စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 30 June 2014

လက်ဦးမှုကို ယူကြရာတွင်

လက်ဦးမှုကို ယူကြရာတွင်
မျက်မှောက်ခေတ်တွင် လုပ်ငန်းရှင် အတော်များများသည် လက်ဦးမှုကို ရယူရန် လိုသည်ဟူသော ဆုံးဖြတ်ချက်မျိုးကို အလွန် စိတ်ဝင်စားကြ ပါသည်။  အကြောင်းကလည်း မျှော်လင့် မျှော်မှန်းချက် များသည် ထင်သလို ဖြစ်မလာသောကြောင့် ဖြစ်သည်။ Adam Smith ၏  Invisible hand's Theory အရ ပြောင်းပြန် ဖြစ်သွားသည်။ Invisible Hand Theory သည် ခေတ်ကောင်းသည့် အချိန်၊ ခေတ်ကောင်းသည့် အချိန် ဆိုသည်မှာ လူတိုင်း စားနိုင်သောက်နိုင်၊ ဝဝလင်လင် စားသောက်ရသည့် အချိန်ကို မဆိုလို၊ လူတွေ ကတိမတည်သော အဖြစ်မျိုးကို ဆိုလိုသည်။ အတော်များများ စီးပွားရေး လောကတွင် ရေတိုစား၊ တစ်မှတ်တိုင် လောက်သာ သွားသည့် လုပ်ဆောင်ချက်မျိုးကို လုပ်လာလေ့ ရှိသည်။ ဆက်စပ် စဉ်းစားနိုင်မှု အားလည်း နည်းလာတတ်သည်။ ဆက်စပ်စဉ်းစားရ ကောင်းမှန်းလည်း မသိ ဖြစ်လာသည်။

စီးပွားရေး သပ်သပ်၊ လူမှုရေးသပ်သပ် စဉ်းစားလာကြသည်။ စီးပွားရေး ကောင်းသည့်တိုင် လူမှုရေးအရ လူတောမတိုးသည့် အဖြစ်များ၊ လူမှုရေးအရ နားလည် သိတတ်သည့်တိုင် စီးပွားရေးအရ မပြေလည်၊ စားဝတ်နေရေး အခက်အခဲ ရှိသူများ စသည်ဖြင့် တွေ့လာကြသည်။ ထင်သလို ဖြစ်မလာကြ၊ ထင်သလို ဖြစ်မလာခြင်းသည် လူ့ကျင့်ဝတ် စရိုက်နှင့်ညီသော အခြေအနေတွင်သာ ဖြစ်လာတတ်သည်။ ယင်းကို Symmetric Expectation ဟုခေါ်သည်။ တုံ့ပြန်ချက် တူညီခြင်း၊ ရိုက်ထောင့် တူညီခြင်းကို ဖြစ်စေသည်။ အကောင်းဖက်မှနေပြီး တူသော အကျိုးပေးသည့် သဘောလည်း ပြောလို့ရသည်။ ကောင်းသော အလုပ်ကိုလုပ်လျှင် ကောင်းသော အကျိုးကို ခံစားရမည့် သဘောကို ပြောခြင်းဖြစ်သည်။

သို့သော်လည်း ကိုယ်ကောင်းအောင် လုပ်သည့်တိုင် ကောင်းသောအကျိုး ပြန်မလာသော အခါတွင်၊ ကောင်းသောအကျိုး ပြန်မလာခြင်း ဆိုသည်မှာ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်၊ အတော်များများသော လူများသည် ဘယ်လောက် စေတနာထားထား စေတနာနှင့် မတန်တော့ဘူး ဟူသော အတွေးမျိုး ဝင်လာသော အခါတွင် မိမိကောင်းအောင် လုပ်နေရသော အရာများသည် Symmetric Expectation ဖြစ်လာကြလျှင် ကံတရားကို ဉာဏ်များချင်သည့် မထင်မှတ်သော ရိုက်ချက်များဟု ပြောနိုင်သော၊ ရိုးစင်းသော အတွေးမှ ကစားသမား အတွေး ပြန်ရချက် Asymmetric Expectation သည် မိမိအတွေးတွင် ဝင်ရောက် လာပါတော့သည်။ ယင်းကိုပင်လျှင် ဂိမ်းသီအိုရီဟုပင် မြန်မာမှု ပြုထားသည်။ အလှည့်အပတ် တွေကြားမှာ ဘယ်လိုနိုင်အောင် ကစားမလဲဟူသော အတွေးမျိုးဖြစ်သည်။

ဂိမ်းသီအိုရီသည် လူမှုရေးတွင် ဖြစ်စေ၊ စီးပွားရေး လုပ်ငန်းများတွင် ဖြစ်စေ၊ လုပ်ငန်းခွင်များတွင် အုပ်ချုပ်ရေးတွင် ဖြစ်စေ လွန်စွာ အသုံးတည့် လာသည်ဟု ဆိုပါသည်။ တစ်ယောက်ခြေလှမ်းကို တစ်ယောက်က ကြည့်နေသည့် ဆန်းစစ်မှုမျိုးလည်း ဖြစ်သည်။ အချင်းချင်း တုံ့ပြန်မှုကို အကဲခတ်သော ပညာရပ်လည်း ဖြစ်သည်။ ဥပမာ - လုပ်ငန်းနှစ်ခု အနေဖြင့် ပြိုင်ဆိုင်ကြရာတွင် မည်သည့် လုပ်ငန်းသည် ရေရှည်တွင် ယှဉ်ပြိုင်မှု၏ အကျိုးကျေးဇူးကို ရရှိမည်ဆိုသည့် သဘောကို ဆန်းစစ်ခြင်း ဖြစ်သည်။ ဂိမ်းသီအိုရီများတွင် နယ်ပယ် သတ်မှတ်မှု ရှိသည်။ ယင်းကို Dominant Strategy ဟု ခေါ်သည်။ ထိုနယ်ပယ် အတွင်းမှနေပြီး မိမိလုပ်ငန်း အတွက် အသုံးတည့်မည့် အသင့်တော်ဆုံးသော မဟာဗျူဟာကို ချမှတ်ပေးသည်။

ဥပမာ - လုပ်ငန်းမှ ထုတ်လုပ်လိုက်သော ပစ္စည်း၏ ဈေးနှုန်းပေါ် မူတည်ပြီး မည်မျှအထိ ထုတ်လုပ်ရောင်းချ သင့်သည်ကို စဉ်းစားပေးခြင်း၊ လုပ်ငန်းများ အနေဖြင့်လည်း မည်သို့ ပူးပေါင်းဆောင်ရွက် ရမည်ကိုလည်း လမ်းညွှန် ပေးနိုင်ပါသည်။ ပြိုင်ဘက်အနေဖြင့် မည်သို့ တုံ့ပြန်နိုင်သည်။ ထိုတုံ့ပြန်မှုကို မည်သို့ပြန်လည် တုံ့ပြန်နိုင်သည့် သဘောကိုပါ စဉ်းစားနိုင်သော အဆင့်လည်း ရှိသည်။ အစီအစဉ်လည်း ချမှတ်နိုင်သည်။ အသင့်တော်ဆုံး နည်းဖြင့် မည်သို့တုံ့ပြန် နိုင်သည်ကိုပါ ဆန်းစစ်ပေးသည်။ ထို့အပြင် ဒုတိယ စဉ်းစားထားချက်များ Second Thoughts ကိုလည်း အမြဲစဉ်းစား ထားသည်။ အကြောင်းကတော့ ပြိုင်ဘက်များ အနေဖြင့် မမျှော်လင့်သော အချက်ဖြင့် ယှဉ်ပြိုင်လာမည် ဆိုလျှင် မည်သို့ တုံ့ပြန်ရမည့် အရန်နည်းပညာ များကိုလည်း ဂိမ်းသီအိုရီအရ ချမှတ်နိုင်ပါသည်။

ဂိမ်းသီအိုရီသည် တစ်ဦးချင်း ပြိုင်ဆိုင်မှုမှ ပြိုင်ဘက်ကင်း မိုနိုပိုလီအဆင့် ရောက်သည်အထိ စဉ်းစားသော နည်းနာများသာ ဖြစ်သည်။ ဂိမ်းသီအိုရီသည် နေရာတကာ အသုံးဝင်သော သီအိုရီတစ်ခု ဖြစ်သည်။ လုပ်ခဈေးနှုန်းများ ညှိနှိုင်းရာမှာ နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်အင်အား ချိန်ခွင်လျှာ ညှိသည့်အထိ အရေးပါ အသုံးတည့်သော သီအိုရီတစ်ခု ဖြစ်သည်။ ပိုင်စိုးနိုင်မှု မဟာဗျူဟာကို သုံးသပ်ခြင်းဖြစ်သည်။ ပိုင်စိုးနိုင်မှု မဟာဗျူဟာ ခိုင်ခံ့သည်နှင့်အမျှ ရရှိမှု အခွင့်အရေး သည်လည်း သာလွန်သည့် သဘောကို ဂိမ်းသီအိုရီက ဖော်ညွှန်းသည်။ မိမိပိုင်သော နယ်နိမိတ်အတွင်းတွင် ကစားတတ်ပါက ဂိမ်းသီအိုရီသည် အတော် အစွမ်းထက်သော သီအိုရီတစ်ခု ဖြစ်သည်။ ဂိမ်းသီအိုရီတွင် First Mover Advantage အခွင့်အရေးကို အလေးထားသည်။

မြန်မာစကား အရတော့ နောက်လူသာစမြဲ ဆိုသည့်တိုင် စောစောနိုးသော ငှက်သည် ပိုးကောင် ရတတ်သည့်သဘော early bird catches the worm ဆိုသည့်မူကို အလေးထားသည်။ လက်ဦးမှုကို ရယူခြင်းသည် ဂိမ်းသီအိုရီတွင် အခြေခံအဖြစ် ပါဝင်သည်။ အရင်ရောက် အရင်ယူ၊ နောက်လာမည့် လူကိုရှင်း၊ ပြိုင်ဘက် ကင်းအောင်ထား၊ ကိုယ် မတီထွင်နိုင်သည့် တိုင်အောင် တီထွင်မှု အသစ်တွေကို ဟန့်တားထားနိုင်လျှင်ပင် အားသာသော အချက်တစ်ချက် ဖြစ်သည်ဟူသော အတွေးများလည်း ထိုလက်ဦးမှု သီအိုရီတွင် တွေ့မြင်နိုင်သည်။ အခွင့်အလမ်း စရိတ်သဘောတရား အရတော့ ကြည့်မည်ဆိုလျှင်တော့ ထိုဂိမ်းသီအိုရီသည် အလွန် အန္တရာယ်ကြီးသော လက်ဦးမှု ရယူချက်ဖြစ်သည်။ အန္တရာယ်နှင့် ပတ်သက်ပြီး ပြောစရာအချက် ၂ ချက် ရှိပါသည်။ ပထမအချက်မှာ အခွင့်အလမ်း စရိတ် သဘောတရား ဖြစ်သည်။

တစ်ခုခုလိုချင်လျှင် တူညီသော တစ်ခုခုကို ပေးဆပ်ရစမြဲဖြစ်ရာ လက်ဦးမှုလောက်သာ စဉ်းစားပြီး ပေးဆပ်လိုက်ရ မှုများကို မမြင်ကြခြင်း ဖြစ်သည်။ ယင်းကို Zero Sum Game ဟုဆိုသည်။ နိဂုံးချုပ်လိုက်လျှင် သုညက သုညပါပဲဟူသော အမြဲမရှိသော အနိစ္စအတွေး ဖြစ်သည်။ သရဖူကို ရယူချင်လျှင် ထိုသရဖူအတွက် ပေးဆပ်ရမှုမျိုးလည်း ရှိမည်ဖြစ်သလို ထိုသရဖူ လက်ထဲရောက်လာမည် ဆိုပါကလည်း ထိုသရဖူ ကာကွယ်မှုအတွက် ပေးဆပ်ရမှုမျိုးလည်း ရှိနေမည်ဖြစ်ပါသည်။ လောကကြီး ရပ်တည်ချက်ပင်လျှင် Balance သဘောကို ဆောင်နေမည် ဆိုလျှင် သင်တို့ အကျွန်ုပ်တို့ရော Balance ရှိရန် မသင့်ပေဘူးလား ဟူသော မေးခွန်းမျိုးဖြစ်သည်။ အတ္တ၊ ပရ မျှတရန် လိုသည်ဟူသော လူကြီးတို့ စကားသည် အဓိပ္ပာယ်မရှိ မဟုတ်ပါ။ အဓိပ္ပာယ်မသိ ဖြစ်နေခြင်းသာ ဖြစ်သည်။

သူများဆီက များများသိမ်းပိုက် ချင်သည်နှင့်အမျှ ကိုယ့်မှာရှိသော အခြားသော တူညီသည့် အရာများသည် လျော့ကျသွားတတ်သော သဘောဖြစ်သည်။ အမြတ်လိုချင်မှု များလာသည်နှင့်အမျှ လုပ်ခနှင့် ဝင်ငွေပိုင်းလည်း နည်းသွားတတ်ကြသည်။ ကုန်ထုတ်စွမ်းအား Productivity ကို သိပ်ဦးစား ပေးလွန်းလျှင်လည်း အလုပ်လက်မဲ့ ပြဿနာ ဆိုသည်မှာလည်း ကြုံတွေ့ ရတတ်ပါသည်။ ထမင်းတစ်နပ် အလကား မရနိုင်ဟူသော (There is no such free lunch) စကားလည်းရှိသည်။ ဒုတိယအချက်မှာ သူလည်း ကိုယ်လိုပါပဲ ဟူသော အတွေးဖြစ်သည်။ လူတိုင်း ကြားဖူးနေကျ အရှေ့အလယ်ပိုင်း ပုံပြင်တစ်ပုဒ် ဖြစ်သည်။ ရေကန်တွင် နွားနို့ဖြည့်ခိုင်းသည့် ပုံပြင်ဖြစ်သည်။

လမိုက်ရက်၊ တစ်ဦးကိုတစ်ဦး မသိရသော အနေအထား လူတိုင်း နွားနို့ကို လက်ဖက်ရည် ပန်းကန် တစ်လုံးစာလောက် ဖြည့်ရမည့် အနေအထားတွင် ငါရေတစ်ပန်းကန် ရောလိုက်တော့ရော ဒီနွားနို့ကန်ကြီးက ဘာဖြစ်သွားမှာ မို့လည်းဟူသော အတွေးသည် လူတိုင်း တွေးတတ်ကြပါမည်။ မကောင်းသော အတွေးသည် မကောင်းသော တုံ့ပြန်မှု ရှိလာမည်ဆိုလျှင် Asymmetric Expectation တွင် တုံ့ပြန်မှုအမျိုးမျိုး လာနိုင်သည်။ မထင်မှတ်မှု အမျိုးမျိုး လာနိုင်သည်။ ထို့ကြောင့်လည်း အကွေ့အကောက်များပြီး အလှည့်အပြောင်းလည်း များလာသည်။ လူ့ဘဝကို ရိုးရိုးစင်းစင်း ရပ်တည်လိုပါလျက် မရပ်တည်နိုင်သော ဘဝများဖြစ်လာသည်။ ယင်းသည် ဘေးကျပ်နံကျပ် သဘောမျိုး ဖြစ်လာသည်။ ထိုဘေးကျပ်နံကျပ်မှနေပြီး သီအိုရီတစ်ခု ထွက်လာသည် Prisoners' Dilemma Theory ပင်ဖြစ်သည်။

Dilemma သဘောသည် ဆုပ်လည်းစူး၊ စားလည်း ရူးနိုင်သည့် ပြဿနာမျိုး ဖြစ်သည်။ အသားလိုလို့ ဥပါယ်တံမျဉ်ဖြင့် အရိုးတောင်းသည့် တိုင်အောင် အရိုးပဲရသည့် သဘော၊ ရေလာစေရန် မြောင်းပေး ထားသည့်တိုင် ရေမလာလျှင် မြောင်းသာ အဖတ်တင်သည့် သဘော၊ သေချာပေါက် ရမည့် အကြွေးပင်လျှင် တစ်ခါတစ်ရံ လက်လွတ်ပြီး မရတတ်ကြ။ မထင်မှတ်သော အခြေအနေတွင်လည်း ငွေဝင်လာတတ်သည်။ ထိုသို့ မထင်သော အခြေအနေတွေ များလာသောအခါတွင် လူများတို့သည် Asymmetric Expectation လည်း ဖြစ်လာတတ်သည်။ ကြံရာမရ ဘေးကျပ်နံကျပ် Prisoners' Dilemma လည်း ဖြစ်လာတတ်ကြသည်။ ယင်းသည်လည်း ဖြစ်လေ့ဖြစ်ထ သဘာဝမို့ အပြစ်တင်စရာ မလိုသော်လည်း သတိနှင့်တော့ ယှဉ်သင့်သည်။

ဒေါက်တာ မောင်မောင်စိုး (ဘောဂဗေဒ) 
By HR Journal Originally posted 28/02/2011 11:46AM

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform