စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 9 June 2016

ed နဲ့ ဆုံးတဲ့ adjective ၊ -ing နဲ့ ဆုံးတဲ့ adjective .. ခွဲခြားပြီး သိထားမှ ဖြစ်မယ်

-ed နဲ့ ဆုံးတဲ့ adjective ၊ -ing နဲ့ ဆုံးတဲ့ adjective .. ခွဲခြားပြီး သိထားမှ ဖြစ်မယ်

-ed ဆုံးတဲ့ adjective တွေနဲ့ -ing ဆုံးတဲ့ adjective တွေဟာ မကြာခဏ ဆိုသလို ရောထွေးပြီး မှားတတ်ကြပါတယ် ၊ ကျနော်ဆို မှားတတ်လွန်းလို့ “အမှားသံသရာ ကျနော့်မှာ” လို့ စာဖွဲ့ရမလိုပါပဲ ၊ ဒါနဲ့ပဲ ကျနော့်လို  မမှားကြရအောင် သတိထားစရာလေးတွေ  သိထားစရာလေးတွေ ကို ရေးဖြစ်လိုက် ပါတော့တယ် ။

(၁) Adjectives that end ‘-ed’ describe emotions – they tell us how people feel about something.

“-ed” နဲ့ဆုံးတဲ့ adjective တွေဟာ ခံစားမှုတွေကို ဖေါ်ပြပါတယ် ကိုယ်စားပြုပါတယ် ၊ တစ်စုံတစ်ခုနဲ့ ပတ်သက်ပြီး လူတွေ ဘယ်လိုခံစားရတယ် ဆိုတာကို ပြောပြပါတယ် ၊ “..စေသည်”  ဆိုတဲ့ အဓိပ္ပါယ်မျိုး ရတဲ့အခါတွေလည်း ရှိပါတယ် ၊
ကျနော်တို့ခံစားရတဲ့ ခံစားချက် feeling တွေဆို -ed ပေါင်းတဲ့ adjective နဲ့ သုံးပါ..

I was very bored in the maths lesson. I almost fell asleep.
သင်္ချာသင်ခန်းစာမှာ ကျနော်အလွန်ပဲ ပျင်းရိငြီးငွေ့ခဲ့ပါတယ် ၊ ကျနော် အိပ်ပျော်လုနီးပါး ပါပဲ ။

I'm very disappointed by your behaviour.
မင်းရဲ့အပြုအမူတွေကြောင့် ငါသိပ်ပြီး စိတ်ပျက်တယ်

I am frightened of spiders.
ကျနော် ပင့်ကူတွေကို ကြောက်တယ်

You look really tired.  Why don't you go to bed?
မင်းသိပ်ပင်ပန်းနေသလိုပါပဲ ၊ ဘာကြောင့် သွားမအိပ်သေးတာလဲ ။

( ဒီနေရာမှာ look ဟာ linking verb ဖြစ်လို့ သူ့အဓိပ္ပါယ်ကို အဓိက ယူစရာမလိုပါဘူး ၊ ယူရင်လည်း ပါးပါးလေးပဲ ယူပါ ၊ Subject နဲ့ Adjective ကို link လုပ်ပေးထားတဲ့သဘောမို့ပါ ၊ linking verb ဟုတ်မဟုတ် verb to be နဲ့ အစာထိုးကြည့်လိုက်ပါ ၊ အဓိပ္ပါယ်ပေါ်တယ်ဆိုရင် linking verb ပါပဲ )

(၂) Adjectives that end ‘-ing’ describe the characteristic of the thing that causes the emotion  .

“ing” ဆုံးတဲ့ adjective တွေဟာ ခံစားမှုကို ဖြစ်စေတဲ့ အရာဝတ္ထုရဲ့ သွင်ပြင်လက္ခဏာကို ပုံဖေါ်တယ် ၊ ( ..ဖွယ်ကောင်းသော ၊ ..ဖို့ကောင်းတဲ့ ) စတဲ့ စကားတွေနဲ့ အဆုံးသတ်ပြီး ဘာသာပြန်လေ့ရှိပါတယ် ..

Sit down - I've got some very exciting news for you.
ထိုင်ပါဦး ၊ မင့်အတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတချို့ ငါ့မှာ ရှိတယ် ။

He's got a very annoying habit of always interrupting people.
အမြဲတန်း သူများပြောတာကို ကြားဝင်ပြီး နှောက်ယှက်တတ်တဲ့ အလွန်စိတ်ပျက်ဖို့ကောင်းတဲ့ အကျင့်တစ်ခု သူ့မှာရှိတယ် ။

Have you seen that film? It’s absolutely terrifying.
ဒီရုပ်ရှင်ကို မင်းကြည့်ပြီးပြီလား ၊ အဲဒါက လုံးဝ ကြောက်ရွံ့ထိတ်လန့်ဖို့ကောင်းတယ် ။

I can’t eat this! It’s disgusting! What is it?
ကျနော်ဒါကို စားလို့မရဘူး ၊ လုံးဝမနှစ်မြို့စရာပဲ ၊ အဲဒါဘာကြီးလဲ ။

(၃) ~~ ကျနော်တို့ မကြာခဏ မှားတတ်တာက

-ing ပေါင်းတဲ့ adjective ကို continuous tense ပုံစံနဲ့ မှားပြီးသုံးတတ်တာပါပဲ..

ဆိုပါစို့.. ကျနော်ပျင်းနေတယ် လို့ ပြောချင်တဲ့အခါ I am boring. လို့ ဖြစ်သွားတတ်ပါတယ် ၊
Boring ဆိုတာက “ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော” ဆိုတော့ ၊ “ကျနော်က ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းပါတယ်” လို့ ဖြစ်သွားတော့မှာပေါ့

ကျနော်ပျင်းတယ်ဆိုရင် I am bored. လို့ပဲ သုံးရမှာပါ ..

“ပျင်းနေတယ်” ဆိုတဲ့သဘော continuous tense အဖြစ်သုံးချင်ရင်တော့ -ing ပေါင်းဖို့အတွက် Linking verb လေးတစ်ခုခုကို အကူခေါ်ရပါလိမ့်မယ်..

I am getting/feeling  bored. လို့ ဖြစ်သွားပါတယ် ၊

အဲသလိုပဲ

I am getting tired.
I am feeling excited. စသည်ဖြင့် သုံးနိုင်ပါတယ် ..

Adverb ထည့်ချင်ထည့်လိုက်ပါဦး ရပါတယ်  I am feeling so excited.  စသည်ဖြင့် သုံးပါ ။

I am tiring . မဟုတ်သလို  I am exciting. လည်း မဟုတ်ပါ ။

အများကြီးမို့ အကုန်ရေးဖို့ မလွယ်ပါဘူး ၊ နမူနာဝါကျလေးတွေ နဲ့ စာလုံးလေးတွေ အောက်မှာ ထပ်ပြီး ရေးလိုက်ပါတယ် ၊ ဖတ်စရာ မရှိတဲ့အချိန်ကျမှ ထပ်ဖတ်ပါ ၊ အခုဖတ်ရင် ပျင်းသွားလိမ့်မယ်..

¸¸.•*¨*•♫♪¸¸.•*¨*•♫♪¸¸.•*¨*•♫♪¸¸.•*¨*•♫♪¸¸.•*¨*•♫♪¸¸.•*¨*•♫♪

The findings of this report are confusing.
I was confused by the findings of the report.
It was not surprising she failed her tests. She never studied.
I'm not very interested in sport.
These instructions are extremely confusing. Can you help me?
I'm getting bored with this book. Nothing ever happens.
I'm shocked that he could do something so stupid and dangerous.
I am excited about the tennis tournament tomorrow.
I am disappointed with my grade in the grammar test.
I am depressed about my test grades. They are all quite bad.
This wet weather is so depressing.
I will be very surprised if she does well in her test.
My new job is extremely tiring.
I come home extremely tired at the end of each day.
He's such a boring person. He never wants to go out.
I'm confused. I have no idea what to do.
Did you hear the shocking news about the accident?

❀ ♫ ♬ ♪ ♩ ♪ ❤ 。◕‿◕。 ☀ ツ❀ ♫ ♬ ♪ ♩ ♪ ❤ 。◕‿◕。 ☀ ツ❀ ♫ ♬ ♪ ♩ ♪ ❤ 。◕‿◕。 ☀ ツ

Amused - amusing , Annoyed - annoying, Confused – confusing , Disappointed-disappointing, Excited – exciting, Exhausted – exhausting , Frightened – frightening , Satisfied – satisfying , Shocked – shocking , Alarmed – Alarming ,Aggravated – Aggravating ,Amused – Amusing , Annoyed – Annoying , Astonished – Astonishing ,  Bored – Boring , Captivated – Captivating ,Challenged – Challenging ,Charmed – Charming ,Comforted – Comforting ,Confused – Confusing , Convinced – Convincing ,Depressed – Depressing ,Disappointed – Disappointing , Discouraged – Discouraging , Disgusted – Disgusting ,Distressed – Distressing , Disturbed – Disturbing , Embarrassed – Embarrassing , Encouraged – Encouraging ,  Excited – Exciting ,Exhausted – Exhausting, Fascinated – Fascinating, Frightened – Frightening , Frustrated – Frustrating , Fulfilled – Fulfilling ,Gratified – Gratifying , Inspired – Inspiring , Insulted – Insulting, Interested – Interesting ,Overwhelmed – Overwhelming ,Perplexed – Perplexing ,Pleased – Pleasing, Relaxed – Relaxing , Relieved – Relieving , Shocked – Shocking, Sickened – Sickening ,Soothed – Soothing , Surprised – Surprising, Tempted – Tempting, Terrified – Terrifying, Threatened – Threatening, Thrilled – Thrilling, Tired – Tiring ,Touched – Touching , Worried – Worrying..

စသည်ဖြင့် အများကြီး ရှိသေးတယ်နော်..

အားလုံး အဆင်ပြေ လွယ်ကူကြပါစေ..



 

.


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform