စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 27 June 2015

သို့  သားချစ်သောဖေဖေ ....


 
သို့ 
သားချစ်သောဖေဖေ .....
သား... ဒီစာကို ဖေဖေ အတွက်ရေးနေတဲ့အချိန်မှာ
ဖေဖေဟာ…ဆိုးဝါးတဲ့ ကင်ဆာ ဝေဒနာကိုခံစားရင်း အားငယ်စွာနဲ့ရှိနေမယ်ဆိုတာ သား သိပါတယ် ဖေဖေ......၊

ဝမ်းနည်းခြင်း ၊ အားငယ်ခြင်း နဲ့အတူ အားကိုးစရာ၊အားထားစရာ သား တစ်ယောက်ကလည်း အဝေးကြီးမှာမို့ လို့  ရင်ထဲကနင့် နေအောင် ဖေဖေ ခံစားနေရမှာပေါ့ ။
ဒါဟာ လူသားတိုင်းမှာ ရှိကြတဲ့ သဘာဝခံစားချက်မျိုး ပဲ မဟုတ်လား။

ဒါပေမယ့် ဘာသာရေးနဲ့  တွေးကြည့် ပြန်တော့ ဒီလို ဝေဒနာတွေဟာ လူတိုင်းလူတိုင်း
မလွဲမသွေ ကြုံ့  တွေ့ရမှာဆိုတာ ကိုလည်း ....ဖေဖေ့ ကို ပြောပြချင်ပါတယ်။

တစ်ကယ်တော့...သားတို့ တွေဟာ ကိုယ့်ဆန္ဒနဲ့ ကိုယ် သွားနေကျတဲ့ ခရီးသွားတွေပါ။
မရပ်မနား သွားနေရတဲ့ ခရီးသွားတွေပါ။
ဘယ်ဘူတာမှာဆင်းသွားမယ်ဆိုတာကိုလည်း
မပြောတတ် ကြဘူး။

ရုတ်တရက်ဆင်း သွားကာမှ လက်ပြပြီး နှုတ်ဆက်သွားကြတတ်သူတွေလည်းရှိတယ်။
အင်္ဂလိပ်လိုဆိုရင် ” see you” လို့ ပဲပြောနိုင်ကြတယ်ဖေဖေ...။
ဘယ်တော့ ပြန်ဆုံကြမယ်ဆိုတာ မသိ ကြဘူးလေ။

ကိုယ့်ဆန္ဒ နဲ့ ကိုယ် ဆိုတဲ့ အတိုင်း ...သားလည်းအရင် ဆင်းရင်ဆင်း သွားမယ်။
လူဘ၀ကို ခု ချက်ချင်းလာပြီး အလောတကြီးနဲ
့ဆင်း သွား ကြ တဲ့ သူ တွေ လဲ အများကြီးပေါ့။
ဖေဖေ လည်း အသိဘဲ လေ ...သားကို ထားပြိး...သားထက်အရင်
အတူတူဆင်းသွားကြတဲ့ သူတွေ ...သား က ဖေဖေ နဲ့ နေ ခဲ့ ရတာတွေ ကို...

ဘယ်သူ့  ကို မှ ကြိုပြီပြောပြခွင့် မရလိုက် ကြဘူးလေ။
သား ဖြစ်ဖြစ် ဖေဖေ ဖြစ်ဖြစ် လက်မပြခင်မှာ တစ်ခြားဘူတာခရီးကို
ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်အောင် ကြိုတင်ပြင်ဆင်မှုလေးတွေလုပ်စေချင်တယ် ။

အဲဒါကတော့ ဗုဒ္ဓ ဟောထားတဲ့ ဓမ္မတရားကို နားလည်ခြင်းကျင့်ကြံ
ခြင်းဟာ တစ်ခုတည်းထဲသော ပြင်ဆင်မှုပဲ ဖေဖေ..။

လူရယ်လို့  မှ မဟုတ်ဘူး အရာရာတိုင်းဟာ
အဆင့်တစ်ခု ကနေ အဆင့်တစ်ခုကို ပြောင်းလည်း ကြတဲ့ သဘော..သဘာဝ ...ရှိတယ်။

မတည်မြဲ ဘူးဆိုတဲ့ သဘော ပေါ. " ရေ" ကိုဘဲ ကြည့်လေ ...အပူပေါ်မူတည်ပြီး အစိုင်အခဲ၊ အရည်၊
အငွေ့ ဆိုပြီး ၊ အဆင့် တစ်ခု ကနေ အဆင့်တစ်ခု ပြောင်းနေ တာပါ။

နှာခေါင်းကနေ 'လေ' တစ်ခါ ရှု ပြီး နောက်တစ် ခါ
ရှုနေ တဲ့ ကြား လေး မှာ ဘဲ 'သွေးအဟောင်း တစ်ခု ပြီးသွားပြီး ၊သွေးသစ် တစ်ခုဖြစ် လာ တယ်။
ခန္စာ တခု ပျက်ပြီး ရင် နောက် ..ခန္စာ တခု ဖြစ် လာ တယ်၊

ဒါကို ဖေဖေ (သို့ ) သား တို့ က ပြုပြင်လို့ ဖန်တီးလို့  မရဘူး ၊
ဒါ့ကြောင့် သားတို့  ခန္ဓာ ကို သားတို့ မပိုင်ဘူးလို့  ပြောကြတာပေါ့......။။

လူတွေကြတော့ " နာမ်တရား "ဆိုတာ အပို ရှိ လာတယ်။အဆင့်တစ်ခုက နေ တစ်ခုကို ပြောင်းချိန်မှာ "ခံစားတယ် "ဆိုတဲ့ ဝေဒနာ ဆိုတာပေါ်လာတယ်။

အဲဒိ့ ပေါ်လာတဲ့ ဝေဒနာကို နာမ်တရားရှိလို့ ပေါ်လာတာ ဆိုတာကို
သတိမမူမိရင် ၊ ဒီဝေဒနာကို "လိုချင်တယ်၊ မလိုချင်ဘူး" ဆိုတဲ့
နာမ် တရား ရဲ့  သဘာဝဖြစ် စဉ် နောက် ကို လိုက် မိ ရာကနေ လိုချင်တယ် မလိုချင်ဘူးကို
စွဲလမ်းမှု ဖြစ်လာပြီး ၊
လိုတာ ကို ရ တော့  'လောဘ'၊။
လိုတာ ကို မရဘဲ၊မလိုတာ... ကို ...ရတော့  'ဒေါသ'၊

အဲဒီ နှစ်ခု ကြောင့်..... အမှန်တရား ကို မသိတော့တဲ့ "မောဟ" ဆိုတာပေါ်လာတယ်။

အဲဒီအခါ မှာ လက်တွေ့  ဖြစ် လာအောင် ကံသုံး ပါး နဲ့ 
အားထုတ် ရာ က နေ 'သံသရာ 'ကို ....လည်စေတဲ့ အ ကြောင်း တခု ...လုပ်မိ ရက် သား ဖြစ်
သွား တာ ကို မသိ လိုက် ကြ ဘူး ပေါ့ ၊၊

အကြောင်း တခု ပြု လိုက် ရင် အကျိုးဆို တာ ရှိ စမြဲ မဟုတ်လား။

အဲလို နဲ့ ခရီးသွားဘ၀ကနေ မဆုံးသောခရီးကို
ဒီလိုမျိုး ဒုက္ခ တွေအမြဲခံစားနေရင်းသွားနေကြရမှာပဲ။

ခရီးသွားတစ်ယောက်ဘ၀ကနေ လွတ်မြောက်တဲ့နည်းဖြစ် တဲ့ ဓမ္မ ကို နားလည်လာရင်
အားငယ်စိတ်ညစ်တာတွေပျောက်သွားမှာ သေချာပါတယ်။

သားကိုယ်တိုင်လည်းနားလည်နိုင်အောင် ကြိုး စား နေ ပါ တယ် ၊၊ ဖေဖေ လည်း...ကြိုးစားပါ။
ဖေဖေ က သားထက် ပို ပြိးသိမှာ ပါ ဖေဖေ ။


ချစ်သောသား
ရွှေအိမ်စည်။

( 20.06.2012)မှာ...ဖေဖေကို ကျနော်နောက်ဆုံးထွက်သက်မှာဒီစာထဲက တရားကူညီပေးခဲ့ တယ်...ဖေဖေ ကျနော်ရဲ့ လက်ဆုတ်ကိုင်းရင်း... လူသားတိုင်းရဲ့ ဘ၀ခရီးပန်းတိုင်ကို သွားနှင့်ခဲ့ တယ်......ဖေဖေသွားတော့နော်......ကျနော်နောက်က တနေ့ နေ့ လိက်ခဲ့ မယ်.......ဖေဖေကောင်းရာသုဂတိလားပါစေ)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform