စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 6 June 2015

ဘယ်သူ့အတွက် ခေါင်းလောင်းထိုးတာလဲ..?

ဘယ်သူ့အတွက် ခေါင်းလောင်းထိုးတာလဲ..?
=================
မည်သူပင်ဖြစ်စေ၊ လူသားတစ်ဦး သေဆုံးခြင်းသည် ကျွန်ုပ်အား ယုတ်လျော့စေသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် လူ့လောက၌ အကျုံးဝင်သောကြောင့်ပင်။
ထို့ကြောင့် ဈာပန ခေါင်းလောင်းသံကြားလျှင် မည်သူ့အတွက် ထိုးသော ခေါင်းလောင်းသံ
ဖြစ်သည်ကို သိရန် လွှတ်၍ မမေးမြန်းပါလင့်။
သင့်အတွက် ထိုးသော ခေါင်းလောင်းသံပင်ဖြစ်သည်။

အင်္ဂလိပ် ကဗျာဆရာကြီး ဂျွန်းဒေါန်
( ဂျွန်ဒေါန်၏အဆိုသည် လေးနက်ပေသည်။ လူသားအားလုံးအဖို့ သေခြင်းတရားသည်
ကြီးမားသော အရေးကိစ္စဖြစ်သည်။ မိမိနှင့် သက်ဆိုင်သူ ကွယ်လွန်ခြင်းကို မဆိုထားဘိ၊
မည်သည့် လူသားတစ်ဦး ကွယ်လွန်ခြင်းပင်လျှင် မိမိနှင့် မသက်ဆိုင်ဟု မမှတ်ယူဘဲ
သတိ သံဝေဂရဖို့ လိုအပ်သည်။ ကရုဏာသက်ဖို့ လိုအပ်သည်။
သူကွယ်လွန်ခြင်းကြောင့်
မိမိမှာလည်း သေခြင်းတရားကိုမေ့၍ ကာမဂုဏ်၌ နစ်မွန်းနေသောအဖြစ်မှ တစ်စွန်းတစ်စ
လျော့ပါးသွားချေသည်။ မိမိသည်လည်း သေချေရဦးမည်ဟူသော အသိက လောဘ၊
ဒေါသ၊ မောဟ တို့ကို ယုတ်လျော့စေသည်။
ထို့ကြောင့် (ဘုရားရှိခိုးကျောင်းမှ ထွက်လာသော
ဈာပန ခေါင်းလောင်းသံကို ကြားရလျှင် သင့်ကို သတိပေးသော ခေါင်းလောင်းသံဟု
ယူမှတ်ပါဟု ဂျွန်ဒေါန်က ဆိုလိုဟန်ရှိသည်။)
သင်လည်းတနေ့ သေရမည်...
မသေခင်တော့ တခုတခုအမှတ်တယလုပ်ထားစေချင်သည်။
ကျနော်တော့စာတွေရေးနေတယ်...အခကြေးငွေ တပြားတချပ်မှမပါသော...ကျနော့်စာသည်..စေတနာအတိပြီးသည်။ ကျနော်၏အသိသညာသေရာမယူခဲ့ သောကျနော်တတ်သမျှအသိအားပေးခဲ့ သည်.။။။။။
ဟော.....ခေါင်းလောင်းထိုးသံကြားနေရသည်...
ကျနော်ထွက်ခွါသွားသည့်အခါ...ကျနော့်စာများက တစုံတရာအသိအကျိုးတစ်ခုခုဖြစ်သည်ဆိုလျှင်........ခေါင်းလောင်းထိုးသံ.....ကြားနေရပြီ။ ။
ဆွံ့သူကြား၍ ကြားသူလမ်းမြင်
မြင်သူရှေ့တိုး အားလုံးနိုးဖို့
ထိုးလိုက်ပါတဲ့ ခေါင်းလောင်းသံ
(တင်မိုး)
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform