စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 19 March 2014

သူတော်ကောင်းဥစ္စာ ငါးပါး၌ တည်လာသူ

သူတော်ကောင်းဥစ္စာ ငါးပါး၌ တည်လာသူ

သီလ ၊ သမာဓိတွေကို အခြေခံပြီး ဓာတ်ကြီးလေးပါးကို ဦးတည်၍ ရုပ်တရားတွေကို သိမ်းဆည်းခြင်း၊ နာမ်တရားတွေကို သိမ်းဆည်းခြင်း၊ အကြောင်းတရားတွေကို သိမ်းဆည်းခြင်း၊ အကျိုးတရားတွေကို သိမ်းဆည်း
ခြင်း၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီး တွင်တွင်ကြီး ၀ိပဿနာ ရှုခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ခဲ့လျှင်
ထိုသူတော်ကောင်း၏ သန္တာန်၌ သဒ္ဓါ-သီလ-သုတ-ပညာလို့ ခေါ်ဆိုအပ်တဲ့ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ သူတော်ကောင်းဥစ္စာ လေးပါး တည်ရှိမလာနိုင်ဘူးလား ? တည်ရှိနိုင်လာတယ်။
ဒီလို သူတော်ကောင်းဥစ္စာ လေးပါး တည်ရှိတဲ့ ပုဂ္ဂိုလ်က စေတီတစ်ဆူမှာ ဆီမီးတစ်တိုင်ပဲ ဖြစ်စေ၊ပန်းကလေး တစ်ပွင့်ပဲဖြစ်စေ၊ ဆွမ်းကလေး တစ်ပွဲပဲဖြစ်စေ လှူဒါန်း ပူဇော်ခဲ့မယ်ဆိုလျှင် စာဂတရားတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အလှူရှင်တို့ကဲ့သို့ စွမ်းအားရှိသမျှ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေနှင့်တကွ ရှင်ယောဂီ လူယောဂီ ပရိသတ်အပေါင်း သူတော်ကောင်း တွေကို လှူဒါန်း ပူဇော်မယ်ဆိုလျှင် စာဂတရားတွေ ဖြစ်ပေါ်လာပါတယ်။
ဒီတော့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာခေါ်တဲ့ ဒီအကြောင်းတရား ငါးပါးနဲ့ စုံညီနေတဲ့ သူတော်ကောင်းတစ်ဦးက နိဗ္ဗာန်ကို ရောက်နိုင်တဲ့ ဘ၀ တစ်ခုခုကို မျှော်လင့် တောင့်တပြီး ဒီကောင်းမှုကံတွေကို ဆက်လက် ထူထောင်ခဲ့မယ်ဆိုလျှင် သို့မဟုတ် မိမိ လိုလားတောင့်တနေတဲ့ သမ္မာသမ္ဗောဓိ ဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ အဂ္ဂသာဝကဗောဓိဉာဏ်၊ မဟာသာဝကဗောဓိဉာဏ်၊ ပကတိသာဝကဗောဓိဉာဏ်ဆိုတဲ့ ဗောဓိဉာဏ် တစ်ခုခုကို
မျှော်လင့်တောင့်တပြီး ဒီကုသိုလ်သင်္ခါရတရားတွေကို ဆက်လက် ထူထောင်ခဲ့မယ် ဆိုလျှင် ထိုကုသိုလ်သင်္ခါရတရားတွေက မိမိ မျှော်လင့်တောင့်တနေတဲ့ ဗောဓိဉာဏ် အသီးအသီးကို ရစေနိုင်တဲ့ဘ၀ကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိနေပါတယ်။

"ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော် ( လူမွဲတို့၏ ထွက်ရပ်လမ်း -မှ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform