စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 29 June 2014

အရှင်လတ်လတ် မြေမျိုခံရသူများနှင့် နတ်ပြည်ရောက်သူများ

အရှင်လတ်လတ် မြေမျိုခံရသူများနှင့် နတ်ပြည်ရောက်သူများ
ဆရာတော်ဘုရား၊ ဘုရားလက်ထက်က မြေမျိုခံရသူနှင့် လူသားစင်စစ်က နတ်ပြည်ရောက်သော ပုဂ္ဂိုလ်များ၏ အကြောင်းရင်းများကို ဖြေကြားရှင်းလင်းပေးစေလိုပါသည် ဘုရား။
( မောင်တင့်လွင်-အောင်နန်းရပ်၊ မိုးကုတ်မြို့ )
( ဖြေ )
ဘုရားလက်ထက်က မြေမျိုခံရသူတို့မှာ-
၁။ ယောက္ခမတော် သုပ္ပဗုဒ္ဓမင်း
၂။ ယောက်ဖတော် ဒေ၀ဒတ်
၃။ စိဉ္စမာန၀ိကာ ပရိဗိုဇ်မ
၎။ ဥပ္ပလ၀ဏ်ထေရီမကို ကျူးလွန်သော နန္ဒလုလင် တို့ ဖြစ်ကြ၏။
သုပ္ပဗုဒ္ဓမင်း စသည်တို့ကား မြတ်စွာဘုရားအား အကျိုးမဲ့ ပြစ်မှား စွပ်စွဲကြ၍ ဖြစ်ပါသည်။
လူသားစင်စစ်က နတ်ပြည်ရောက်ကြသူ လေးဦးကား-
၁။ ဘုရားလောင်း ဂုတ္တိလ စောင်းသမား
၂။ ဘုရားလောင်း သာဓိနမင်း
၃။ ဘုရားလောင်း နေမိမင်းကြီး
၎။ ဘုရားလောင်း မန္ဓာတုစကြာမင်းတို့ ဖြစ်ကြပါသည်။
ရှေ့ ၃-ဦးမှာ တပည့်သားဖြစ်ဖူးသော နတ်အများက ကြည်ညို၍ သိကြားမင်းအား ပင့်ဆောင်ပေးရန် လျှောက်ထား၍ သိကြားမင်းက ပင့်ဆောင်ပေးခြင်း ဖြစ်သည်။
မန္ဓာတု စကြာမင်းကား စကြာရတနာဖြင့် စည်းစိမ်ခံစားရန် ကိုယ်တိုင်သွားခြင်းဖြစ်ကြောင်း
ဆိုင်ရာ ဇာတ်တော်များအရ သိရပါသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform