စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 9 June 2016

Two-word phrases

ဒီတစ်ကြိမ်မှာတော့ ကောင်းနိုးရာရာ English vocabulary လေးတွေကို ရွေးနှုတ်ပြီး တင်ဆက်လိုက်ပါတယ် ၊

Two-word phrases

နှစ်လုံးတွဲ စကားစုလေးတွေပါ ၊ ဥပမာ bye-bye လိုမျိုးပေါ့ ၊ ကျနော်တို့ လွယ်လွယ်ကူကူနဲ့ မကြာခဏ သုံးတတ်ကြပါတယ် ၊ အသံတူတာ ၊ အသံချင်း နီးကပ်တာလေးတွေကို တွဲထားတဲ့ အတွက်ကြောင့် ဖတ်တဲ့အခါ အသံချောမွေ့ပြီး မှတ်သားရတာလည်း လွယ်ကူလိမ့်မယ်လို့ ထင်မိပါတယ် ၊ spoken English မှာ များများသုံးပေမယ့် written English မှာလည်း ပေါ့ပေါ့ပါးပါးလေး ရေးချင်တဲ့ အခါ သုံးကြပါတယ် ၊ အသုံးများတဲ့ စကားစုလေးတွေကို ဖေါ်ပြလိုက်ပါတယ် ။

1. so-so =  ဒီလိုပါပဲ ၊ သိပ်မဆိုးပါဘူး ၊ အဆင်ပြေပါတယ် ..စသည်ဖြင့် မယုတ်မလွန်ပြောတဲ့အခါမှာ သုံးပါတယ် ၊

ဥပမာ :
 
"How was the meeting?" 
အစည်းအဝေးကဘယ်လိုလဲ

"So-so – it was nice to see everyone, but we didn't get anything decided."
ဒီလိုပါပဲ ၊ လူတိုင်းကိုတွေ့ရတာကောင်းပါတယ် ၊ ဒါပေမယ့် ဆုံးဖြတ်ချက်တစ်ခုခု ကတော့ မရသေးဘူး ။

2. on-off = မတည်မငြိမ် ဖြစ်တာ ၊ ပြောင်းလဲနေတာ

"They have a very on-off relationship."
သူတို့ရဲ့ ဆက်ဆံရေးက အလွန်ကို အပြောင်းအလဲမြန်တယ် ( ဆက်လိုက် ပြတ်လိုက်ဖြစ်နေတယ် )

3. love-hate =  နှစ်သက်တာနဲ့ မနှစ်သက်တာ တပြိုင်တည်းမှာ ဖြစ်နေတာ ၊ နှစ်သက်တဲ့ အရာတွေ ရှိနေသလို ၊ မနှစ်သက်တဲ့ အရာတွေလဲ ရှိနေတယ်

"I have a bit of a love-hate relationship with my car."
ကျနော့်ရဲ့ ကားမှာ ချစ်စရာနဲ့ မုန်းစရာ အချက်ကလေးတွေ နည်းနည်းစီ ရှိနေတယ် ။

4. mish-mash =  တစ်ခုနဲ့ တစ်ခု ပေါင်းစပ်လိုက်တဲ့ အခါ အသားမကျဖြစ်တာ ၊ အဆက်အစပ်မမိတာ ၊ အနည်းငယ် ကွဲလွဲနေတာ

"The new regulation is a bit of a mish-mash of the last two regulations we've had."

စည်းမျဉ်းအသစ်ဟာ ကျနော်တို့မှာ ရှိပြီးဖြစ်တဲ့ စည်းမျဉ်းနှစ်ခုနဲ့ အနည်းငယ် ဆက်အစပ်မရှိ ဖြစ်နေတယ် ။

5. riff-raff = ကိုယ့်ထက်အဆင့်နိမ့်တယ်လို့  ထင်တဲ့သူတွေကို ညွှန်းဖို့ သုံးတာဖြစ်ပါတယ် ၊ လူအများက အပေါင်းအသင်းမလုပ်ချင်တဲ့သူများကိုလည်း သုံးပါတယ်

" I don't want the town's riff-raff turning up and eating all the food in my party."
ငါ့ရဲ့ ပါတီပွဲမှာ မြို့ထဲက အောက်ခြေလူစားတွေ လာပြီး အစားအသောက်တွေ အကုန်လုံး စားကြမှာကို မလိုလားဘူး

“Look at all the riff-raff overthere.”
ဟောဟိုက အောက်တန်းစားတွေကို ကြည့်လိုက်စမ်းပါ ။
( ဒီစကားလုံးကို တွေ့လို့သာ စုံအောင်ထည့်လိုက်ရတယ် ၊ မယဉ်ကျေးသလိုမျိုး ခံစားမိပါတယ် ၊ ဖတ်တဲ့အခါ နားလည်နိုင်ဖို့ပါ ၊ ကိုယ်ကတော့ မသုံးကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ် )

6. chit-chat = chatting ဆွဲသလိုမျိုးပါပဲ ၊ အပြင်မှာ စကားစမြည်ပြောကြတာ

  "He asked us to stop our chit-chat and get on with our work."
သူက စကားစမြည် ပြောတာကို ဖြတ်ပြီး အလုပ်ကို ဆက်လုပ်ဖို့ ပြောပါတယ် ။
( get on with = go ahead, continue )

7. knick-knack = အလှဆင် ပစ္စည်းလေးတွေပါ ( ဆွဲကြိုး လက်ကောက် နားဆွဲ စသည် စသည် ဖန်စီ ပစ္စည်းလေးတွေလည်း အပါအ၀င်ပေါ့ )

"She's got a lot of knick-knacks – I'm always afraid I'm going to break one."
သူ့မှာ အလှဆင်ပစ္စည်းလေးတွေ အများကြီး ရှိတယ် ၊ ငါ့ကြောင့် တစ်ခုခု ပျက်စီးသွားမှာကို အမြဲပဲ စိုးရိမ်နေရတယ် ။

8. ship-shape = အားလုံးက သူ့နေရာနဲ့သူ နေသားတကျ ရှိနေတယ်

"I want to leave the place ship-shape when we go on holiday."
ငါတို့ အားလပ်ရက် ခရီးသွားတဲ့ အချိန်မှာ အခုနေရာကို ( ပစ္စည်းတွေက) သူ့နေရာနဲ့သူ ရှိနေခဲ့စေချင်တယ် ၊ ထားခဲ့ချင်တယ် ။

9. zig-zag = ခပ်စောင်းစောင်း ထောင့်ဖြတ်အတိုင်း (အလျားလိုက်မဟုတ် ကန့်လန့်မဟုတ်)

"He lost control of the car and it zig-zagged across the road."
သူဟာ ကားကို မထိန်းနိုင်ဖြစ်ပြီး ကားက လမ်းကို ထောင့်ဖြတ်အတိုင်း ဖြတ်သွားတယ်

10. ding-dong = အငြင်းအခုန်ဖြစ်တာ

"They've had a bit of a ding-dong and they're not talking to each other at the moment."
သူတို့ နည်းနည်း အငြင်းအခုန် ဖြစ်သွားတယ် ပြီးတဲ့နောက် ခုလောလောဆယ်မှာ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောကြဘူး

11. higgledy-piggledy =  ရှုပ်ပွနေတာ

"That bookshelf is all higgledy-piggledy!"
စာအုပ်စင်က အကုန်လုံး ရှုပ်ပွနေတာပဲ !

12. wishy-washy =  အားမရှိတဲ့ ထင်မြင်ချက် ၊ ငြင်းဆိုချက်

"His argument is a bit wishy-washy – I don't get the impression that he really knows about it"
သူ့ရဲ့ ငြင်းဆိုချက်က အတော်လေး အားမရှိပါဘူး ၊ အဲဒါကို သူ တကယ်သိတယ်လို့ ငါ အထင်မကြီးမိဘူး ( မထင်မိဘူး)

13. easy-peasey = လွယ်လွယ်လေးပါ ( ကလေးတွေရဲ့ အသုံး ) ၊
ကျနော်တို့ မြန်မာ မှာလဲ လွယ်တာလေးတွေဆို “ အေးဆေးပါ “ လို့ ပြောတယ် မဟုတ်လား ၊ အဲဒါကိုပဲ ကလေးတွေက “ အေးဆေး ပလေးဆေး “ လို့ ပြောတတ်ကြတယ် ၊ ဒီသဘောမျိုးပဲ အင်္ဂလိပ်မှာလည်း သုံးကြပါတယ်

"This program is easy-peasey – I understood it in half an hour!"
ဒီပရိုဂရမ်လေးက အေးဆေးပါ ၊ အဲဒါကို နာရီဝက်နဲ့ နားလည်ပါတယ်

14. flip-flops =  ရာဘာခြေညှပ်ဖိနပ်

"I lived in my flip-flops when I was staying on the beach."
ကမ်းခြေမှာတုန်းက ငါရာဘာ ခြေညှပ်ဖိနပ်ကို စီးခဲ့တယ်

15. see-saw = ပန်းခြံထဲမှာ ကလေးတွေကစားတဲ့ ဆီးဆော စီးသလိုမျိုး တက်လိုက်ကျလိုက်ဖြစ်နေတာ

"The English pound has see-sawed against the American dollar for the last two weeks."
လွန်ခဲ့တဲ့ နှစ်ပတ်မှာ အင်္ဂလိပ်ငွေကြေး ပေါင် ဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် တက်လိုက်ကျလိုက် ဖြစ်နေတယ် ( ငွေလဲနှုန်း တက်လိုက်ကျလိုက်ဖြစ်နေတာ ) ။
English pound နေရာမှာ Myanmar kyat နဲ့ လဲသုံးရင်လည်း သုံးလို့ ရတာပေါ့ ။

သုံးလုံးတွဲ စကားစုလေးတွေလဲ ဆက်တင်ပေးဖို့ ရေးလိုက်ပါဦးမယ်..



Posted via Blogaway


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform