စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 27 June 2015

''နားလည် စာနာပေးခြင်းဆိုတာ...'' ဘာလဲ...?

''နားလည် စာနာပေးခြင်းဆိုတာ...'' ဘာလဲ...?
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လူဆိုတာ တယောက်တည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့ နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်း ထိတွေ့ဆက်ဆံနေ ရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊ အားမလိုအားမရ ဖြစ်မှုတွေ ရှိနိုင်ပါ တယ်။
တယောက်နဲ့တယောက် အကြားမှာ''နားလည်ပေးမှု၊ စာနာပေးမှု''ဆိုတဲ့ စိတ် လေးသာရှိနေသေးရင် "အချစ်.."ဆိုတာ ပြန်ဖြစ်နိုင်တယ်။ "သံယောဇဉ် "ဆိုတာ ပြန်ဖြစ်နိုင်တယ်။ 'မေတ္တာတရား၊ ကရုဏာတရား " တွေ ပြန်ဖြစ်နိုင်တယ်။ ''နားလည်ပေးမှု၊စာနာပေးမှု''ဆိုတဲ့ စိတ်သာမထားတတ်ရင်....အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ။
မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊ မောင်နှမနှစ်ယောက် အကြားမှာ၊ လင်မယားနှစ်ယောက် အကြားမှာ၊ အဖွဲ့အစည်းတခုနဲ့တခု အကြားမှာ ''နားလည်ပေးမှု၊ စာနာပေးမှု''ဆိုတဲ့စိတ်သာ မရှိခဲ့ ရင်....လူမှုဆက်ဆံရေးရဲ့ပျော်စရာကောင်းတဲ့ သဘာဝကို ခံစား နားလည်နိုင်တော့မှာ မဟုတ်ပါဘူး။
ချစ်သူနှစ်ယောက်အကြားမှာ “နားလည်ပေးမှုနဲ့ စာနာပေးမှု’’ ရှိရင် ပျော်စရာ သိပ်ကောင်းမှာပဲ။
မိဘအပေါ်မှာ နားလည်ပေးတတ်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့် ရတဲ့ မိသားစုဟာ ပျော်စရာကြီးပါ။
ဒီလိုပါပဲ နားလည်ပေးတတ်တဲ့၊ စာနာပေးတက်တဲ့ မိဘတွေရဲ့သားသမီးဖြစ်ခွင့် ရရင်လည်း ပျော်စရာပါပဲနော်။
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ။ အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့ အစည်းတွေသာ ကျွန်တော်တို့ ဝန်းကျင်းမှာ ရှိခဲ့ရင် ကျွန်တော်တို့ လူ့ဘောင်လောက ကြီးဟာ ဒီထက်ပိုပြီး သာယာလာပါမယ်။ ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။ ပျော်စရာလည်း ကောင်းလာပါမယ်။ ဒါကြောင့် ဘယ်နေရာမှာ မဆို ''နားလည်ပေးမှုနဲ့ စာနာပေးမှု''များ အပြန်အလှန် ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်… “နားလည်ပေးမှုနဲ့ စာနာပေးမှု’’ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။ “နားလည်ပေးမှုနဲ့ စာနာပေးမှု”ကို အခွင့်ကောင်း မယူသင့်ဘူး။
“နားလည်ပေးမှုနဲ့ စာနာပေးမှု’’ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။
ဒီစာဖတ်ပြီး…. ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေရဲ့ကြားမှာ နားလည်ပေးမှုနဲ့ စာနာပေးမှု ဆိုတဲ့ အလင်းရောင်ကလေးနဲ့ အချစ်တွေ၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ ပြန်ပြီး ရှင်သန် ထွန်းလင်းနိုင်ကြပါစေလို့ ........
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform