စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 27 June 2015

ကိုယ်ပိုင်လုပ်ငန်းစတင်မယ်

ကိုယ်ပိုင်လုပ်ငန်းစတင်မယ်
============
ကိုယ်ပိုင်လုပ်ငန်းငယ်တစ်ခုကို ထူထောင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ မြန်မာနိုင်ငံမှာမှ မဟုတ်ဘူး၊ နိုင်ငံတကာမှာလည်းဒီအတိုင်းပဲဖြစ်ပါတယ်။ အလုပ်တစ်ခုစလုပ်တော့မယ်ဆိုတာနဲ့ ဘာအလုပ်စလုပ်ကြမလဲဆိုတာစဉ်းစားကြဖို့လိုပါတယ်။ အများအားဖြင့်ကတော့ ငါးပွက်ရာ ငါးစာချကြတာများတယ်။ ဒီလိုလုပ်ငန်းငယ်တွေက မြန်မြန်ဆန်ဆန်ပဲ ပျက်စီးသွားကြတာများပါတယ်။ ဒီတော့ ဘယ်လိုလုပ်ငန်းမျိုးကို လုပ်ကြမလဲလို့စဉ်းစားကြတဲ့နေရာမှာ ကိုယ်ဘာလုပ်တတ်လဲ၊
ဘာလုပ်ရတာ စိတ်ပျော်လဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။ ကိုယ်ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တဲ့အလုပ်ကို စလုပ်တာက အကောင်းဆုံးပဲ။ နောက်လုပ်ရတာ ပျော်တဲ့အလုပ်မျိုးဖြစ်တာကပိုကောင်းတယ်။ ကိုယ်က ဘာမှ မလုပ်တတ်ပဲ၊ သူများကို ငှားလုပ်ရမဲ့ကိစ္စမျိုးက မလုပ်တာကောင်းတယ်။ လုပ်ငန်းငယ်တွေမှာက ကိုယ်ကဦးဆောင်နိုင်မှရတယ်။ သူများကို ဦးဆောင်ခိုင်းတာနဲ့ တလွဲတွေဖြစ်ကုန်တာများတယ်။
ဒါပြီးရင်တော့ အရင်းအနှီးပေါ့။ ဒီအရင်းအနှီးငွေရဖို့က အဓိက ကျတဲ့ပြဿနာပဲ။ ကိုယ့်မှာရှိရင်တော့ကောင်းတာပေါ့။ မရှိရင်တော့ ချေးငှားရတာပဲ။ ချေးငှားရတာက အခက်ဆုံးကိစ္စပဲ။ ဘယ်သူမှ လွယ်လွယ်ကူကူ မချေးငှားလိုကြဘူး။ ချေးငှားပြီးရင်လည်း ပြန်ပေးဆပ်ကြရမှာပဲ။ အတိုးနဲ့ချေးဌားရင်ကြွေးသံသရာလည်မယ်။
ဒီတော့ ကောင်းတာက လုပ်ငန်းစနိုင်အောင် အတွက် အရင်းအနှီးနည်းနည်းရနိုင်အောင် သူများဆီမှဝန်ထမ်းစလုပ်ရမှာဘဲ။
အလုပ်ကြိုးစားလုပ်ကိုင်ဖို့ပဲ။ ရလာတဲ့ဝင်ငွေကိ၃ပုံ၂ပုံ ကျစ်နေအောင် စုဆောင်းဖို့ပါပဲ။ ကုန်ကျစားရိတ်အနည်းဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားကြရမှာပဲ။ ကုန်ကျစားရိတ်နည်းအောင် ကျစ်နေအောင်စုကြရမှာပဲ။
ဒီတော့ လူငယ်တွေ ၀င်ငွေရမဲ့ အလုပ်မျိုးကို ပထမအရင်ရှာဖွေကြရမယ်၊
ဝင်ငွေရလာရင် ရလာတဲ့ဝင်ငွေကို ကျစ်နေအောင်စုကြရမှာပဲ။ ဒီတစ်နည်းပဲရှိတယ်။ ကိုယ်လုပ်မဲ့အလုပ်ကို ကောင်းထက်ကောင်းအောင်၊ ပိုကျွမ်းကျင်သထက်ကျွမ်းကျင်အောင်လုပ်နေကြရမှာပဲ။ တစ်ပါးဆီမှာအလုပ်လုပ်ရင်းပညာယူပါ။
နောက်ကိုယ့်မှအတန်သင့်စုဆောင်းလို့ငွေရပြီဆိုမှကိုယ်ပိုင်စီးပွားရေးစပါ။နောက်အရေးကြီးတာက ကိုယ်ဘာလုပ်နေတယ်ဆိုတာ သူများသိအောင်ဘယ်လိုပြောမလဲဆိုတာစဉ်းစားရမယ်။ ကြော်ငြာရမယ်။ ကြော်ငြာပြီဆိုတာနဲ့ငွေပဲ၊ ဒီငွေကို ဘယ်လိုထိရောက်အောင်သုံးစွဲမလဲဆိုတာ စဉ်းစားရမယ်။
ဒီတော့ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေလုပ်လိုသူတွေဟာ
-မိမိထုတ်လုပ် ဒါမဟုတ် ၀န်ဆောင်တဲ့လုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်မှရမယ်။ နောက် -အရင်းအနှီးဘယ်ကရှာမလဲဆိုတာစဉ်းစားရမယ်။
-ကိုယ်လုပ်မဲ့အလုပ်ကို သူများသိအောင်ဘယ်လိုလုပ်မလဲဆိုတာသိရမယ်။ ဒီသုံးချက်ရှိမှ ရှင်သန်နိုင်မယ်။
လူငယ်တိုင်းကိုယ်ပိုင်လုပ်ငန်းဖြငြ့်ကီးပွားတိုးတက်ပါစေ။
ရွှေအိမ်စည်
ရွှေအိမ်စည်'s Notes အညွှန်း
— with Shwe Arlu and 2 others.

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform