စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 30 June 2014

တန်ဖိုးရှိတဲ့ အချိန်ကို ဘယ်လိုစီမံခန့်ခွဲမလဲ

 နှစ်ဆယ့်လေးနာရီ အတောအတွင်း သင်ဘာတွေ ပြီးစီးအောင် လုပ်ဆောင်နိုင်မလဲဆိုတာ သင့်ရဲ့စိတ်လှုံ့ဆော်မှု၊ သင့်ရဲ့စွမ်းအား၊ သင့်ရဲ့ ကျွမ်းကျင်မှု၊  သင့်ရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ အခြားအရင်းအမြစ် တွေပေါ်မှာ မူတည်ပါတယ်။ အချိန်ရဲ့ တောင်းဆိုမှုတွေ ရှိနေတာကြောင့် သင့်အချိန်ကို သင်ဘယ်လို ဆောင်ရွက်မလဲဆိုတာ စဉ်းစားဖို့နဲ့ ပိုမိုထိရောက်တဲ့ အချိန်စီမံခန့်ခွဲမှု နည်းဗျူဟာတွေကို ဆင်ခြင် သုံးသပ်နိုင်ဖို့ အချိန်စီမံ ခန့်ခွဲမှု  (Time management )က အကူအညီ ပေးပါလိမ့်မယ်။ အချိန်ကို စီမံခန့်ခွဲတာဟာ သင်အလုပ် လုပ်တဲ့အခါ ပိုပြီး ခက်ခဲပင်ပန်း ကြာရှည်အောင် သင့်ကို လုပ်ဆောင်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ဒါပေမဲ့လည်းသင့်ရဲ့ အလုပ်များ ပိုမိုပြီး လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ပြီးစီးအောင် ဆောင်ရွက်ဖို့၊ သင်အလုပ်လုပ်တဲ့အခါ ပိုပြီး စမတ်ကျကျ ဆောင်ရွက်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

အချိန်စီမံခန့်ခွဲမှုရဲ့ အကျိုးကျေးဇူးများ (Benefits of Time Management)

တကယ်လို့ သင့်အချိန်တွေကို ပိုမိထိရောက်စွာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် နည်းလမ်းမျိုးစုံနဲ့ ချီးကျူးခံရမှာ ဖြစ်ပါတယ်။ သင့်ဌာနမှာ သင်ဟာ လုပ်ငန်းဆောင်ရွက်တဲ့အခါ ပိုမိုကျွမ်းကျင်လာပြီး သင့်ကုမ္ပဏီ/အဖွဲ့အစည်းကို ဒီထက်ပိကောင်းအောင် ပံ့ပိုးပေးနိုင်စွမ်း ရှိလာမှာပါ။ သင်ဟာ ဦးဆောင်သူ (Leader) တစ်ဦးအနေနဲ့ အလွန်အရေးကြီးပြီး ပိုမိသိသာ ထင်ရှားတဲ့ အခန်းကဏ္ဍမှာကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိလာပါလိမ့်မယ်။ ပိုမိုပြီး ကျန်းမာသွက်လက် ဖျတ်လတ်လာကာ ပိုမိုကောင်းမွန်တဲ့ ဈာန်ဝင်စားမှုတွေနဲ့ လုပ်ဆောင်လာနိုင်မှာကို မိမိကိုယ်တိုင်ကိုယ်ကျ သိရှိခံစားလာမှာ ဖြစ်ပါတယ်။

ထိရောက်မှုရှိသော အချိန်စီမံခန့်ခွဲမှုအတွက် အတားအဆီးများ(Obstacles to Effective Time Management)

ကျွန်တော်တို့ရဲ့ အချိန်တွေကို ထိထိရောက်ရောက် စီမံခန့်ခွဲဖို့အတွက် ကျွန်တော်တို့မှာ အခက်အခဲများစွာ ရပါတယ်။ အဲဒီအထဲကနေ ဖြစ်နေကျ အချက်တွေကို စဉ်းစားကြည့်ကြပါစို့။

မသဲကွဲမရေရာသော ဦးတည်ချက်မျာချမှတ်ခြင်း

မျက်စိကိုမှိတ်ပြီး ပစ်မှတ်ကို ထအောင်ပစ်ဖို့ ခဲယဉ်းသလို သင်ဘာကို ပြီးစအောင် လုပ်ဆောင်ချင်တာလဲဆိုတာ တိတကျကျ ကွဲကွဲပြားပြား ရေရေရာရာ မသိတဲ့အခါ အလုပ်တစ်ခုခုကို ပြီးစီးအောင် ဆောင်ရွက်ဖို့ ခက်ခဲပါမယ်။

စီစဉ်မှုညံ့ဖျင်းခြင်း

သင့်ရဲ့စားပွဲဟာ အရမ်းရှုပ်ပွနေတဲ့အခါ စီစဉ်မှုညံ့ဖျင်းလို့ ပရမ်းပတာ ဖြစ်နေတာကို အလွယ်တကူ တွေ့မြင်နိုင်ပါတယ်။ ဒါပေမဲ့လည်း သင့်လုပ်ငန်းများ ပြီးစီးအောင် စနစ်တကျ ဆောင်ရွက်တော့မယ်ဆိုရင် တစ်ခါတလေ ဓမ္မဓိဋ္ဌာန်ကျကျ ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင် မေးမြန်းရပါမယ်။

ငြင်းဆန်နိုင်စွမ်းမရှိခြင်း

အခြားသူများ အကူအညီ လိုတဲ့အခါ ကျွန်တော်တို့အားလုံးဟာ အကူအညီကို တတ်နိုင်သလောက် ပေးလိုကြပါတယ်။ ဒါပေမဲ့လည်း ကြိုတင် စီစဉ်ထားတဲ့ အထဲမှာ မပါတာကို ဆောင်ရွက်ဖို့ တခြားဦးစားပေး ဆောင်ရွက်စရာတွေရဲ့ အချိန်ထဲက ဖဲ့ပေးလိုက်ရသလို ဖြစ်သွား နိုင်ပါတယ်။

အနှောင့်အယှက်များ

အမှန်တကယ် အရေးကြီးတဲ့အကြောင်း ကိစ္စများပြီးစီးအောင် ဆောင်ရွက်နေချိန်မှာ တယ်လီဖုန်း မြည်လာတာတွေကို ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲဒီဖုန်းခေါ်ဆိုမှုတွေဟာ သင်လက်ရှိ ဆောင်ရွက်နေတဲ့ အလုပ်တွေကနေ သင့်ကို ဆွဲခေါ်သွားရုံမက တစ်ခါတလေမှာ သင့်အလုပ်နဲ့ ပတ်သက်တဲ့ စိတ်ကူးအတွေးမျှင်တွေကိုလည်း အနှောင့်အယှက်ဖြစ်စေပြီး သင်ဘာတွေ လုပ်ဆောင်နေသလဲ ဆိုတာကိုတောင် ခြေရာပြန်ကောက်ဖို့ မလွယ်ကူပါဘူး။


ပိုမိုများပြားသော အနှောင့်အယှက်များ

ကျွန်တော်တို့အားလုံးဟာ အခြားသူတွေဆီ အလည်အပတ် သွားရတာကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့လည်း မသင့်တော်တဲ့အချိန်မှာ စကားစမြည် ပြောဆိုနေတာဟာ အချိန်ကို ဖြုန်းတီးရာရောက်ပြီး စကားပြောဆိုနေတာကို ချက်ချင်းရပ်တန့်ကာ ဆောင်ရွက်စရာ ရှိတာတွေကို ကျွန်တော်တို့ ဆောင်ရွက်ရပါမယ်။

အလုပ်မလုပ်သော ကာလအပိုင်းအခြား

ကျွန်တော်တို့ဟာ အလုပ်များနေတယ်လို့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ တတ်နိုင်သလောက် ထင်တတ်ကြပါတယ်။ အမှန်တကယ် ကျွန်တော်တို့ ဘာမှမလုပ်တဲ့ အချိန်တွေလည်း ရှိပါတယ်။ အဲဒီအချိန်တွေကို အသိအမှတ်ပြုပြီး အသုံးချမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဝီရိယစိုက်ထုတ်မှုမှာ ကောင်းကျိုး သက်ရောက်မှုတွေ ရရှိနိုင်ပါတယ်။

တစ်ချိန်တည်း အလုပ်များစွာ ဆောင်ရွက်ခြင်း

ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အလုပ်တွေရဲ့ အများစုဟာ ပုံမှန်ဆောင်ရွက်ရတဲ့ အလုပ်တွေ မဟုတ်ပါ။ အသေးစိတ် အာရုံစူးစိုက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာ အမျိုးအစားကွဲပြားများပြားတဲ့ အလုပ်တွေကို လုပ်ဖို့ကျွန်တော်တို့ ကြိုးစားတဲ့အခါ အလုပ်တစ်ခုချင်းစီရဲ့ ရလဒ်ကို ထိခိုက်နိုင်ပါတယ်။

စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းလျမှု

လူတိုင်းဟာ စိတ်ဖိစီးမှုကို မကြာခဏ တွေ့ကြုံရပါတယ်။ တစ်ခါတလေမှာ စိတ်ဖိစီးမှု အတိုင်းအတာတစ်ခုအပေါ် နည်းနည်းလေး ပိုကောင်းအောင် အမှန်တကယ် လုပ်ဆောင်နိုင်ပါတယ်။ တခြာတစ်ဖက်က ကြည့်မယ်ဆိုရင် စိတ်ဖိစီးမှုတွေ အရမ်းများလာရင် အလုပ်ကို ထိခိုက်စေပြီး စိတ်ထောင်းကိုယ်ကျေ ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုကို ကိုင်တွယ် ဖြေရှင်းတာဟာ အချိန်စီမံခန့်ခွဲမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

တစ်ချိန်လုံး အလုပ်လုပ်ပြီး အနားမယူခြင်း

အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေဟာအလုပ်နဲ့ အနားယူချိန်ကို ဘယ်လို ချိန်ညှိရမလဲဆိုတာ သိကြပါတယ်။ အလုပ်က သင့်ဘဝကို အနိုင်ယူသွားတဲ့ အခါ သင့်အနေနဲ့ သင့်ခန္ဓာကိုယ်ကို ပြန်လည် တက်ကြွအောင် လှုံ့ဆော်ဖို့ အချိန်နည်းနည်းလေးတောင် မပေးနိုင်ရုံသာမက ဘဝမှာ အမှန်တကယ် အရေးပါတဲ့ မိသားစုနဲ့ အပေါင်းအသင်းတွေလို အရာတွေကိုတောင် စွန့်လွှတ်ဆုံးရှုံးရတတ်ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အတားအဆီးတွေဟာ ကျော်လွှားလို့ မရနိုင်ပါဘူး။ တစ်ခါတလေ ဆောင်ရွက်ဖို့ အခက်အခဲဆုံး အရာကတော့ ဒီအတားအဆီးတွေ တည်ရှိပြီး အဲဒီအတားအဆီးတွေက သင့်ရဲ့ အချိန်စီမံခန့်ခွဲနိုင်စွမ်းကို အကျိုးသက်ရောက်စေကြောင်း ဖော်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ အတားအဆီးတွေကို သင်ဖော်ထုတ်ပြီးတဲ့အခါ အဲဒါတွေကို ကျော်လွှားဖို့ စတင်ဆောင်ရွက် နိုင်ပြီဖြစ်ပါတယ်။ အတားအဆီးတွေကို ကျော်လွှားဖို့နည်းဗျူဟာ အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ရည်ရွယ်ချက်များ

ချမှတ်ပါသင့်အချိန်ကို စီမံခန့်ခွဲရာမှာ ပထမဦးဆုံး သင်အသုံးပြုနိုင်တဲ့ အရေးကြီးဆုံး နည်းဗျူဟာကတော့ သင့်အတွက် ကြည်လင် ပြတ်သားတဲ့ ရည်ရွယ်ချက်များကို ချမှတ်ဖို့ဖြစ်ပါတယ်။ ဦးဆောင်သူ တစ်ယောက်အနေနဲ့ သင်ရုံးချိန်မှာ အလုပ်တာဝန်များစွာကို ပြီးစီး စေချင်ပါမယ်။ သင့်အတွက် ဆောင်ရွက်ပေးနိုင်တဲ့ အကောင်းဆုံး လုပ်ဆောင်မှုကတော့ အဲဒီရည်ရွယ်ချက်က ဘာတွေလဲဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပြီး အောင်မြင်မှုတွေဆီကို သင့်ကြိုးပမ်းမှုတွေက အမြဲတမ်း ဦးတည်စေမှာ ဖြစ်ပါတယ်။

အုန်းဝမ်(ရန်ကုန်တက္ကသိုလ်)
By Opportunity Journal Originally posted 04/10/2011 12:52PM

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform