စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 29 June 2014

လက်ဆစ်တွေချိုးတဲ့ အခါဘာကြောင့်အသံမြည်တတ်တာလည်း.....ဆွေးနွေးကြစို့ ....ဗျာ

လက်ဆစ်တွေချိုးတဲ့ အခါဘာကြောင့်အသံမြည်တတ်တာလည်း.....ဆွေးနွေးကြစို့ ....ဗျာ
ဆွေးနွေးချက်အဖြေ။ ။ ခြေဆစ်လက်ဆစ်တွေ ချိုးတဲ့အခါ ဘာ့ကြောင့် အသံမြည်ရတာလဲ
ဘယ်လို အရိုးအဆစ်တွေကိုဖြစ်ဖြစ် ဖိနှိပ် ဆွဲဆန့်လိုက်တာနဲ့ အသံတွေ ထွက်လာတတ်ပါတယ်။
လူ့အရိုးရဲ့အခေါင်းထဲမှာအကျိအရည်တွေ ရှိနေတယ်။ အဲဒီ အရည်တွေရဲ့ ဖိအား အပြောင်းအလဲ
ရှိတဲ့အခါတိုင်း အငွေ့၊ ဒါမှမဟုတ် ဂက်စ် ပူဖေါင်းလေးတွေရဲ့အခြေနေတွေ ပြောင်းလဲသွားပြီး
အသံထွက်လာတာပါ။ အဆစ်တွေပေါ်မှာရှိတဲ့ မျက်နှာပြင် အခြေအနေကိုလိုက်ပြီး အသံတစ်ခု
နှင့်တစ်ခုမတူပါ။ အဆစ်တွေမှာ ရှိနေတဲ့ လေဟာနယ် ပမာဏနဲ့ စေးကပ်မှု သဘာဝကလည်း
မတူညီကြပါ။
ဒီလို အသံမျိုးတွေကို အနှိပ်အနင်းခံတဲ့ အခါမှာလည်း ကြားနိုင်ပါတယ်။ အဲဒီလို အသံထွက်လာ
တာဟာ ထိရောက်မှုရှိတယ်လို့ ပြောနိုင်မည် မဟုတ်ပါ။ အနှိပ်အနင်းခံလို့ ထိရောက်မှုရှိတယ်
ဆိုတာဟာ အနှိပ်အနင်းခံပြီး အရိုးအဆစ်တွေ သက်တောင့်သက်သာနဲ့ လှုပ်ရှားနိုင်တယ်၊
မလှုပ်ရှားနိုင်ပါ ဆိုတာနဲ့ အဖြေပေးရပါလိမ့်မယ်။
အဆစ်ပေါ်က အမြှေးတွေ အပါအ၀င် ခန္ဓာကိုယ်မှာရှိတဲ့ တစ်ရှူးအပျော့စားအားလုံးမှ
နိုက်ထရိုဂျင်တွေ အောင်းနေပါတယ်။အရိုးအဆစ်တွေကြား လေဟာနယ်ဖြစ်နေတဲ့ အနေအထား
ကနေ ခြေလက် ချိုးလိုက်တဲ့အခါ အနေအထား ပြောင်းသွားပြီးနိုက်ထရိုဂျင်တွေ ထွက်လာတဲ့အခါ
အသံတွေ ထွက်လာတာပါပဲ။ ဓါတ်မှန် ရိုက်ကူးထားချက် စစ်ဆေးတဲ့အခါတိုင်း ပခုံးရိုး အရိုးနုတွေ
ကြားကဂက်စ် သဘာဝ အချို့ကို မြင်တွေ့နိုင်ပါတယ်။ လက်မောင်းအား တစ်ခုခုကို အသုံးချမိ
လိုက်တာနဲ့ ဓါတ်မှန်ရိုက်တဲ့အခါ ပါသွားတာမျိုးပါ။အဲဒီ ဂက်စ်တွေဟာ နိုက်ထရိုဂျင်တွေပါပဲ။
တင်ပါးဆုံရိုးတွေမှာလည်း ဒီသဘာမျိုး ရှိပါတယ်။ ဂက်စ ပူဖေါင်း ဒါမှမဟုတ် နိုက်ထရိုဂျင်
ရုတ်တရက် ထွက်လာတာနဲ့အသံထွက်လာမှာပါပဲ။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform