စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 15 March 2014

အဖေ

အဖေ …
====
အခုဆို သားနဲ့ အဖေ အဝေး တစ်နေရာစီမှာနော် …
အဖေ့ကို သား သတိရလိုက်တာ … အဖေ နေများ ကောင်းရဲ့လား …

အဖေဟာ အခုဆို အိုရွယ်ချိန် ရောက်လို့ အရင်လို သန်စွမ်းမှုတွေ မရှိတော့တာ သား သိပါတယ် အဖေ … ဒါပေမယ့် ရင့်ရော်မှု မရှိတဲ့ အဖေ့ရဲ့ အပြုံး၊ အားအင် ပြည့်ဝနေတဲ့ အဖေ့ရဲ မေတ္တာ အဲဒါတွေကို သား အောက်မေ့ သတိရ နေတယ် …

အဖေဟာ သားတို့ မိသားစုအတွက် မီးအိမ်ရှင်၊ သားတို့ မိသားစုအတွက် ပဲ့ကိုင်ရှင်၊ သားတို့ ဘဝတွေ အတွက် အားအင် ပြည့်စေတဲ့ စွမ်းအားရှင် တစ်ယောက်ပါ …

မပြောင်းလဲတဲ့ အဖေ့ရဲ့ မေတ္တာ၊ မဟောင်းနွမ်းတဲ့ အဖေ့ရဲ့ စေတနာတွေ အတွက် သား တာဝန်ကျေပါ့မလား၊ သား တွေးနေရင်း စိတ်မကောင်း ဖြစ်ရပါတယ် .. ဒါပေမယ့် သား ဂုဏ်ယူနေမိပါတယ် … အဖေ့ရဲ့ သား ဖြစ်ခွင့် ရခဲ့လို့ပေါ့ …

တကယ်တော့လေ … အဖေဟာ သားရဲ့ မျှော်လင့်ချက်၊ သားရဲ့ ဘဝရပ်တည်ချက်တွေ အတွက် မီးမောင်းထိုးပြ ပေးခဲ့တဲ့ နေမင်း တစ်ဆူပါ … ပြီးတော့ သားရဲ့ လိုအင်တွေ၊ သားရဲ့ လိုအပ်ချက်တွေ အတွက် အေးမြတဲ့ ဖေးမမှုတွေနဲ့ အားအင်တွေ ဖြစ်စေခဲ့တဲ့ လမင်း တစ်စင်းဆိုလည်း မမှားဘူးပေါ့ … အဖေ့ရဲ့ လမ်းပြ သွန်သင်မှုတွေ၊ ပဲ့ပြင် ဆုံးမမှုတွေနဲ့ သား အခုဆို လူ့လောက လမ်းကြောင်းပေါ် လျှောက်လှမ်း နေပါပြီ အဖေ …

သားရဲ့ အတွေး အခေါ်တွေ၊ သားရဲ့ ခံယူ ဆုံးဖြတ်ချက်တွေ၊ သားရဲ့ ကြံစည် လုပ်ဆောင်မှုတွေ အားလုံးဟာ အဖေပေးတဲ့ အားအင် အလင်းတွေကြောင့် ကြည်လင်တဲ့ အမြင်ကို ရရှိခဲ့တာပါ … အဲဒီအတွက် အဖေဟာ သားရဲ့ လမ်းပြကြယ်ပါ …

အဖေဟာ သားအတွက်တော့ … ဖခင်ကောင်း တစ်ယောက်၊ သားအတွက်တော့ အစ်ကိုကောင်း တစ်ယောက်၊ သား အတွက်တော့ သူငယ်ချင်းကောင်း တစ်ယောက်ပါ … တကယ်ဆို သားရဲ့ အလိုဆန္ဒတွေ အတွက် အစစ နားလည် ဖြည့်ဆည်းပေးခဲ့တာ အဖေပဲလေ … အဖေ့ရဲ့ စွမ်းဆောင်မှုတွေ၊ အဖေ့ရဲ့ တတ်သိ နားလည်မှုတွေ၊ အဖေရဲ့ ဖေးမကူညီမှုတွေ အတွက် သား ဂုဏ်ယူမဆုံးပါ အဖေ …

တစ်ချိန်မှာ ရရှိလာမည့် အဖေ နေရာအတွက် အဖေ့လို ဖခင်ကောင်း တစ်ယောက်အဖြစ် ရပ်တည်ခွင့် ရအောင် သား ကြိုစားမှာပါ … ကြိုးစားခွင့် ရှိအောင်လည်း အဖေ့ရဲ့ စိတ်စွမ်းအင် သွေးသားတွေက သားကိုယ်ထဲမှာ ပြန့်နှံ့ စီးဆင်းနေတယ် ဆိုလည်း မမှားဘူးပေါ့ …

အဖေ .. အဖေ စိတ်ချပါ … အဖေ့ရဲ့ ရှင်သန်ခွင့် နေ့ရက်ရှည်တွေမှာ သား အဖေ့ကို စိတ်ချမ်းမြေ့စွာ ထားပေး သွားမှာပါ … အဖေ့ရဲ့ ကျေးဇူး မေတ္တာတရားတွေကို နားလည် တတ်သိတဲ့ သား တစ်ယောက် အဖြစ် လောကကြီးထဲမှာ သား ရှင်သန် နေထိုင်သွားမှာပါ …

အဖေ့ရဲ့ ကျေးဇူးတရားတွေက ဆပ်မကုန် များနေမှန်း သား သိနေပေမယ့် အဖေ့ရဲ့ မေတ္တာ၊ အဖေ့ရဲ့ စေတနာ၊ အဖေ့ရဲ့ ကျေးဇူးတရားတွေ အတွက် သား အဖန်ဖန် အထပ်ထပ် အောက်မေ့ သတိရနေပြီး သား ကျေပွန် တတ်စွမ်းသရွေ့ ကြိုးစား ဆပ်သွားမှာပါ …

အနန္တဂိုဏ်းဝင် ကျေးဇူးရှင် အဖေ့အား လက်ဆယ်ဖြာ ပန်ဆင်ပြီး သား ရှိခိုး ကန်တော့ ပါတယ် အဖေ …

(သား/သမီး အားလုံး အဖေ့ကျေးဇူး ဆပ်နိုင်သူများ ဖြစ်နိုင်ကြပါစေ …)

သိုက်ဝင်း
— with Shwe Arlu and 2 others.

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform