စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 6 June 2015

ရှိတော့ရှိတယ်.....ဒါပေမယ့်ရှားသွားပါပြီ။

ရှိတော့ရှိတယ်.....ဒါပေမယ့်ရှားသွားပါပြီ။
=======================
လွန်ခဲ့သော နှစ်အနည်းငယ်က ဆီယက်တဲလ်မြို့တွင်
အထူး အိုလံပစ်ပွဲ တစ်ပွဲ ကျင်းပခဲ့သည်။
သည်အထဲက မီတာ ၁၀၀ ပြေးပွဲတစ်ခုတွင် ယှဉ်ပြိုင်
ပြေးမည့်သူ ၉ဦးပါဝင်သည်။ တာလွှတ်မည့်နေရာတွင် တန်းစီနေ
ကြသည့် ၄င်းပုဂ္ဂိုလ် ၉ဦးလုံးသည် ကိုယ်အင်္ဂါနှင့်စိတ်ပိုင်းဆိုင်ရာ
ချို့ယွင်းကြသူများချည်း ဖြစ်သည်။

တာလွှတ်ဒိုင်က သေနတ်ပစ်ဖောက်လိုက်သည့်အခါ
အားလုံးပင်စ၍ ပြေးကြသည်၊ တစ်ရှိန်ထိုး တာထွက်ခြင်းမျိုး မ
ဟုတ်သော်လည်း အားလုံးပင် သူ့ထက်ငါ ပန်းတိုင်အရင်ရောက်
အောင် အားပါးတရ ပြေးကြခြင်းဖြစ်သည်။
သို့သော် အားလုံးထဲမှာ ကောင်လေးတစ်ယောက်က
ခြွင်းချက်ဖြစ်နေသည်၊ သူကပြေးလမ်းပေါ်လဲကျသည်၊ နှစ်ကြိမ်
ဆက်တိုက် လဲကျပြီးသည့်နောက်တွင် သူက ဆက်မပြေးတော့ပဲ
အော်၍ ငိုလေသည်။
ငိုသံကြားသော ပြေးနေသူ ရှစ်ယောက်လုံး အရှိန်သေ
သွားသည်၊ အဲသည်နောက် အားလုံးပင် ရပ်လိုက်ကြကာ နောက်
ဘက်သို့ ပြန်လှည့်လာသည်၊ လဲနေသော ကောင်လေးဆီသို့ တစ်
ယောက်မကျန် ပြန်လာကြခြင်းဖြစ်သည်။
ဒေါင်းဆင်းဒရုန်း ရောဂါကြောင့် ဥာဏ်ရည်ချို့တဲ့နေသည့်
ကောင်မလေးက ကောင်လေးအား ဦးစွာငုံ့၍ နမ်းလိုက်ပြီးနောက်
”ဒါဆိုကောင်းသွားမှာ” ဟုဆိုသည်။ သည့်နောက်ကောင်လေးကို
ထူလိုက်ကာ ကိုးယောက်လုံး လက်ချင်းချိတ်ကာ ပန်းတိုင်ဆီသို့
အတူတကွ လမ်းလျှောက်ချီတက်သွားကြသည်။
သည်ရူခင်းကိုမြင်သော ပွဲကြည့်စင်များပေါ်မှ ပရိသတ်
အားလုံး ထရပ်မိကြသည်၊ ထို့နောက်လက်ခုပ်သြဘာ ပေးလိုက်
ကြသည့်အသံများမှာ မိုးထက်ယံသို့ သောသောညံ၍ သွားသည်။
ရှိတော့ရှိတယ်။ ဒါပေမဲ့ ရှားပါးသွားပြီ
မြင့်မြတ်သော စိတ်ထား ရှိသူများ jeffy စုဆောင်းတင်ပြသည်။
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform