စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 29 June 2014

ညဘက်ကောင်းကင်ကြီးဘာကြောင့်ပြာရတာပါလဲစဉ်းစားရအောင်ဗျာ....

ညဘက်ကောင်းကင်ကြီးဘာကြောင့်ပြာရတာပါလဲစဉ်းစားရအောင်ဗျာ....
ဆွေးနွေးချက်အဖြေ။ ။ ညအခါ မိုးကောင်းကင်ကြီးကို မော့ကြည့်ဖူးပါသလား။ မှောင်မဲနေတဲ့ ကောင်းကင်ကြီးပါပဲ။ ဒါပေမယ့်
တလက်လက်တောက်ပနေတဲ့ ကြယ်များနဲ့ လမင်းရဲ့အလင်းရောင်က မှောင်နေတဲ့ ကောင်းကင်ပြင်ကြီးကို
ဆန့်ကျင်လို့ အလင်းတွေ ပေး နေတတ်ပါတယ်။ နေ့ဘက်မှာတော့ ကောင်းကင်ကြီးတစ်ခုလုံး လင်းလက်
နေပြီပေါ့။ နေမင်းရဲ့ ရောင်ခြည်စွမ်းပကားနဲ့ အမှောင်ဆိုတာ ဘာလဲလို့ မေးရလောက်အောင်လင်းနေပါပြီ။
တစ်ခုတော့ ရှိပါတယ်။ ကောင်းကင်ကြီးက ပြာနေပါတယ်။ ကြယ်တွေကိုတော့မတွေ့ရတော့ပါ။
ကောင်းကင်ကြီး ဘာ့ကြောင့် အပြာရောင် သန်းနေရတာပါလဲ။ နေမင်းရဲ့ အလင်းရောင်က ဘယ်လို
အလင်းရောင်မျိုးနဲ့မှ မနှိုင်းယှဉ်နိုင်လောက် အောင် တောက်ပလွန်းပါတယ်။ လေထုအတွင်းက
နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင် အက်တမ်တွေဟာ ဖြတ်သန်းလာတဲ့ နေရောင်ခြည်မှာ လှုပ်ရှားမှုတစ်ခုခု
ဖြစ်ကြတယ်လို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။ ဒါကို Rayleigh scattering လို့ ခေါ်ကြ ပါတယ်။
၎င်းသည် လှိုင်းအလျား အမျိုးမျိုးရှိကြသည့် အီလက်ထရိုမဂ္ဂနက်တစ် ရောင်ခြည်များကို ဖြန့်ကြဲခြင်းလို့
ဆိုနိုင်ပါ တယ်။ ၎င်းတို့ကနေ အနီရောင်၊ အပြာရောင် စသည့် အရောင်များကို ကိုယ်စားပြုထားကြတဲ့
အလွန်သေးငယ်တဲ့ အမှုန်အစက်ကလေးများအဖြစ် ရှိနေကြခြင်း ဖြစ်တယ်။
နေရောင်ခြည်က အရောင်စုံရှိတဲ့ အလင်းရောင်ကို ဖြစ်စေတယ်ဆိုပေမယ့် လေထုအတွင်း
နေ့ခင်းဘက်များမှာ အပြာရောင်သာလျှင် အခြားအရောင်များထက် ဖြန့်ကြက်ထားမှုရှိပါတယ်။ အနီ၊
အ၀ါ၊ အစိမ်း စသည့်အလင်းရောင်များသည် မရှိသလောက် နည်းပါးပါတယ်။ တစ်နည်းအားဖြင့်
အပြာရောင် အက်တမ်များက လေထုအတွင်း ပြည့်နေပါတယ်။ ဒါ့ကြောင့် သာ နေ့ခင်းဘက်မှာ
ကောင်းကင်ကြီးတစ်ခုလုံးသည် အလင်းရောင်လည်း ရှိနေသလို အပြာရောင် နောက်ခံကိုလည်း မြင်နေ
ရခြင်း ဖြစ်ပါတယ်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform