စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 11 June 2016

Dislike နဲ့ Unlike မကြိုက်နဲ့မတူ .. အငြင်းတူသော်လည်း

Dislike နဲ့ Unlike မကြိုက်နဲ့မတူ .. အငြင်းတူသော်လည်း
.....................
မေးထားတဲ့မေးခွန်းတစ်ခုကို comment နဲ့ ပြန်ဖြေတာမှာ တင်မရဘူးဖြစ်နေပြီးတော့ ကျန်တဲ့လေ့လာသူတွေလည်း လိုလျှင် မှတ်ဖို့ main post အဖြစ်တင်လိုက်ခြင်း ဖြစ်ပါတယ် ။ အပြည့်အစုံကို အဘိဓါန်များမှာလေ့လာပါ ။ မတူကွဲပြားပုံကို သိသာစေရန်အတွက်နဲ့ မှတ်သားဖို့ လွယ်ကူစေရန် နှိုင်းယှဉ်လေ့လာနိုင်ဖို့ တင်ဆက်လိုက်ပါတယ် ..
..
(1) like (verb) ကြိုက်နှစ်သက်သည်
.
(2) dislike (verb) မကြိုက်ပါ ၊ သဘောမကျဖြစ်သည် ၊ မုန်းသည်
I like dogs but dislike cats.
ကျနော်က ခွေးတွေကို သဘောကျတယ် ဒါပေမယ့် ကြောင်တွေကို မုန်းတယ်
.............................................
(3) like (adj) ဆင်တူသော
.
They are not twins, but they are very like.
သူတို့က အမွှာတွေမဟုတ်ဘူး ဒါပေမယ့် သူတို့ သိပ်တူကြပါတယ်
..
(4) unlike (adj) မတူသော ၊ တခြားစီ
.
They are so unlike that nobody would think they are twins.
သူတို့က လုံးဝမတူကြလို့ ဘယ်သူကမှ သူတို့ဟာအမွှာတွေဖြစ်ကြတယ်လို့ ထင်ကြမှာ မဟုတ်ပါဘူး
......................................................
(5) like (preposition) လိုပဲ
..
preposition နဲ့အစချီထားတဲ့ phrase လေးတွေကို ဖြည့်ပုဒ်အဖြစ်နဲ့ အကြောင်းအရာပြည့်စုံတဲ့ ၀ါကျတစ်ခု ဖြစ်သွားအောင် ဖြည့်စွက်ပေးပါတယ် (adjective အဖြစ်သုံးတာက သူ့တစ်လုံးတည်းကို ဖြည့်ပုဒ်အဖြစ်သုံးလို့ ရပါတယ် ၊ prepositon အဖြစ်နဲ့ကျတော့ သူ့တစ်လုံးတည်းနဲ့ မရပါဘူး phrase ဖြစ်ရပါတယ်)
.
Your house is / like mine.
ခင်ဗျားအိမ်က ကျနော့်အိမ်လိုပါပဲ (ဆင်တူတယ်)
..
(6) unlike (preposition) မတူပဲ ၊ မတူပါ ၊ တခြားစီ
..
She is / unlike the rest of her family.
သူမက သူမရဲ့မိသားစုဝင်တွေထဲကကျန်တဲ့သူတွေနဲ့ မတူပါဘူး (တခြားစီပဲ)
Unlike me, my brother likes to get up early.
ကျနော်နဲ့မတူဘဲ (ကျနော့်လိုမဟုတ်ဘဲ) ကျနော်ညီက မနက်စောစော အိပ်ယာထတာကို ကြိုက်တယ်
..........
အဲသည်တော့ dislike ကို “မကြိုက်” ၊ unlike ကို “မတူ” ..လို့ ခွဲမှတ်ထားလိုက်တာက လွယ်မလားလို့ပါ
..
မေတ္တာဖြင့် <3

မေတ္တာဖြင်Win Naing Oo
https://web.facebook.com/winnaing.oo.79?fref=nf
Posted via Blogaway


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform