံးနိုင်သည်။

The expression never mind is used in a similar way:

စိတ်ထဲမထားပါနဲ့( never mind) ကိုလည်းအလားတူ အသုံးပြုကြသည်။

'I've forgotten to get any milk.'
နွားနို့ယူလာခဲ့ဖို့မေ့သွားတယ်။
'Never mind. We can have black coffee.'
စိတ်ထဲမထားပါနဲ့။ ဘလက်ကော်ဖီ သောက်ကြတာပေါ့။

I'm afraid (စိတ်မကောင်းပါဘူး)

You use I'm afraid when you are politely telling someone something that may upset or annoy them:

စိတ်မကောင်းပါဘူး (I'm afraid)ကို တစ်စုံတစ်ဦးအားစိတ်မချမ်းမသာဖြစ်စေမည့်(သို့) စိတ်အနှောက်အယှက်ဖြစ်စေမည့် အကြောင်းအရာတစ်ခုခုကို ယဉ်ယဉ်ကျေးကျေးပြောလိုသည့်အခါအသုံးပြုသည်။

I'm afraid you've missed the last train to the city tonight.
စိတ်မကောင်းပါဘူး။ ဒီညအတွက် မြို့ထဲကိုသွားမယ့်နောက်ဆုံးရထားကို လွတ်သွားပါတယ်။

I'm afraid that that we cannot repair your computer.
စိတ်မကောင်းပါဘူး။ ခင်ဗျားကွန်ပြူတာကို ပြင်လို့မရပါဘူး။

You are not allowed to smoke in the hotel, I'm afraid.
စိတ်မကောင်းပါဘူး ဟိုတယ်ထဲမှာ ဆေးလိပ်သောက်ခွင့်မရှိပါဘူး။

Not a bad ... (မဆိုးပါဘူး။)

You use not a bad of someone or something to mean that they are quite good:

(တစ်စုံတစ်ဦး (သို့) တစ်စုံတစ်ခု) မဆိုးပါဘူး (not a bad) ကို ထိုအရာသည် အတော်အသင့်ကောင်းမွန်ကြောင်း ပြောလိုသည့်အခါတွင် သုံးသည်။

Jill's not a bad cook and she cooked a delicious dinner last night.
Jill က ဟင်းချက်တာ မဆိုးပါဘူး။ မနေ့ညက အရသာရှိတဲ့ ညစာကို ချက်ခဲ့တာပဲ။
Anne's not a bad singer and she plays the piano as well.
Anne က အဆိုတော်အနေနဲ့ မဆိုးပါဘူး ပြီးတော့ စန္ဒယားလည်း တီးသေးတယ်လေ။

That's too bad (စိတ်မကောင်းစရာပဲ)

You say that's too bad when you are referring to something that is unfortunate, often when you are expressing sadness, sympathy or disappointment

ကံမကောင်းသည့်အကြောင်းအရာတစ်ခုခုကိုရည်ညွှန်းသည့်အခါသုံးသည်။ အများအားဖြင့်စိတ်မကောင်းမှု၊ စာနာမှု (သို့) စိတ်ပျက်မှုကိုဖော်ပြသည့်အခါတွင်သုံးသည်။

'Jane can't come to the party because her mother's ill.'
Jane က သူ့အမေနေမကောင်းလို့ ပါတီကိုမလာနိုင်ဘူး။
'That's too bad! She was really looking forward to it!'
စိတ်မကောင်းစရာပဲ။ သူကအရမ်းမျှော်လင့်ထားတာ။

'Bob's broken his leg playing football and he won't be able to play for the rest of the season.
'Bob က ဘောလုံးကစားနေရင်း ခြေထောက်ကျိုးသွားတယ် ပြီးတော့ သူက ရာသီကုန်တဲ့ အထိ ဘောလုံးကစားနိုင်တော့မှာ မဟုတ်ဘူး။
That's too bad! He's just been chosen to play for the first team.
'စိတ်မကောင်းစရာပဲ။ သူက ပထမအသင်းကြီးမှာကစားဖို့ မကြာခင်ကပဲ အရွေးခံထားရတာ။

Language Help, (ဘာသာစကားအကူအညီ)

That's (just) too bad when you do not really care about something or do not feel any sympathy:

စိတ်မကောင်းစရာပဲ (that's (just) too bad) ကို တစ်စုံတစ်ခုအတွက် အမှန်တကယ်ဂရုမစိုက် (သို့) စာနာမှုမခံစားရသည့်အခါ သုံးသည်။

I know that you don't like white bread, but that's just too bad. That's all we have.
ပေါင်မုန့်ဖြူမကြိုက်ဘူးဆိုတာငါသိပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက ငါတို့မှာ အဲ့ဒါပဲရှိတယ်။

Sue hates travelling by bus.'
Sue က ဘတ်(စ)ကား နဲ့ ခရီးသွားရတာကို မုန်းတယ်။
'That's too just bad! We can't get there by any other means.'
စိတ်မကောင်းစရာပဲ။ အဲ့ဒီကိုသွားဖို့ တစ်ခြားနည်းလမ်းမရှိဘူး။

I bet (ငါလောင်းရဲတယ်။)

You say I bet when you are very sure that something is true or will happen:

ငါလောင်းရဲတယ် (I bet) ကိုကိစ္စတစ်စုံတစ်ရာသည်မှန်ကန်ကြောင်း(သို့)ဖြစ်လာနိုင်ကြောင်းကိုသင့်အနေဖြင့်အသေအချာသိထားတဲ့အခါမှာပြောလေ့ရှိသည်။

I bet Jack's late. He always is.
Jack' နောက်ကျပြန်ပြီဆိုတာ ငါလောင်းရဲတယ်။ သူဟာအမြဲဒီလိုပဲ။

I bet the new manager will sack some of the present staff.
မန်နေဂျာအသစ်က လက်ရှိအလုပ်သမားထဲက အချို့ကို အလုပ်ထုတ်လိမ့်မယ်ဆိုတာ ငါလောင်းရဲတယ်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform