စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 30 June 2014

အလုပ်လျှောက်သူများ သိစေချင်

 လူတွေကများ၊ အလုပ်တွေက ရှားလို့ ညည်းသံတွေ ကြားနေရပါတယ်။  ဒီကြားထဲကပဲ အလုပ်ရသူတွေရ၊ မရသူတွေမရနဲ့ အလုပ် လျှောက်လွှာတွေ၊ ခေါ်စာတွေ ပလူပျံနေတဲ့ ကြားမှာ အလုပ်ရှာသူတွေအတွက် သာမက မိဘတွေပါ ရင်မောကြရပါတယ်။ ဒီနေရာမှာ အလုပ်လျှောက်ရင် ရတဲ့သူက ရ၊ မရတဲ့သူတွေက မရတာ ဘာကြောင့်လဲလို့ ဆန်းစစ်ကြည့်ဖို့ လိုလာပါတယ်။ အလုပ် လျှောက်လွှာတွေကို ဖတ်လိုက်ရရင် ပညာအရည်အချင်း၊ ဆက်သွယ်ရန် လိပ်စာ၊ လုပ်ငန်း အတွေ့အကြုံ၊ ကျွမ်းကျင်မှု စိတ်ဝင်စားမှုတွေကိုပဲ ဖော်ပြထားတာတွေ တွေ့ရပါလိမ့်မယ်။ အဲဒီ အချက်တွေထက် လိုအပ်တာတွေ ရှိပါသေးတယ်။ အင်တာဗျူးတာတွေမှာ အတွေ့အကြုံ မရှိလို့ အရွေး မခံရတာတွေ၊ အဆင့်အတန်း ရှိရှိ အင်တာမဗျူးတတ်သူတွေနဲ့ အင်တာဗျူးတာကို ကြောက်တတ်သူတွေ တွေ့လို့ကတော့ ရွာလည်ပြီလို့ ဆိုရလိမ့်မယ်။ ဒါကလည်း မဆန်းပါဘူး။ ပညာရေး လောကမှာ ပညာရဲရင့် ပွဲလယ်တင့်အောင် ဆိုပြီး စာဆိုသာ ရှိတာ။ အစွမ်းအစ ထုတ်ပြရဲတဲ့၊ ထုတ်ပြနိုင်တဲ့၊ ဝေဖန်နိုင်စွမ်း ရှိသူတွေကို မွေးထုတ်ပေးနိုင်တဲ့ ကျောင်းတော်ထွက်တွေ မဟုတ်တော့ ရွံ့တွန့်တွန့် ကြောက်တောက်တောက်တွေပဲ တွေ့နေရပါတယ်။

ဘွဲ့ရပြီဆိုရင်  (ကျောင်းပြီးပြီလို့လည်း ပြောတတ်ကြတယ်) တကယ့် လောကခွင်ထဲ ဝင်ဆန့်ရဲအောင် အားထုတ်ကြရတော့မယ်။ ကျောင်းသင် ပညာရေးက ပြင်ပလောကနဲ့ အဆက်အစပ် ကင်းဝေးနေရင် ပိုဆိုးပါတယ်။ အလုပ်တွေကို ရှာပေဦးတော့... ထမင်းထုပ်ကြီးနဲ့ ဆိုသလိုပေါ့။ ကိုယ့်ဘွဲ့နဲ့ ဘယ်လိုမှ မကိုက်တာမျိုးတွေနဲ့ ကြုံရလိမ့်မယ်။ အလုပ်က ကားမောင်း၊ ခေါ်ထားတော့ ဘွဲ့ရ၊ အလုပ်က ဈေးရောင်း၊ ခေါ်ထားတော့ ဘွဲ့ရ ဆိုတာမျိုးတွေလည်း တွေ့ရပါလိမ့်မယ်။ ကျောင်းမှာ မညံ့ပါဘူးလို့ ပြောရလောက်အောင် ကျောင်းစာလောက် တော်တာကို လုပ်ငန်းခွင်တွေက အသိအမှတ်ပြုနိုင်တဲ့ ပညာရေးမျိုးလည်း ဖြစ်ဖို့ လိုတယ်။ ဆိုလိုချင်တာက လက်တွေ့ဘဝမှာ ပြန်ပြီး အသုံးဝင်နိုင်တဲ့ ပညာရေးမျိုးတွေနဲ့ အခြေခိုင် လာရမယ်။ ကဲ... အလုပ်ရှာတော့မယ် ဆိုရင် ဘယ်လို ပြင်ဆင်ထားသင့်သလဲ ဆိုတာ ကြည့်ကြရအောင်။



၁။ ကိုယ့်လျှောက်လွှာ သေချာစွာစစ်ပါ

ကိုယ်ရေးထားတဲ့ လျှောက်လွှာကို သေချာစွာ ပြန်စစ်ဖို့ လိုပါတယ်။ စာလုံးပေါင်း မမှားအောင် ဂရုစိုက်ရမယ်။ လျှောက်လွှာ တစ်စောင်မှာ ပဲခူးမြို့ကို ပဂိုးမြို့လို့ ရေးလာတယ်။ မန္တလေးကို မန်းတာလေးလို့ ရေးလာတာမျိုးတွေကတော့ လုံးဝ မဖြစ်သင့်ပါဘူး။ ခုဆိုရင် ပဲခူးတိုင်းလို့တောင် သုံးလို့ မရတော့ဘူး။ ပဲခူးတိုင်းဒေသကြီးလို့ ပြောင်းသုံးရမယ်။ ဘွဲ့ရတစ်ယောက်က စာလုံးပေါင်းကတည်းက မှားနေပြီ ဆိုရင် ကိုယ့်ရဲ့ အမှတ်တွေ လျော့သွားပြီလို့ သတ်မှတ်ရပါလိမ့်မယ်။ ပိုဆိုးတာ ရှိသေးတယ်။ ကျောက်တံတားမြို့ ဆိုတာပေါ့။ မြို့နယ်မှန်း မသိ၊ မြို့မှန်း မသိတဲ့ ကြောင်တောင်တောင် ကောင်ကို အလုပ် ဘယ်လို ခန့်ရမလဲတော့ မသိဘူး။

၂။ အင်တာဗျူးကို အချိန်မီ ရောက်အောင်လာ

ဒါကတော့ ပြောနေကျ စကားပါ။ သူ့ဘက်က ၁၂ နာရီ ခေါ်ပြီး ၂ နာရီအထိ ထိုင်စောင့်ခိုင်းတာက သူ့အပိုင်း။ ကိုယ်က သူ့အလုပ် လိုချင်ရင်တော့ စိတ်ရှည်စွာ ထိုင်စောင့်ပေါ့။ ၁၂ နာရီ ချိန်းတာကို ကိုယ့်ဘက်က နောက်ကျတာမျိုးတော့ လုံးဝ မဖြစ်ပါစေနဲ့။ သူတို့ဘက်က အကြောင်းပြချက် တစ်ခု ဖြစ်သွားနိုင်တယ်။ နောက်ပြီး စောလာခိုင်းရတယ် ဆိုတာ အဲဒီ လုပ်ငန်းခွင်အကြောင်း၊ လူတွေအကြောင်း၊ ကိုယ်နဲ့ အင်တာဗျူး အတူဖြေမယ့်သူတွေ အကြောင်း စုံစမ်းလို့ ရသလို ကြိုတင် ပြင်ဆင်နိုင်တာတွေလည်း ရှိနိုင်ပါတယ်။

၃။ လိုက်လျောညီထွေ ဝတ်ဆင်ခဲ့ပါ

လူတစ်ယောက်ကို အဆုံးအဖြတ်ပေးရာမှာ အဝတ်အစား အသွင်အပြင်က အရေးကြီးပါတယ်။ ဂျင်းဘောင်းဘီ၊ တီရှပ်နဲ့ အလုပ်အင်တာဗျူး ဘယ်တော့မှ မသွားပါနဲ့။ ယောက်ျားဖြစ်ပြီး နားဆွဲနဲ့ သူတွေလည်း ချွတ်သွားသင့်ပါတယ်။ တောင်းမှာအကွပ်၊ လူမှာအဝတ် ဆိုတဲ့ စကား ရှိပါတယ်။ လိုက်လျောညီထွေ ဖြစ်အောင် ရိုးရိုးရှင်းရှင်း ဝတ်စားသွားသင့်ပါတယ်။

၎။ ကိုယ့်အလုပ်ဌာနအကြောင်း သိအောင် လုပ်ခဲ့ပါ

ကိုယ် အလုပ်လာလျှောက်တဲ့ ကုမ္ပဏီအကြောင်း၊ အလုပ်အကြောင်း ကောင်းကောင်းသိအောင် ပြင်ဆင်ခဲ့ဖို့ လိုပါတယ်။ အင်တာနက်နဲ့ website တွေမှာ ကြိုတင် လေ့လာလို့ ရပါတယ်။ ကုမ္ပဏီနဲ့ အလုပ်ရှင်တွေက သူတို့ အလုပ်အကြောင်း၊ ဌာနအကြောင်း သိတယ်ဆိုရင် သဘောကျတတ်ပါတယ်။ ကွန်ပျူတာနဲ့ ပတ်သက်ပြီး ဂျာနယ်ထုတ်နေတဲ့ တိုက်မှာ အလုပ်လာလျှောက်သူက အဲဒီဂျာနယ် တစ်ခါမှ မဖတ်ဖူးဘူး ဆိုတာတော့ မဖြစ်သင့်ပါဘူး။  ဒီအလုပ်ကို ဘာကြောင့် လုပ်ချင်ရတာလဲလို့ မေးလာရင် သူတို့ ကုမ္ပဏီအကြောင်း၊ အလုပ်အကြောင်းနဲ့ ပတ်သက်လာတာကြောင့် ပြောနိုင်ဆိုနိုင်အောင် ဖတ်မှတ်လာဖို့တော့ လိုလိမ့်မယ်။

၅။ အလုပ်သင် ကာလ သတိထားကြ

ကုမ္ပဏီတွေက အစမ်းခန့်တို့ အလုပ်သင်တို့ ဆိုပြီး သတ်မှတ် ကာလအတွင်း မကြိုက်ရင်ဖြုတ်မယ် ဆိုတဲ့မူတွေနဲ့ အလုပ်ခန့်တတ်ကြတယ်။ လုပ်ငန်းခွင်ကနေ အကဲခတ်တဲ့ သဘောပေါ့။ အလုပ်သင်ကာလ အစွမ်းအစ ထုတ်ပြနိုင်ဖို့ လိုတယ်။ အလုပ်ခွင်ကို စောစီးစွာ လာခြင်း၊ ပြန်ရင်လည်း နောက်ကျမှ ပြန်တတ်ခြင်းတွေဟာ အမှတ်တွေလို့ သတ်မှတ်ထားရမယ်။ တာဝန်မကျေခြင်း၊ ခိုင်းတဲ့အတိုင်း တိကျစွာ အကောင်အထည် မဖော်ပေးနိုင်ခြင်း၊ ကက်ကက်လန် ပြန်အော်တတ်ခြင်း၊ ဘာခိုင်းခိုင်း မလုပ်မီကတည်းက မဖြစ်နိုင်သည့်ဘက်ကို စပြောတတ်ခြင်းတွေဟာ အစမ်းခန့်ကာလမှာ ကတည်းက စာမေးပွဲ ကျစေနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

၆။ ရာထူးကို မရွေးပါနှင့်

အချို့ကုမ္ပဏီတွေမှာ ဘယ်ရာထူးအတွက် ဆိုပြီး အလုပ်ခေါ်ပေမဲ့ တန်းပြီး ခန့်ချင်မှခန့်ပါတယ်။  အချို့ကလည်း ကိုယ့်  CV  ကိုကြည့်ပြီး သင့်လျော်တဲ့ နေရာကို ပို့ပေးထားတတ်ပါတယ်။ သူတို့ ချပေးထားတဲ့ နေရာမှာပဲ အကောင်းဆုံး လုပ်ပေးလိုက်ပါ။ ကုမ္ပဏီရဲ့ တာဝန် အရှိဆုံးသူ စီမံတာကို နာခံလိုက်ပါ။ နောက်ပိုင်း ကိုယ့်အရည်အချင်းအလိုက် ကိုယ်လိုချင်တဲ့ နေရာကို ရောက်အောင် လုပ်ယူနိုင်ပါတယ်။ ဇွဲရှိဖို့ လိုပါတယ်။

၇။ ကိုယ်စွမ်းဆောင်နိုင်တာတွေကို သိအောင် ပြောပါ

ကျောင်းမှာ၊ ယခင် အလုပ်မှာ၊ လုပ်အားပေးလုပ်စဉ်က ဘာတွေ စွမ်းဆောင်နိုင်ခဲ့တယ်၊ ဘာတွေ လုပ်ပြနိုင်ခဲ့တယ် ဆိုတာတွေကို လျှောက်လွှာမှာ ဖြစ်စေ၊ အင်တာဗျူးမှာ ဖြစ်စေ... အခွင့်အရေးရရင် ရသလို ပြောပြဖို့ မမေ့ပါနဲ့။  ကိုယ့်အကြောင်း သူတို့ ကောင်းကောင်း သိအောင် လုပ်ဖို့ လိုပါတယ်။

၈။ မေးစရာရှိသလားလို့ အမေးခံရရင်

အင်တာဗျူးပြီးခါနီးရင် မရှင်းတာ ရှိသလား၊ ဘာမေးစရာ ရှိသေးသလဲ ဆိုတဲ့ မေးခွန်းမျိုးနဲ့ ရင်ဆိုင်ရရင် အရေးကြီးပါတယ်။ ကြောက်ပြီးတော့ မမေးရဲရင် မဆိုင်ရဲနဲ့ ထပြေးရင် အမှတ် လျှော့တတ်ပါတယ်။ အလုပ်ရရင် ကိုယ်ကဘာတွေ လုပ်ပေးရမှာလဲ၊ ဘာတွေ တာဝန်ယူရမှာလဲ ဆိုတာမျိုးတွေကို ရဲဝံ့စွာ ပြန်မေးနိုင်အောင် ကြိုးစားပါ။ လစာ ဘယ်လောက် ရမှာလဲ။ တစ်ပတ် ဘယ်နှရက် နားရမှာလဲဆိုတာတွေ ပြန်မမေးမိအောင် သတိထားပါ။

၉။ စကားပြောတာ သတိထားပါ

စကားပြောတာဆိုတာ အရေးကြီးပါတယ်။ မပြောခင် စဉ်းစားပါ။ မစဉ်းစား မဆင်ခြင်ဘဲ လွှတ်ခနဲ ပြောတတ်တာမျိုးကို ရှောင်ပါ။ ယခင် အလုပ်အကြောင်း၊ အလုပ်ရှင်အကြောင်း မကောင်း မပြောမိအောင် သတိထားပါ။ အဲဒါ အလုပ်နဲ့ မဆိုင်ပါဘူး။ မေးတာကို ဖြေပါ။ မမေးတာတွေ လျှောက်မဖြေမိပါစေနဲ့။

၁၀။ ယဉ်ကျေးအောင် ကြိုးစားပါ

အထက်က အချက်နဲ့ မတူဘူး။ အပေါ်မှာ ပြောခဲ့တာက စဉ်းစား ချင့်ချိန်ပြီး ပြောတတ်ဖို့။ ယခု ပြောချင်တာက ယဉ်ကျေးဖို့။ အိမ်မှာလည်း ဒီအတိုင်းပဲ ပြောတတ်တယ် ဆိုပြီး လုပ်လို့ မရဘူး။ ခုဟာက လုပ်ငန်းခွင်ကို ဝင်တော့မှာ။ ဒီတော့ ယဉ်ကျေးမှုကို သိပြီး၊ ယဉ်ကျေးမှု ရှိတဲ့ လူတစ်ယောက်လို ပြောဆို ဆက်ဆံတတ်ရတော့မယ်။

ညိုမီမီထွန်း
By Smart News Originally posted 12/05/2012 12:03PM

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform