စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 8 June 2014

ကျန်းမာရေးအတွက် အစာအဟာရ

 လူတို့ဟာ အသက်ရှင် နေထိုင်ဖို့ နေ့စဉ် အစားအစာကို စားသုံး နေကြရတယ်။

လူတို့ စားသုံးတဲ့ အာဟာရ ဓာတ်ကို အုပ်စု သုံးစုအဖြစ် ခွဲခြားနိုင်ပါတယ်။

(က) အင်အား ဖြစ်ထွန်းစေတဲ့ အစာများအုပ်စု

( ခ ) ခန္ဓာကိုယ် ကြီးထွားစေတဲ့ အစာများအုပ်စု

( ဂ ) ရောဂါဘယများမှ ကာကွယ်စေတဲ့ အစာများအုပ်စုတို့ ဖြစ်တယ်။

အင်အား ဖြစ်ထွန်းစေတဲ့ အစာများအုပ်စု

ဒီအုပ်စုမှာ ကစီဓာတ် ပေါများတဲ့ အစာနဲ့ အဆီဓာတ် ပေါများတဲ့ အစာတချို့ ပါဝင်တယ်။ ကစီဓာတ်နဲ့ အဆီဓာတ်တွေကို ခန္ဓာကိုယ်က လောင်စာအဖြစ် အသုံးပြုကာ အင်အား ဖြစ်စေတယ်။ အဆီဓာတ်ဟာ ကစီဓာတ်ထက် စွမ်းအင် ပိုမိုကြီးမားတယ်။ စွမ်းအင်ကို ကယ်လိုရီနဲ့ တိုင်းတယ်။ (၁) ကယ်လိုရီဟာ ရေ ၁ဝဝဝ စီစီကို ၁၄ ဒီဂရီ စင်တီဂရိတ်မှ ၁၅ ဒီဂရီ စင်တီဂရိတ် အထိ တိုးမြှင့်ရန် အတွက် လိုအပ်တဲ့ အပူပမာဏ ဖြစ်တယ်။ ကစီဓာတ် ၁ ဂရမ် လောင်ကျွမ်းရင် ၄ ကယ်လိုရီ အင်အားရပြီး အဆီဓာတ် ၁ ကယ်လိုရီ လောင်ကျွမ်းရင် ၉ ကယ်လိုရီအား ရရှိတယ်။ အဆီဓာတ်ဟာ ကစီဓာတ်နဲ့ နှိုင်းယှဉ်ရင် ဝန်ကျဉ်းပြီး အရာ ပိုရောက်တယ်။

အင်အားဓာတ် လိုအပ်ချက်ဟာ လူတစ်ဦးရဲ့ အသက်၊ ကျား၊ မ၊ လှုပ်ရှားမှု၊ ကျန်းမာရေး အခြေအနေနဲ့ ရာသီဥတု အလိုက် ကွဲပြားတယ်။ လှုပ်ရှား၊ ပြေးလွှား ဆော့ကစားတတ်တဲ့ ကျောင်းသားများမှာ ကယ်လိုရီ ပိုပြီး လိုတယ်။ တစ်နေ့ ထမင်းနဲ့ဟင်း သုံးနပ်စားရင် လုံလောက်ပါတယ်။

ခန္ဓာကိုယ် ကြီးထွားစေတဲ့ အစာများ အုပ်စု

ခန္ဓာကိုယ်ကို ကလာပ်စည်းများနဲ့ တည်ဆောက်ထားရာ ထိုကလာပ်စည်းများမှာ အသားဓာတ် အများဆုံး ပါတယ်။ လူငယ် လူရွယ်များသည် ကြီးထွားဆဲ အရွယ်ဖြစ်တဲ့ အတွက် အခါအားလျော်စွာ အသစ်အသစ် တည်ဆောက်နေတဲ့ အသားများအတွက် အသားဓာတ် ပိုပြီး လိုအပ်တယ်။ သာမန် လူကြီးများ အတွက် နေ့စဉ် ပျက်စီးနေတဲ့ ကလာပ်စည်းများ အတွက်သာ လိုအပ်လို့ အသားဓာတ် လိုအပ်ချက် နည်းတယ်။

နေ့စဉ် စားသုံးတဲ့ အစားအစာများမှာ အင်အားအတွက် ကစီဓာတ်နဲ့ အဆီဓာတ်များ လုံလောက်စွာ မပါရင်တော့ အသားဓာတ်ကို လောင်စာအဖြစ် စားသင့်တယ်။။ အဲဒီအခါ ခန္ဓာကိုယ် တဖြည်းဖြည်း ပိန်ချုံး လာတတ်တယ်။ အသားဓာတ် ၁ ဂရမ်ဟာ ကစီဓာတ်လိုပဲ ၄ ကယ်လိုရီ အင်အား ဖြစ်ထွန်းစေတယ်။

ရောဂါဘယ ကာကွယ်စေတဲ့ အစာများအုပ်စု

ဟင်းသီးဟင်းရွက် အသီးအနှံများ အုပ်စုဟာ ရောဂါဘယ ကာကွယ် ပေးနိုင်တယ်။ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ သက်စောင့်ဓာတ်နဲ့ သတ္တုဓာတ်များကို ဟင်းသီးဟင်းရွက်မှ ရနိုင်တယ်။

(က) စိမ်းလန်းတဲ့ ဟင်းသီး ဟင်းရွက်များ အုပ်စု-ကန်စွန်းရွက်၊ ဒန့်သလွန်ရွက်၊ ဟင်းနုနယ်ရွက်၊ မြင်းခွာရွက် စသည်တို့ ပါဝင်တဲ့ အုပ်စု ဖြစ်တယ်။

(ခ ) တခြား ဟင်းသီးဟင်းရွက်များ အုပ်စု-ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ ခရမ်းသီး စသည်တို့ ပါဝင်တယ်။

( ဂ ) သစ်သီးများ အုပ်စု-ငှက်ပျောသီး၊ ပိန္နဲသီး၊ မာလကာသီး၊ သရက်သီး၊ သင်္ဘောသီး စသည်တို့ ပါဝင်လို့ ဝမ်းပျော့ သွားစေခြင်း၊ ဝမ်းမှန်စေခြင်းဖြင့် အူမှာ ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ် ပေးတယ်။

ဖော်ပြပြီး အာဟာရဓာတ် သုံးအုပ်စုဟာ နေ့စဉ် စားသောက်တဲ့ အစားအစာမှာ အချိုးကျ မျှတစွာ ပါဝင် သင့်တယ်။ အသားဓာတ်ရဲ့ လိုအပ်ချက်က အရေးကြီးလို့ နေ့စဉ် လှုပ်ရှားမှုအတွက် အသားဓာတ်ကို အင်အား အဖြစ် အသုံးချသင့်တယ်။ သက်စောင့် (ဗီတာမင်) ဓာတ်များ လုံလောက်မှု မရှိရင်၊ လိုအပ်တဲ့ အာဟာရ မပြည့်စုံရင် ဗီတာမင် ချို့တဲ့ခြင်း၊ အာဟာရ ချို့တဲ့ခြင်း ဖြစ်စေပါတယ်။ အာဟာရဓာတ်များ ပြည့်စုံစွာ စားသင့်တယ်။ ။

ဒေါက်တာလွင်သန့် (ဆေး-၂)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform