စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 27 June 2015

သင်ကော..ချစ်တတ်ပြီလား...???.

သင်ကော..ချစ်တတ်ပြီလား...???...
▬▬▬▬▬▬▬▬▬▬▬▬
လူတိုင်းချစ်တတ်ကြပါလိမ့်မယ်။ တခါတလေတော့ ကျနော်လည်းအချစ်ကိုကြောက်ရွံ ဘူးပါတယ်..။ကျနော်က စာဖတ်တာ တခြားသူတွေထက်နဲနဲပိုအချိန်ပေးတတ်သူဖြစ်ပါတယ်.။ ဒါကြောင့်လည်း..ဘာလုပ်လုပ်..ကျနော်ဦးနှောက်က အတွေးက အရင်ကြီးစိုးတယ်...ကျနော်စိတ်ခံစားချက်နောက်တော့ ကောက်ကောက်ပါအောင်လိုက်တတ်သူတော့ မဟုတ်ပါဘူး....။ ကျနော်ရဲ့ အချစ် ကို ကျနော်ဒီလို စိတ်နဲ့ ....ခံစားနားလည်တယ်.... ကျနော်လိုဘဲ....ချစ်တတ်ဖို့ အဆင်သင့်ဖြစ်နေသူတွေ.... အချစ်ကိုရင်ဆိုင်ရမယ့် လူငယ်တွေ အတွက်...ပါ။
ဘ၀အတွေ့အကြုံ နုနယ်သေးတဲ့လူတွေဟာ အချစ်နဲ့ထိတွေ့လိုက်တာနဲ့ အရူးအမူးဖြစ်ပြီး
“အချစ်ထက်ပိုပြီး အရေးကြီးတာ မရှိတော့ဘူး”လို့ ထင်တတ်ကြပါတယ်။
ရင့်ကျက်လာတဲ့ အခါရောက်တော့မှ အချစ်ထက်ပိုပြီး အရေးကြီးတဲ့အရာတွေ အများကြီးရှိမှန်းသိကြတယ်။
ချစ်သူဘ၀မှာ အလှကိုကြည့်တာထက် ဘ၀ကိုကြည့်ပါ။
အိမ်ထောင်သည်ဘ၀ရောက်ကြတဲ့အခါ ဘ၀ကိုကြည့်တာထက် “ စိတ်အလှ ” ကို မြင်အောင်ကြည့်ပေးပါ။
ပျားရည်လို ချိုမြိန်သောအချစ်….ပန်းတစ်ပွင့်လိုလှပသောဘဝ
ထိုနှစ်ခုကို ဆုံဆည်းဖို့ ……. နှလုံးသားကို လမ်းခင်းပေးပါ။
လူတိုင်းမှာ အလှတရားကိုယ်စီ ရှိကြသော်လည်း အချစ်စစ်နဲ့ထိုက်တန်သော အလှတရားကတောာ့ လူတိုင်းမှာ မရှိနိုင်ပါဘူး…။
ဒါကြောင့် လေးနက်ခိုင်မြဲသော အချစ်ဆိုတာ တဖြည်းဖြည်းချင်း ရှင်သန်လာတတ်ပါတယ်။
အချစ်စစ် အချစ်မှန်ဆိုတာကလည်း အချိန်ကာလနဲ့လေးနက်မှုရှိမှ ပေါက်ဖွားလာတတ်ပါတယ်။
အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ
လိုပါတယ်...
အချစ်စစ် အချစ်မှန် နဲ့ လူသားတိုင်းတွေ့ ပါစေဗျာ
ချစ်သော
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform