စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 9 June 2016

ကွန်ပျူတာထဲကစကား

ကွန်ပြူတာထဲက လာတဲ့ စကားလုံးများ

ဒီတစ်ခါတော့ ကွန်ပြူတာနဲ့ ဆက်စပ်မှုရှိတဲ့ စကားလုံးလေးများကို တင်ဆက်ဖို့ ရည်ရွယ်ခဲ့ပါတယ် ၊ ကွန်ပြူတာ သုံးစွဲမှုဟာ ပိုမိုများပြားလာသလိုပဲ သူနဲ့ သက်ဆိုင်တဲ့ စကားလုံးလေးတွေကလည်း ကျယ်ပြန့်လာပါတယ် ၊ တချို့သော စကားလုံးများဆိုရင် ကွန်ပြူတာဆိုင်ရာ နယ်ပယ်မှာတင် မကတော့ပဲ နေ့စဉ်သုံး စကားလုံးတွေရဲ့ နယ်ပယ်ထဲအထိ တိုးဝင်လာတာကို တွေ့ရပါတယ် ၊ ဘယ်နေရာမှာပဲ သုံးသုံး သိထားရင်တော့ ကောင်းတာပဲမို့ ကျနော် ထိတွေ့ ပွပ်သပ်မိတဲ့ စကားလုံးလေးတွေကို တင်ဆက်ပေးလိုက်ပါတယ် ။

၁.

404း webpage not found

တခါတလေမှာ အင်တာနက်ပေါ်က website လိပ်စာတစ်ခုကို သွားလိုက်တဲ့အခါ ကျနော်တို့ သွားလိုက်တဲ့ စာမျက်နှာဟာ ဖျက်လိုက်လို့ပဲ ဖြစ်စေ ၊ ရွှေ့လိုက်လို့ပဲ ဖြစ်စေ မရှိတော့ရင် ၊ error 404, status 404, 404 not found စသည်ဖြင့် message တစ်ခု ကွန်ပြူတာမှာ ပေါ်လာတတ်ပါတယ် ၊ ဒီသဘောကို နေ့စဉ်သုံး အဖြစ်သုံးကြပုံက..

၁.၁.

404 ( adj ) missing or misplaced ပျောက်နေတယ် ၊ အထားမှားနေတယ်

My car key is 404. ကျနော့်ကားသော့ ပျောက်နေတယ် ( ဘယ်ထားမိမှန်း မသိဘူး ) ။

၁.၂.

404 (noun)  an unintelligent person ပညာမရှိတဲ့သူ

Don't ask him, he's a 404. သူ့ကို မမေးနဲ့ ၊ သူက ပညာမရှိတဲ့သူ ။

၁.၃.

404 ( noun ) a worthless person, place, or thing  တန်ဘိုးမရှိတဲ့သူ ၊ နေရာ ၊ အရာဝတ္ထု

    Don't go to that bar - it's a 404. အဲဒီဘား(ဆိုင်) ကို မသွားနဲ့ ၊  အဲဒါက အလကားပဲ (လုံးဝမကောင်းဘူး )

၁.၄.

404 (verb) to not know or temporarily forget; DRAW A BLANK. မသိဘူး ၊ ခဏမေ့ထားတယ် ၊ ခေါင်းထဲက ထုတ်ထားတယ်

I'm 404ing on that. အဲဒါကို ငါမေ့ထားတယ် ။

၂.

Bandwidth : a data transmission rate,  the maximum amount of information (bits/second) that can be transmitted  အချက်အလက်တွေ ကူးပြောင်းတဲ့နှုန်း ၊ အများဆုံး ထုတ်လွှတ်နိုင့်နဲ့ ပမာဏ ။ ဒါကိုပြောင်းလဲ သုံးတဲ့အခါမှာ 
bandwidth (noun) a person's work capacity လူတစ်ယောက်ရဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းရည် ၊ လုပ်ပိုင်ခွင့်

I don’t have enough bandwidth to handle that case.
ကျနော့်မှာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တဲ့ စွမ်းရည် မရှိပါဘူး ။

၃.

Beta : Mostly working, but still under test. အစမ်းသဘော
Software တွေကို stable version အဖြစ် မထုတ်ခင်မှာ စမ်းသပ်ပြီး သုံးကြည့်နိုင်ဖို့ Beta version ကို ထုတ်လေ့ ရှိပါတယ် ၊ စမ်းသပ်ဆဲ အခြေအနေ ဆိုပါတော့ ဒါကိုလည်း သုံးစွဲပုံ ကြည့်ပါဦး

His girlfriend is in beta . သူ့ရဲ့ ရည်းစား ကောင်မလေးက အတည်မဟုတ်သေးဘူး ၊ အစမ်းတွဲနေတာလေ ။

၎.

Boot : To start a computer by loading an operating system
ကိုယ်သုံးမယ့် operating system ကို အဆင်သင့် ဖြစ်အောင် လုပ်ပေးတာ ၊ ဒါကိုလည်း အမျိုးမျိုး သုံးကြသေးတယ် ။

၎.၁.

Boot (adj) very unattractive ဆွဲဆောင်မှု လုံးဝမရှိ

I wouldn't touch her with a ten foot pole, she is boot! ကျနော်လေ သူ့ကို (၁၀) ပေအကွာကနေပြီး ၀ါလုံးနဲ့တောင် လှမ်းပြီးတို့မှာ မဟုတ်ဘူး ၊ သူက ဆွဲဆောင်မှုမှ လုံးဝမရှိတာ ။

၎.၂.

Boot (  transitive verb ) to expel. မောင်းထုတ်ခံရတယ်

          He got booted from the club. သူ့ကို ကလပ်ကနေ မောင်းထုတ်တာ ခံရတယ် ။

၎.၃

Boot ( verb ) to vomit အံတယ်

          I booted last night. မနေ့ညက ငါအံတယ်

၎.၎

Boot ( verb )  to leave ထွက်ခွာတယ်

          I need to boot. ငါသွားရတော့မယ်

၎.၅

Boot ( verb )  to kick someone off for breaking rules or generally ruining people's time စည်းကမ်းဖေါက်လို့ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ အချိန်တွေကို ဖြုန်းတီး ပစ်နေလို့ အပြင်ကို ကန်ထုတ်တယ် ။

          That guy keeps spamming. Can a moderator please boot him?
ဒီလူ လာပြီးတော့ မဟုတ်က ဟုတ်ကတွေ ဆက်တိုက်ဖွနေတယ် ၊ အုပ်ချုပ်သူ ဆရာရေ ကျေးဇူးပြုပြီး သူ့ကို ( Chat room ) အပြင် ကန်ထုတ်ပေးနိုင်မလား ။

၅. Blogosphere (n) : The totality of all blogs  ဘလောက်တို့ရဲ့ ရပ်ဝန်း ၊ အစုအပေါင်း ၊ ပတ်ဝန်းကျင်

ဒီစကားလုံးလေးက Blog နဲ့ Atmosphere ကို ပေါင်းစပ်ထားတာပါ ၊ Atmosphere ရဲ့ တိုက်ရိုက် အဓိပ္ပါယ်ကတော့ ကမ္ဘာမြေရဲ့ အပေါ်က ဖုံးအုပ်ထားတဲ့လေထုဝန်းကျင်ပါ ၊ နော်ထပ်သုံးလို့ရသေးတာက ကိုယ်နဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင် ဆိုတဲ့ သဘောလဲသုံးပါတယ် ၊

ဥပမာ ..

I don’t have an English speaking atmosphere here in Korea .  ဆိုရင်  ဒီကိုရီးယားမှာ ကျနော်နဲ့ အင်္ဂလိပ်စကားပြောတဲ့ ပတ်ဝန်းကျင် အဖေါ်အပေါင်းတွေ မရှိပါဘူးလို့ ပြောလိုတာပါ ။

ဒီဝါကျမှာ ပြောသူဟာ ကိုရီးယားမှာ ရှိနေတဲ့အတွက် here ကို ထည့်ထားတာ ဖြစ်ပြီး ကိုရီးယားမှာ မရှိပဲနဲ့ ကိုရီးယားအကြောင်းပြောမယ်ဆိုရင်တော့ here ကို ထည့်မှာ မဟုတ်ပါ ။
အဲဒီ atmosphere ရဲ့ ဒုတိယ အဓိပ္ပါယ်ကို ယူပြီး

Blog + atmosphere  Blogosphere ဖြစ်သွားပါတယ် ၊ ဒါကို နမူနာသုံးကြည့်ကြပါစို့

Ko Winlatt  became a super blogger in blogosphere.
ဘလောက်တို့ရဲ့ လောကမှာ ကိုဝင်းလတ်ဟာ ဆူပါ ဘလောက်ဂါ တစ်ယောက်ဖြစ်လာခဲ့ပါတယ် ။

၆. Blogiversary (n) : The yearly anniversary of someone’s web-log (blog) တစ်စုံတစ်ယောက်ရဲ့ ဘလောက် နှစ်ပတ်လည်

ဒါလေးကလည်း blog နဲ့ anniversary  ကို ပေါင်းစပ်ထားတာဖြစ်ပါတယ် ၊ သူ့ရဲ့မူကွဲအဖြစ် blogerversary ကိုလည်း တချို့က သုံးကြပေမယ့် အသုံးတော့နည်းပါတယ် ။

ဥပမာ သုံးထားတာ တွေ့ရတာကတော့

I celebrated my second blogiversary today.
ဒီနေ့ ကျနော့် ဘလောက်ရဲ့ ဒုတိယနှစ်ပတ်လည်နေ့ကို ကျင်းပပါတယ် ။

၇.၁ Bug (n) :  An unwanted and unintended property of a program , especially one that causes it to malfunction. ပရိုဂရမ်ရေးစဉ်က အမှားလေးတွေ ပါသွားတာကြောင့် သုံးတဲ့အခါ ၊ တစ်ခါ တစ်ခါမှာ အမှားတွေထုတ်ပေးတာ ၊ ကောင်းကောင်း မလုပ်တာ ၊ ကြောင်တတ်တာ ၊ ဒါက မူလအဓိပ္ပါယ် ၊

သုံးကြည့်မယ်ဆိုရင်

The system crashed because of a program bug. ပရိုဂရမ် bug တစ်ခုကြောင့် system crash ဖြစ်ပြီး ပျက်သွားတယ် ။

နောက်ထပ်ဆင့်ပွားပြီး သုံးတာက

၇.၂ Bug ( intransitive verb )  to be extremely excited. အလွန်အမင်း စိတ်လှုပ်ရှားတယ်

I'm buggin'! ကျနော် အလွန်အမင်း စိတ်လှုပ်ရှားနေတယ်

၇.၃ Bug (transitive verb) : to pester or annoy  (တစ်စုံတစ်ဦးကို) စိတ်ဒုက္ခပေးတယ် ၊ စိတ်ညစ်စေတယ် ၊

သုံးတဲ့ပုံစံက

Why do you keep bugging me? Go away. မင်းငါ့ကို ဘာကြောင့် စိတ်ဒုက္ခတွေ ပေးနေတာလဲ ၊ အဝေးကို သွားလိုက်ပါ ။ (ဒီမှာ keep နဲ့ V-ing တွဲထားတဲ့အတွက်ကြောင့် ဆက်တိုက်လုပ်နေတဲ့ သဘောကိုဆောင်ပါတယ်)

၇.၄ Bug (noun) : a few personality problems ကိုယ်ရည်ကိုယ်သွေး ဆိုင်ရာ ပြဿနာ အနည်းအကျဉ်း ၊ အမှားအယွင်းကလေးများ

ဥပမာပေးရရင်

Ko Win Niang Oo is a good guy, but he has a few bugs as another normal man.
ကိုဝင်းနိုင်ဦးဟာ လူကောင်းတစ်ယောက်ပါ ဒါပေမယ့် တခြားသာမာန်လူတစ်ယောက်လိုပဲ သူ့မှာ ချို့ယွင်းချက်ကလေးတွေတော့ ရှိတာပေါ့ ။

၈. Compooter (noun) : a computer that malfunctions frequently.  မကြာခဏ ပျက်တတ် ၊ ကြောင်တတ်တဲ့ ကွန်ပြူတာကို နာမည်ပြောင်နဲ့ ခေါ်ထားတာ ၊ ဒီလိုသုံးတာရှိတယ်

Hey ! Dude, what's up with the compooter? I need to get on the web.
ဟေး ! ကောင်လေး ၊ ကွန်ပြူတာဘာဖြစ်နေလဲ ၊ ငါ လိုင်းပေါ်တက်ရမယ် ။ (need to ဆိုတဲ့ အသုံးက မရှိမဖြစ် ၊ မလုပ်မဖြစ် ဆိုတဲ့ သဘောကို ဆောင်ပါတယ် )

အားလုံးပဲ ကျွမ်းကျင်မှုတွေ ရကြပါစေ..


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform