စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 11 June 2016

Think about နဲ့ Think of .. နဲနဲတော့ ကွာပါတယ

Think about နဲ့ Think of .. နဲနဲတော့ ကွာပါတယ်
...............................................
ဒီနှစ်ခုက နှစ်မျိုးလုံးတွေ့ဖူးပြီး စကားလုံးမတူတာကို သတိထားမိတဲ့အခါ ဘယ်ဟာအမှန်လဲလို့ ဒွိဟပွားစရာ ရှိပါတယ် .. ဒါကြောင့် အချက်အလက်လေးတွေ ရှာဖွေတင်ဆက်လိုက်ပါတယ်
..
(1) Think about ဟာ consider  ဆင်ခြင်တွေးတောသည် ၊ concentrate on အာရုံစူးစိုက်သည်.. ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်
Think about ဟာ ဦးနှောက်ကနေ သက်ဆိုင်ရာ အချက်အလက်တွေကို  deep and analytical နက်နက်ရှိုင်းရှိုင်း စိစစ်တွေးတောတာ ဖြစ်ပါတယ်
.
(2) Think of ကတော့ remember သတိရသည် ၊ imagine စိတ်ကူးသည် ၊ come into thought အတွေးထဲဝင်လာသည် ဆိုတဲ့အဓိပ္ပါယ်တွေ ရပါတယ်
Think of ကတော့ နက်နက်ရှိုင်ရှိုင်းတွေးစရာ မလိုပဲနဲ့ အလိုအလျောက် ခံစားသိကနေ ရလာတဲ့ feeling ဖြစ်စေ  brief opinion ထင်မြင်ချက် သဘောဖြစ်စေ  ဖြစ်ပါတယ်
နမူနာဝါကျလေးတွေကို ကြည့်ပြီးတဲ့အခါ ရှင်းလင်းသွားမှာပါ
………………………….
(1) A. What should we do?
ကျနော်တို့ ဘာလုပ်သင့်လဲ
….. B. I don't know. Let's think about it.
ကျနော် မသိပါဘူး ၊ ကျနော်တို့ စဉ်းစားကြည့်ကြပါစို့ ။
(ဘာတွေ လုပ်သင့်သလဲဆိုတာ စိစစ်တွေးတောတဲ့ သဘောပါ ၊ ဦးနှောက်ရဲ့ အလုပ်ပေါ့)
..
(2) I think of my mom whenever I feel sick.
နေမကောင်းတဲ့ အခါတိုင်း အမေ့ကို သတိရတယ်
(ဒါက အလိုလို ဖြစ်ပေါ်လာတဲ့ ခံစားမှုသဘောပါ)
.
(3) I am thinking about what you said.
ခင်ဗျားပြောတာကို ကျနော်စဉ်းစားနေပါတယ်
(အမှန်အကန်လား ညာနေတာလား ..စသည်)
..
(4) I am thinking about whether or not to marry her.
ကျနော်သူ့ကို လက်ထပ်မလား လက်မထပ်ဘူးလား စဉ်းစားနေပါတယ်
(ဦးနှောက်နဲ့ စိစစ်တွေးတောနေတာ)
..
(5) I was thinking of her for weeks.
ကျနော်သူ့ကို သီတင်းပတ်အတော်ကြာ သတိရနေတယ်
( ကောင်မလေးအကြောင်းက မတွေးပဲနဲ့ ခေါင်းထဲ အလိုလို ရောက်နေတာ ၊ စိုးမိုးနေတာ.. နှလုံးသား ခံစားမှုကြောင့် ဆိုတဲ့သဘော)
..
(6) I think of you when I'm lonely.
ကိုယ်အထီးကျန်တဲ့ အချိန်မှာ မင်းကိုသတိရပါတယ်
..
Think about သည် ဦးနှောက်.. think of သည် နှလုံးသား ၊
Think about သည် ကိုယ်တိုင်တွေး .. think of သည် အလိုလိုရောက် ၊ အဲလို ကောက်ချက်ဆွဲပြီးတဲ့နောက်..
Think of မှာ တွေးသူဟာ တွေးရတဲ့ အလုပ်ကို နှစ်ခြိုက် ကျေနပ်တဲ့သဘောရှိတယ် ၊
think about မှာတော့ ကျေနပ်ချင် ကျေနပ်မယ် မကျေနပ်ချင် မကျေနပ်ဘူး ဆိုတဲ့ သဘောရှိပါတယ်တဲ့
…………………
A. What do you think about media ethic in Myanmar?
မြန်မာနိုင်ငံက စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်ပြီး ဘယ်လို ထင်မြင်ယူဆပါသလဲ
(မီဒီယာကျင့်ဝတ်ကို ဘယ်လိုမြင်လဲလို့ အသေးစိတ်မေးတာမျိုး)
B. There are so many things to be changed to abreast the world.
ကမ္ဘာနဲ့ရင်ဘောင်တန်းဖို့ ပြောင်းလဲရမယ့်အရာတွေ အများကြီးရှိပါတယ်
.
A. What do you think of media ethic in Myanmar?
မြန်မာနိုင်ငံက စာနယ်ဇင်းကျင့်ဝတ်ကို ဘယ်လို ထင်မြင်မိပါသလဲ
(စိတ်ထဲမှာ အရင်ဆုံး ပေါ်လာတဲ့ ခံစားချက် ၊ ထင်မြင်ချက်ကို မေးလိုက်တာမျိုး ၊ အသေးစိတ် သဘောမဟုတ်ဘူး)
B. It is not so bad.
သိပ်မဆိုးပါဘူး
..
..  Think about က အသေးစိတ်နဲ့ think of အကြမ်းဖျဉ်းခံစားမှု စသည်ဖြင့် အဲဒီလိုလည်း ကွဲပြားတယ်လို့ ဆိုပါတယ်
……………..........
I think about you. ဆိုတာက ..မင်းဘာကောင်လဲ လို့ တွေးတဲ့ သဘော
I think of you. ဆိုတာက ..မင်းအကြောင်းက ကိုယ့်အတွေးထဲ ၀င်နေတယ်  ဆိုတဲ့ သဘော ပါတဲ့ ခင်ဗျာ
…………………
သို့သော်လည်း အတူတူလိုပဲ သုံးကြတာတွေလည်း ရှိပါတယ် ..
အဲဒီတော့ အသေးစိတ်လိုက်ချင်လျင် ခွဲသုံးပါ ၊ အတူတူလို့ပဲ သဘောထားပြီး သုံးလည်း ကိုယ့်လိုလူတွေ အများကြီး ရှိပါတယ်တဲ့ဗျာ
..
မေတ္တာဖြင့် <3

မေတ္တာဖြင်Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
Posted via Blogaway


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform