စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 29 March 2014

ချဉ်ပေါင်ပင်နှင့်မိမိဘာသာ ဆံပင်အလှပြုပြင်နည်းများ


ချဉ်ပေါင်ပင်နှင့်မိမိဘာသာ ဆံပင်အလှပြုပြင်နည်းများ
ချဉ်ပေါင်ရွက်နှင့်အပွင့်တို့ ကိုရေအနဲငယ်ဖြင့်ရောထောင်းထားပါ။ နှစ်သက်ရာ shampooခေါင်းလျှော်ရည်တစ်ခုခု ဖြင့် လျှော်ပြီးနောက်၊ ထိုချဉ်ပေါင်ရွက်ထောင်းရေကို conditioner အဖြစ် ပေါင်းတင်ပေးနိုင်ပါသည်။ ဆံပင် နှစ်ခွဖြစ်ခြင်းနှင့် ခြောက်သွေ့ သောဆံပင်များကို
များစွာကောင်းကျိုးပြုပါသည်။ ဆံပင် အမြစ်မှ ထိပ်ဖျားအထိ ခိုင်မာစေသည့်ပြင်၊ ဆံသားများ နူးညံ့၍ ပြောင်လက်လာပါလိမ့်မည်။

၂။ အနီရင့်ရောင်ချဉ်ပေါင်ပွင့်တို့ ကို ထောင်းထုသောအခါတွင် ခရမ်းရင့်ရောင်သတ္တုရည်ရရှိလာပါသည်။ ထို ချဉ်ပေါင်ပွင့် သတ္တု ရည်ကို ဆံပင်ဖြူများအတွက် ဆိုးဆေးအဖြစ်အသုံးပြုနိုင်ပါသည်။
၃။ဆံသားများ နက်မှောင်ပြောင်လက်တောက်ပစေရန်အတွက် ချဉ်ပေါင်ပန်းပွင့်တို့ ဖြင့် မိမိဘာသာ ခေါင်းလိမ်းဆီ ပြုလုပ်နိုင် ပါသည်။ ချဉ်ပေါင်ပွင့် ၆-ပွင့် ကို ချဉ်ပေါင်ရွက် ၃-ရွက်ဖြင့် ရောထောင်းပြီး၊ မိမိနှစ်သက်ရာ အုန်းဆီ (သို့ မဟုတ်) သံလွင်ဆီ (သို့ မဟုတ်) ကြက်ဆူဆီ ဖြင့်ရော၍ မီးအေးအေးထား၍့ ၁၀-မိနစ် လောက် အပူပေးပါ။ အအေးခံပြီးနောက် အနယ်ကို စစ်ထုတ်ပြီး၊ ခေါင်းလိမ်းဆီအဖြစ် မှန်မှန်လိမ်းပေးနိုင်ပါသည်။
(အကယ်၍ လတ်ဆတ်သော ချဉ်ပေါင်ပွင့်နှင့် အရွက်များ အလွယ်တကူမရရှိနိုင်ပါက၊ ချဉ်ပေါင်ရွက်အခြာက်မှုန့်  စားပွဲတင်ဇွန်း ၃-ဇွန်းခန့် ဖြင့် အထက်ပါနည်းအတိုင်း ခေါင်းလိမ်းဆီ ပြုလုပ်နိုင်ပါသည်)
credit: natureenergycares

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform